ငါးအပ်ပုံ

ဝီကီပီးဒီးယား မှ
Indian mackerel
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Scombriformes
မျိုးစဉ်သေး: Scombroidei
မျိုးရင်း: Scombridae
မျိုးရင်းသေး: Scombrinae
မျိုးဇာတ်: Scombrini
မျိုးစု: Rastrelliger
မျိုးစိတ်:
R. kanagurta
ဒွိနာမ
Rastrelliger kanagurta
(Cuvier, 1816)

ပါဏဗေဒအလိုအရ ငါးအပ်ပုံသည် 'စကွဗ်ဗရီဒေး'မျိုးရင်းတွင် ပါဝင်သည်။ သိပ္ပံအမည်အားဖြင့် ငါးအပ်ပုံကို 'ရက်စတြို လီဂျားကနာဂါတား'ဟု ခေါ်သည်။ ရခိုင်ပြည်နယ်တွင် ငါးအပ်ပုံ ကို ငါးခေါင်းကြီးဟု ခေါ်သည်။ ကိုယ်တို၍ ကျယ်သည်။ ဦးခေါင်းကြီးသည်။ အမြီးပိုင်း ရှူးသည်။ ပါးစပ်ပေါက် နက်ရှိုင်း၍ အောက်မေးရိုးထက် အနည်းငယ်ရှည်ထွက်နေသည်။ မေးရိုး ၂ ခုလုံးတွင် သွားများရှိသည်။ ရင်ဆူးတောင်၏ အောက်ပိုင်းတွင် အခြားနေရာများမှာထက် ပိုမို ကြီးမားသော အကြေးခွံများ ရှိသည်။ ဒုတိယကောဆူးတောင်နှင့် အမြီးဆူး တောင်တို့၏ကြားတွင် ကျောဆူးတောင်ငယ် ၅ ခု ညီညီညာညာ ရှိသည်။ စအိုဆူးတောင်နှင့် အမြီးဆူးတောင်တို့၏အကြားတွင်လည်း ဝမ်းဆူးတောင်ငယ် ၅ ခု ညီညီညာညာ ရှိ၏။ အမြီးဆူးတောင်ခွသည် ရှည်၍ အထက်ပိုင်းနှင့် အောက် ပိုင်းတို့သည် ကားပြီး ချွန်ထွက်နေကြ၏။ ငါးအပ်ပုံ၌ လှသော အရောင်များရှိ၏။ ကျောသည် စိမ်းလဲ့လဲ့နေ၍ ကျောဆူး တောင်၏ အောက်နားတွင် အပြောက် ၁၆ ခုစီ တန်းလျက် ရှိသည်။ ဦးခေါင်းတွင် ခရမ်းရောင် အပြောက်အစက်များ ရှိသည်။ ကိုယ်နှင့်ဘေးဖက်တွင် အရောင်စင်းများ ရှိသည်။ ကိုယ်ဘေးကြောင်းတစ်လျှောက်တွင် ရွှေရောင်အစင်းကြောင်း ၂ ခု ရှိသည်။ အမြီးဆူးတောင်နှင့် ရင်ဆူးတောင်တို့သည် ဝင်းဝါ နေကြသည်။ ကျောဆူးတောင်မှာ အဝါရောင်ဖျော့ဖျော့ ရှိ၏။ ဤဆူးတောင်တို့တွင် မည်းနက်သော အစင်းများ ရှိကြသည်။ သေသွားသောအခါ ငါးအပ်ပုံ၏ အရောင်မှာ အစိမ်းရောင်သို့ ပြောင်း၏။ ငါးအပ်ပုံသည် အုပ်ဖွဲ့လျက် ရေမျက်နှာပြင်အောက်တွင် ကူးသန်းသွားတတ်သည်။ ငါးအပ်ပုံသည် ၁ဝ လက်မမှ ၁၂ လက်မထိ ရှိသည်။ ငါးအပ်ပုံ ၃ ကောင်လျှင် ပျမ်းမျှအလေးချိန် တစ်ပေါင်စီးသည်။ ငါးပုစင်းသည် ငါးအပ်ပုံနှင့် မျိုးရင်းချင်းနွယ် သော ငါးဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Rastrelliger kanagurta" (2011). The IUCN Red List of Threatened Species 2011. doi:10.2305/IUCN.UK.2011-2.RLTS.T170328A6750032.en. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)