မာတိကာသို့ ခုန်သွားရန်

ဂွေးကုန်းရွာ၊ တံတားဦးမြို့နယ်

ဝီကီပီးဒီးယား မှ
ဂွေးကုန်း
ကွေ့ကုန်း၊ ပြည်သာယာ
ကျေးရွာအုပ်စု
ဂွေးကုန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဂွေးကုန်း
ဂွေးကုန်း
ဂွေးကုန်းတည်နေရာ
ကိုဩဒိနိတ်: 21°44′18″N 95°47′22″E / 21.7383594512939°N 95.7895431518555°E / 21.7383594512939; 95.7895431518555ကိုဩဒိနိတ်: 21°44′18″N 95°47′22″E / 21.7383594512939°N 95.7895431518555°E / 21.7383594512939; 95.7895431518555
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်တံတားဦးခရိုင်[]
မြို့နယ်တံတားဦးမြို့နယ်
လူမျိုးများဗမာ
ဘာသာတရားများထေရဝါဒ ဗုဒ္ဓဘာသာ
အစိုးရ
 • ကျေးရွာစု အုပ်ချုပ်ရေးမှူးလစ်လပ် (လစ်လပ်)
ဧရိယာ
 • စုစုပေါင်း၄.၅ စတုရန်းကီလိုမီတာ (၁.၇ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၄၈ မီတာ (၄၈၅ ပေ)
လူဦးရေ (၂၀၁၉)၂၃၃၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)
ဧရိယာကုဒ်၀၆၆

ဂွေးကုန်း(အင်္ဂလိပ်: Gwekon/Gway Kone)သည် တံတားဦးမြို့နယ်တံတားဦးခရိုင်မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော ကျေးရွာအုပ်စုတစ်ခု ဖြစ်သည်။[]

ပထဝီဝင်

[ပြင်ဆင်ရန်]

ဂွေးကုန်းကျေးရွာသည် ဂွေးကုန်းမြေပြန့်တွင် တည်ရှိပြီး ကုန်းချိုင့်များသော ဒေသဖြစ်သည်။ ကျောက်ဆန်သော မြေအများစုဖြစ်၍ မြန်မာ့ဆေးဖက်ဝင် သနပ္ခါး(ဂွေးကုန်းသနပ်ခါး)နှင့် ဆေးကုလားမ ခေါ် လျော်ဖြူ စသော နှစ်ရွည်ပင်များ ဖြစ်ထွန်းသည်။ မိုးဦးနှင့် မိုးနှောင်းကာလများတွင် နှမ်း၊ မြေပဲ၊ နှံစားပြောင်း၊ ပဲစင်းငုံများ အဓိကစိုက်ပျိုးသည်။ နှစ်စဉ်မိုးရေချိန်လက်မ ±၄၀ခန့်သာရရှိသည်။

တည်နေရာ

[ပြင်ဆင်ရန်]

ဂွေးကုန်းရွာသည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၄၄ မိနစ် ၁၈ စက္ကန့်နှင့် ၂၁ ဒီဂရီ ၇၃ မိနစ် ၈၃ စက္ကန့်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၇ မိနစ် ၂၂ စက္ကန့် နှင့် ၉၅ ဒီဂရီ ၇၈ မိနစ် ၉၅ စက္ကန့်ကြားတွင် တည်ရှိသည်။

နယ်နမိတ်၊ အကျယ်အဝန်း

[ပြင်ဆင်ရန်]

ဂွေးကုန်းကျေးရွာအုပ်စုသည် အရှေ့မြာက်ဘက်တွင် ထနောင်းကိုင်း၊ အရှေ့တောင်ဘက်တွင် ဇီးကန်၊ တောင်ဘက်တွင် မိုးဇာတောင်ခြား၍ ငါန်းဇွန်မြို့နယ်၊ အနောက်ဘက်တွင် ငါန်းဇွန်မြို့နယ်၊ မြောက်ဘက်တွင် သပြေကန်ရွာအုပ်စုတို့နှင့် ထိစပ်နေသည်။

ပါဝင်သောဒေသများ

[ပြင်ဆင်ရန်]

လက်ရှိ ဂွေးကုန်း၊ တံတားဦးမြို့နယ်တွင် ဂွေးကုန်းတစ်ရွာသာ ပါဝင်ပြီး ရွာတွင်းရပ်ကွက်(၄)ခုနှင့် ကွက်သစ်ရပ်ကွက်(၂)ခုရှိသည်။

ရပ်ကွက်များ

[ပြင်ဆင်ရန်]
  1. အေးချမ်းသာယာရပ်ကွက်
  2. တောင်ပိုင်းကွက်သစ်ရပ်ကွက်
  3. ဂွေးကုန်းတောင်ပိုင်းရွာမ(အရှေ့)
  4. ဂွေးကုန်းတောင်ပိုင်းရွာမ(အနောက်)
  5. ဂွေးကုန်းမြောက်ပိုင်းရွာမ(အရှေ့)
  6. ဂွေးကုန်းမြောက်ပိုင်းရွာမ(အနောက်)

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]

တံတားဦး-မြင်းခြံ ပြည်ထောင်စုကားလမ်းမကြီးသည် ဂွေးကုန်းရွာကို အရှေ့မြောက်မှ အနောက်တောင်သို့ ဖြတ်သန်းသွားသည်။ တံတားဦး-ဆီမီးခုံလေးလမ်းသွားဆိပ်ကမ်းလမ်းမကြီးသည်လည်း ရွာတောင်ဘက်အပိုင်းမှ အရှေ့အနောက်ဖြတ်သန်းသွားသည်။ မန္တလေး-တံတားဦး-မြို့သာ-မြင်းခြံ-ပုဂံ မီးရထားလမ်းသည် ကျေးရွာအုပ်စုအတွင်းမှ ဖြတ်သန်းသွားပြီး ပြည်သာယာဘူတာ (ဂွေးကုန်း)ကို အသုံးပြုကာ မန္တလေး၊ ပုဂံ၊ မြင်းခြံမြို့များသို့ သွားရောက်နိုင်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဂွေးကုန်းရွာသည် သက္ကရာဇ် ၅၂၃တွင် တမ္ပဒီပ(ပုဂံ)ဘုရင် အလောင်းစည်သူမင်းတည်ခဲ့သော ကျေးရွာဖြစ်သည်။ အလောင်းစည်သူမင်းသည် တမ္ပဒီပတိုင်းတစ်ခွင် တိုင်းခန်းလှည့်လည်ရင်း ယခု ဂွေးကုန်းရွာတောင်ဘက်အနီးရိ မိုးဇာတောင်(ဒေသအခေါ် မိုးဇက်တောင်)ဒေသသို့ ရောက်ရှိခဲ့သည်။ မိုးဇာတောင်ဒေသသည် ပူပြင်းခြောက်သွေ့၍ ခေါင်ပါးသည်။ မင်းကြီးနှင့် အခြွေအရံတို့သည် ငတ်မွတ်မှုကို ပြင်းထန်စွာ ခံစားခဲ့ရပြီး မင်းကြီးသည် မိမိပြုလုပ်ခဲ့သော ကောင်းမှုတို့ကို သစ္စာပြုကာ မြေ၌ လှံစိုက်ကာ သစ္စာဆိုခဲ့သည်။ ယင်းနောက် လှံတော်ကိုပြန်နှုတ်ရာ သစ္စာရေချိုများထွက်လာ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး မိမိတို့ အလိုရှိသလောက် သုံးဆောင်ကာ ရေတွင်းကိုပိတ်၍ ဘုရားတည်ခဲ့သည်။ ခေါင်ပါးသော မိုးဇာ(မိုးဆာဒေသ)တွင် သစ္စာတရားကြောင့် အငတ်ဘေးမှလွတ်မြောက်ခြင်း၊ ရေချိုများပေါများခြင်းတို့ကြောင့် ဘုရား၏အမည်အား "ရေမြိုဝ်ဘုရား"ဟု အမည်ထိုးခဲ့သည်။ ထို့နောက် ဘုရားအား ထိန်းသိမ်းစောင့်ရှောက်ရန် ဘုရားအနီးတွင် ရွာငယ်တစ်ရွာ ဖွဲ့စည်းခဲ့ရာ ယင်းရွာသည် မိုးဇာတောင်၏ ဥတ္တရအရပ်တွင် တည်ရှိခြင်း၊ ဧရာဝတီမြစ်ကွေ့၏ ဒက္ခိဏအရပ် ယွန်းတွင် တည်ရှိခြင်းတို့ကြောင့် "အကွေ့ကုန်းရွာ" ဟု အမည်ပေးခဲ့သည်။ ခေတ်ကာလကြာမြင့်သောအခါ အကွေ့ကုန်းမှ ကွေ့ကုန်း၊ ကွေ့ကုန်းမှ ဂွေ့ကုန်း၊ ဂွေ့ကုန်းမွ ဂွေးကုန်းဟု အမည်ကွဲလွဲရာမှ ယနေ့တွင် ဂွေးကုန်းကျေးရွာအုပ်စုအဖြစ် တရားဝင်အမည်ဖြစ်လာသည်။[]

ဂွေးကုန်းကျေးရွာ(ဟောင်း)သည် အေဒီ(၅၂၃) ခန့်တွင် အလောင်းစည်သူမင်းတည်ထားခဲ့သော ကျေးရွာဖြစ်သည်။ အလောင်းစည်သူမင်းသည် ပုဂံနိုင်ငံတော်တစ်ခွင် တိုင်းခန်းလှည့်လည်ရင်း ယခု ဂွေးကုန်းရွာ၏ တောင်ဘက် မိုးဇာတောင်ဒေသတစ်ဝိုက်သို့ ရောက်ရှိခဲ့သည်။ မိုးဇာတောင်ဒေသသည် ပူပြင်းခြောက်သွေ့၍ ခေါင်ပါးသည်။ မင်းကြီးနှင့် အခြွေအရံတို့သည် ဤဒေသတွင် ငတ်မတ်မှုကြုံတွေ့ခဲ့ရပြီး မင်းကြီးသည် မိမိပြုခဲ့သော ကောင်းမှုတို့ကို မြေ၌လှံစိုက်ကာ သစ္စာပြုခဲ့သည်။ ယင်းနောက် လှံတော်ကို ပြန်နှုတ်ရာ ထိုနေရာမှ ရေချိုတော်များ ပေါများစွာထွက်ရှိသဖြင့် မင်းကြီးနှင့် အခြံအရံတို့သည် ဝမ်းမြောက်၍ မိမိတို့အလိုရှိသလောက် သောက်သုံး၍ ထိုနေရာ၌ ဘုရားတစ်ဆူတည်ထားခဲ့သည်။ ခေါင်ပါးသော မိုးဆာ(မိုးဇာတောင်ဒေသ)တွင် သစ္စာတရားကြောင့် အငတ်ဘေးမှ လွတ်မြောက်လာခြင်း၊ ရေချိုများပေါများခြင်းကို အစွဲပြု၍ ဘုရားအမည်အား ``ရေမြိုဝ်ဘုရား" ဟု ကမ္ဗည်းထိုးခဲ့သည်။ ( ရေ= အသက်ဆက်ရှင်သန်နိုင်သည့်အရာ/ မြိုဝ်= အရပ်ဒေသ/မြို့/ရွာ/နေရာ)

ထို့နောက် ဘုရားအားထိန်းသိမ်းစောင့်ရှောက်ရန် ဘုရားအနီးတွင် ရွာငယ်တစ်ခုဖွဲ့စည်းခဲ့သည်။ ထိုရွာသည် ဧရာဝတီမြစ်ကွေ့၏ ဒက္ခိဏအရပ်နှင့်အပြိုင် သွယ်တန်းနေသော မိုးဆာတောင်တန်းအကွေ့ကြားတွင် တည်ရှိသဖြင့် ``အကွေ့ကုန်းဟု အမည်ပေးခဲ့သည်။ ခေတ်ကာလကြာမြင့်သောအခါ အကွေ့ကုန်းမှ ကွေ့ကုန်း၊ ကွေ့ကုန်း မှ ဂွေ့ကုန်း၊ ဂွေ့ကုန်းမှ ဂွေးကုန်းဟူ၍ အမည်ဖြစ်လာခဲ့သည်။ ဂွေးကုန်း(ကွေ့ကုန်းရွာ)ဟောင်းသည် ရေမြိုဝ်ဘုရား၏ အရှေ့ဘက် မောင်းမကန်တောစပ်အနီးတွင် တည်ရှိခဲ့သည်။

၁၈၈၆ အင်္ဂလိပ်အစိုးရလက်ထက်တွင် ကွေ့ကုန်းရွာ၊ ဘုရားရိုးကျောင်းအနီးရှိ ဥသျှစ်ကုန်းရွာ၊ မြင်သာကျောင်းမြောက်ဘက်ရှိ လယ်သစ်ကုန်းရွာ၊ ဘုရားကုန်းဘုရားတောင်ဘက်ရှိ တပင်ရွာ၊ ရွာကုန်းရွာ အစရှိသည့် ရွာငါးရွာစုပေါင်း၍ မြန်မာအမည် ကွေ့ကုန်း ၊ အင်္ဂလိပ်အမည် ဂွီးကွန်း(Gwekon)ဟူ၍ ကွေ့ကုန်းရွာသစ်ကြီးကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဂွေးကုန်းဟူသော အမည်သည် ကွေ့ကုန်းအား အင်္ဂလိပ်အခေါ် ဂွီးကွန်း(Gwekon)မှ ဆင့်ကဲပြောင်းလဲလာသည်ဟုလည်း ယူဆနိုင်သည်။ ၁၉၉၀ တစ်ဝိုက်အထိ ကွေ့ကုန်းနှင့် ဂွေးကုန်းအမည်နှစ်မျိုးအသုံးပြုကြပြီး ၂၀၀၀ ပတ်ဝန်းကျင်တွင် ဂွေးကုန်းအမည်မှာ တရားဝင်ဖြစ်လာခဲ့သည်။ ၁၉၉၁ တံတားဦး-မြို့သာ မီးရထားလမ်းဖောက်လုပ်ပြီးနောက် ဂွေးကုန်းဘူတာအား "ပြည်သာယာ"ဟူ‌သော အမည်သစ်နှင့် ဖွင့်လှစ်ခဲ့သဖြင့် ပြည်သာယာ၊ကွေ့ကုန်း အမည်များသည် ဂွေးကုန်းကျေးရွာ၏ အမည်ခွဲများဖြစ်သည်။

လူမှုပထဝီဝင်

[ပြင်ဆင်ရန်]

လူဦးရေနှင့် လူမျိုးများ

[ပြင်ဆင်ရန်]

ဂွေးကုန်းကျေးရွာအုပ်စုတွင် ဗမာလူမျိုး အများအပြားနေထိုင်သည်။ ၉၉.၉၈% သည် ဗမာလူမျိုးများဖြစ်၍ ၀.၀၂% သည် အခြားတိုင်းရင်းသားများ ဖြစ်သည်။

ဘာသာစကားသုံးစွဲမှု

[ပြင်ဆင်ရန်]

ဂွေးကုန်းကျေးရွာတွင် နေထိုင်သူများကို ဂွေးကုန်းသားများဟုခေါ်ဆိုပြီး ၎င်းတို့သည် တိဘက်-မြန်မာအုပ်စုတွင်ပါဝင်သော ပျူလူမျိုး၊သက်လူမျိုး၊ကမ်းယံ အစရှိသည်တို့နှင့် အဆက်အနွယ်ဖြစ်သည်။ ဂွေးကုန်းသားများသည် အခြား ဗမာ(မြန်မာ)အစုဝင်များနှင့် ဘာသာစကားအသုံးအနှုန်းကွာခြား၍ မြန်မာဘာသာစကား၏ ထားဝယ်သား၊ဘိတ်သားဒေသိယစကားသံနှင့်ခပ်ဆင်ဆင်တူသည် ။ ဂွေးကုန်းသားများသည် မြန်မာဘာသာစကား၏ ဂွေးကုန်း‌သားစကားသံထွက်ကို အသုံးပြုကြသည်။

ဂွေးကုန်းဒေသိယစကားလုံးစစ်စစ်များမှာ

သတိရတယ် - ဇဒိရဓျာယ်(Zadī rå dral)

ဘယ်သူလဲ- ဘဇူလဲ ( Bàzú lal)

သား- လူလေး(Lûlē)

ကျောင်း-က္လောင်း(ကလောင်း)( Kãlûō)

တုတ်ချောင်း- ဒုတ်ခ္လောင်း(ဒုတ်ခလောင်း) ( Düõkalô)

လွမ်းတယ် - လွန်းဆာမ( Luñhsàmå)

ဘုန်းကြီး - ဖုမ်းညီး( hpuñ nyī)


ပျော့တယ် -ဗြော့စိ (?)


ရယ်စရာပြော - အရွှတ်အရှော်ပြော(?)

ကိစ္စမရှိဘူး- ကိစ္စနမရှိ(keîsama hì)

အမေ- မိဂင်(Mïgin)

ယခု - အဂု( Ah gu)

မနက်ဖြန်- နက်ဖန်ဂါ( Natpangå)

သန်းဘက်ခါ- ဇဘက်ဂါ(jabatgå)

တကယ်လား- အဟုတ်လား(ahotelà)

လူဦးရေနှင့်အိမ်ခြေ

[ပြင်ဆင်ရန်]
ခုနှစ် အိမ်ခြေ လူဦးရေ +-%
၁၉၇၃ ၂၅၀ ၄၅၆
၁၉၈၆ ၂၇၆ ၅၀၁ ၇.၇၇%
၂၀၀၂ ၃၃၉ ၁၀၀၀ ၁၃.၃၉%
၂၀၁၄ ၄၉၆ ၁၉၇၄ ၂၄.၇%
၂၀၁၈ ၅၂၀ ၂၁၈၆ ၂၇.၀၆%
၂၀၁၉ ၅၃၂ ၂၂၉၇ ၂၈.၂၉%

အုပ်ချုပ်ရေး

[ပြင်ဆင်ရန်]

ဂွေးကုန်းရွာသည် ဂွေးကုန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးရုံးစိုက်ရာ ကျေးရွာဖြစ်သည်။

အားကစား

[ပြင်ဆင်ရန်]

ရာဇဌာနီအားကစားကွင်းသည် ဂွေးကုန်းကျေးရွာပိုင် အာကစားကွင်းဖြစ်ပြီး အထက ဂွေးကုန်းတွင် တည်ရှိသည်။ ဂွေးကုန်းလူငယ်ဘောလုံးအသင်း၏ အိမ်ကွင်းလည်းဖြစ်သည်။ မြို့နယ်/ကျေးရွာအုပ်စု ချစ်ကြည်ရေးဖလားအားကစားပွဲများကို ရာဇဌာနီအားကစားကွင်း၌ နှစ်စဉ်ကျင်းပသည်။

ပွဲတော်များ

[ပြင်ဆင်ရန်]

ဂွေးကုန်းရွာတွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အများစုနေထိုင်၍ ဘုရားပွဲလမ်းသဘင်များ ပေါများသည်။ ဂွေးကုန်းဒေသရှိ ပွဲတော်များမှာ မြန်မာ့နှစ်သစ်ကူး နှစ်ဦးဆွမ်းလောင်းပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲ၊ ဗုဒ္ဓပူဇနိယ ဘုရားပွဲ၊ ဂွေးကုန်းတောင်ပိုင်းကထိန် ၊ဂွေးကုန်းမြောက်ပိုင်းကထိန်၊ ပရိယတ္တိသာသနာဓိက စာမေးပွဲ၊ အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲနှင့် နှစ်သစ်ကူး သက်ကြီးပူဇော်ပွဲများဖြစ်သည်။

မြန်မာ့နှစ်သစ်ကူး နှစ်ဦးဆွမ်းလောင်းပွဲကို နှစ်စဉ် မြန်မာနှစ်ဆန်း ၄ ရက်နေ့တွင် ကျင်းပသည်။ ကဆုန်ညောင်ရေသွန်းပွဲကို သမိုင်းဝင် ရေမြိုဝ်ဘုရားတွင် ကဆုန်လပြည့်နေ့ နံနက်ပိုင်းတွင် ကျင်းပသည်။ ရေမြိုဝ်ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆုတ် ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကျင်းပသည်။ ဂွေးကုန်းတောင်ပိုင်းကထိန်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၇ ရက်နှင့် ၈ ရက်နေ့များတွင်လည်းကောင်း၊ ဂွေးကုန်း မြောက်ပိုင်းကထိန်ကို နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၃ ရက်နှင့် ၁၄ ရက်များတွင်လည်းကောင်း ကျင်းပသည်။ တံတားဦးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာဓိက စာမေးပွဲကို ဇီးကန်ရွာ ကျွန်းဦးကျောင်းဆရာတော် ဦးစန္ဒိမာ၏ ဦးဆောင်မှုဖြင့် ၁၃၃၉ ခု ပြာသိုလဆန်း မှ စ၍ ယနေ့တိုင် ကျင်းပခဲ့သည်။ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၂၀၁၄ မတ်လတွင် စတင်ကျင်းပခဲ့သည်။ နှစ်သစ်ကူး သက်ကြီးပူဇော်ပွဲကို ၁၉၇၈ ခုနှစ် သင်္ကြန်ကာလတွင် ပထမအကြိမ်အဖြစ် ကျင်းပခဲ့သည်။

ပညာရေး

[ပြင်ဆင်ရန်]

အခြေခံပညာ

ကျန်းမာရေး

[ပြင်ဆင်ရန်]
  1. ကျေးလက် ကျန်းမာရေးဌာနခွဲ-ဂွေးကုန်း

စီးပွားရေး

[ပြင်ဆင်ရန်]

ဂွေးကုန်းအုပ်စု ကျေးရွာလူထု၏ ၅ ပုံ ၂ပုံမှာလယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး ကျန် ၃ ပုံမှာ လုပ်ငန်းမျိုးစုံလုပ်ကိုင်သည်။ ဂွေးကုန်းနေပြည်သူတို့သည် အောက်ပါလုပ်ငန်းများကို အဓိကလုပ်ကိုင်သည်။

  1. ယက္ကန်းလုပ်ငန်း
  2. ကား/ဆိုင်ကယ်ဝပ်ရှော့များ
  3. စားသောက်ဆိုင်များ
  4. ကုန်စုံဆိုင်များ
  5. ရွှေချည်ငွေချည်ထိုးလုပ်ငန်းများ
  6. ထန်းလျက်ချက်လုပ်ငန်းများ

ဘာသာရေးအဆောက်အဦးများ

[ပြင်ဆင်ရန်]

ဂွေးကုန်းတောင်ပိုင်းတွင်

  1. ထုံးဘိုကျောင်းတိုက်
  2. စိတ္တသုခ ကံရှည်ကျောင်းတိုက်
  3. အေးစေတီ
  4. ဖိုးပိန်ရိုး တောရကျောင်း
  5. ကျောက်သာယာ သာသနာ့နယ်မြေ
  6. ဘုရားရိုး သီလရှင်ကျောင်း

ဂွေးကုန်းမြောက်ပိုင်းတွင်

  1. ရွာနီး ပရိယတ္တိ စာသင်တိုက်
  2. ကမ်းပါးစောက် ရွှေစေတီရိပ်သာ
  3. မြင်သာကျောင်းတိုက်များ
  4. ဘုရားလေးချောင်

အထင်ကရနေရာများ

[ပြင်ဆင်ရန်]
  1. အလောင်းစည်သူမင်းကြီး တည်ထားခဲ့သော သမိုင်းဝင် ရေမြိုဝ်ဘုရားကြီး
  2. အောင်တော်မူ စေတီတော်မြတ်ကြီး

ကိုးကား

[ပြင်ဆင်ရန်]
  1. မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း။ 3 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 August 2022 တွင် ပြန်စစ်ပြီး။
  2. Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
  3. သမိုင်းဝင် ရေမြိုဝ်ဘုရား ကျောက်စာ
  4. တံတားဦးမြို့နယ်၏ ဒေသဆိုင်ရာအျက်လက်များ၊မန္းတလေးတိုင်းဒေသကီြးအစိုးရအဖွဲ႕။
  5. စစ်ကိုင်းခရိုင် အင်းဝနယ် မိုးဇာတောင်ဒေသမွ သဲဆပ်ပြာထွက် ဒေသများ စာမူ