ဂျွန် (အဆိုတော်)

ဝီကီပီးဒီးယား မှ

ဂျွန် (အင်္ဂလိပ်: John) (၁၉၈၀-) သည် မြန်မာလူမျိုး အဆိုတော်တစ်ဦး ဖြစ်သည်။

ဂျွန်
အမည်ရင်းကျော်ဇေယျ
မွေးဖွား (1980-06-03) ၃ ဇွန်၊ ၁၉၈၀ (အသက် ၄၃)
ဂီတဟန်ဟစ်ဟော့
တက်ကြွသည့်နှစ်များ2006–present

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၈၀ ပြည့်၊ ဇွန်လ ၃၀ ရက်တွင် မွေးသည်။ အမည်ရင်းမှာ ကျော်ဇေယျ ဖြစ်သည်။

၁၉၉၇ ခုတွင် တက္ကသိုလ်ဝင်တန်းအောင်ကာ ၂၀၀၂ ခုတွင် ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရသည်။

ရန်ကုန်တက္ကသိုလ်မှ ၂၀၀၆ ခုတွင် အသုံးချစိတ်ပညာ ဒီပလိုမာကို လည်းကောင်း၊ ၂၀၀၉ ခုတွင် လူမှုရေးရာ ဒီပလိုမာကို လည်းကောင်း ရခဲ့သည်။

ဂီတ လှုပ်ရှားမှု[ပြင်ဆင်ရန်]

၂၀၀၆ ခုတွင် ကျောင်းနေဖက် စိုင်းစိုင်းခမ်းလှိုင် သီဆိုသည့် ယနေ့ လူငယ်ရိုးရာ သင်္ကြန် သီချင်းဖြင့် အနုပညာခရီး စသည်။ ၂၀၀၇ ခုထွက် စိုင်းစိုင်းခမ်းလှိုင်နှင့်ပင် တွဲဆိုသည့် တောဂေါ်လီ သီချင်းဖြင့် တိုင်းကျော်ပြည်ပေါက် အဆိုရှင်ဘဝသို့ ရောက်လာသည်။

၂၀၀၇ ခု စိုင်းစိုင်းမွေးနေ့ ရှိုးပွဲမှသည် ပြည်တွင်းဖျော်ဖြေရေးသာမက ထိုင်း၊ မလေးရှား၊ စင်္ကပူ၊ ဂျပန်၊ ဩစတေးလျ စသည့် ပြည်ပဖျော်ဖြေများပါ သွားရောက်သည်။

ယခုအခါ ဖရန်ဇို (Frenzo) ထုတ်လုပ်ရေးနှင့် လက်တွဲကာ မြန်မာပြည်အနှံ့ ဖရန်ဇို နယ်လှည့်ဖျော်ဖြေပွဲများတွင် ပါဝင်လျက် ရှိသည်။

ကျော်ကြားသော သီချင်းများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ထွက်ရှိနှစ် တေးဆို တေးရေး မှတ်ချက်
တောဂေါ်လီ ၂၀၀၇ စိုင်းစိုင်းခမ်းလှိုင်

ဂျွန်

၂၀၀၉ အဲဗား ဂေါ်လီ စိုင်းစိုင်းခမ်းလှိုင်

ဂျွန်

၂၀၀၉ လူပျိုတွေပဲ စိုင်းစိုင်းခမ်းလှိုင်

ဂျွန်

၂၀၁၁ ဟော့တယ် စိုင်းစိုင်းခမ်းလှိုင်

ဂျွန်

၂၀၁၂ ဒိတ်ဒိတ်ကြဲ စိုင်းစိုင်းခမ်းလှိုင်

ဂျွန်

၂၀၁၂ ဒီလိုဆို လူရှိန်ပြီ စိုင်းစိုင်းခမ်းလှိုင်

ဂျွန်

သီရိဆွေ

၂၀၁၈ ငါ့ရည်းစားက ပိုမိုက်တယ် စိုင်းစိုင်းခမ်းလှိုင်

ဂျွန်

မိသားစု ဘဝ[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ်တွင် ဒေါက်တာမြတ်သီရိမောင်နှင့် လက်ထပ်ခဲ့သည်။

ပြင်ပ လင့်ခ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]