ဂျွန်နီ အိုက်ဗ်

ဝီကီပီးဒီးယား မှ
ဆာ
ဂျွန်နီ အိုက်ဗ်
Jony Ive

KBE  RDI
၂၀၁၀ ဂွတ်ဝုဒ် ပြိုင်ကားပြပွဲတော်၌ တွေ့ရစဉ်
မွေးဖွားဂျော်နသန် ပေါလ် အိုက်ဗ်
(1967-02-27) ၂၇ ဖေဖော်ဝါရီ၊ ၁၉၆၇ (အသက် ၅၇)
အင်္ဂလန်၊ လန်ဒန်၊ ချင်းဖော့ဒ်
နိုင်ငံသားယူနိုက်တက်ကင်းဒမ်း
အမေရိကန်ပြည်ထောင်စု
မိခင်ကျောင်းနယူးကာဆယ် စွယ်စုံအတတ်ပညာကျောင်း
အလုပ်အကိုင်ထုတ်ကုန်ဒီဇိုင်နာ
ကျော်ကြားမှုအရင်းခံအက်ပဲလ်ကုမ္ပဏီ၏ ဒီဇိုင်းအရာရှိချုပ်ဟောင်း
အိုင်မာ့ခ်၊ အိုင်ပေါ့ဒ်၊ အိုင်ဖုန်း၊ အိုင်ပက် ပစ္စည်းများ၏ ပူးတွဲဒီဇိုင်းပညာရှင်
ကြွယ်ဝမှုc. US$250 million (May 2019)[၁]
အိမ်ထောင်ဖက်(များ)Heather Pegg (လက်ထပ် 1987)
သားသမီး
ရရှိသည့်ဆုများဆန်ကာတင်နှင့် ဆုစာရင်း (အင်္ဂလိပ်ဝီကီတွင်ဖတ်ရှုရန်)
Royal College of Art ၏ အဓိပတိ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၁၇ ဇူလိုင် ၁
ယခင်လူJames Dyson (ကျောင်းအုပ်အဖြစ်)

ဆာ ဂျော်နသန် ပေါလ် အိုက်ဗ် (အင်္ဂလိပ်: Sir Jonathan Paul Ive) သည် စက်မှုထုတ်ကုန် ဗိသုကာဒီဇိုင်းပညာရှင်တစ်ဦးဖြစ်၍ အက်ပဲလ်ကုမ္ပဏီ၏ ဒီဇိုင်းဌာန အရာရှိချုပ်ဟောင်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိတွင် တော်ဝင်အနုပညာကျောင်း (လန်ဒန်) ၏ အဓိပတိအဖြစ် ဆောင်ရွက်လျက် ရှိသည်။ အက်ပဲလ်သို့ ၁၉၉၂ စက်တင်ဘာတွင် ဝင်ရောက်ခဲ့၍ ၂၀၁၉ ဇူလိုင်တွင် ကုမ္ပဏီမှ ထွက်ခွာခဲ့သည်။ အက်ပဲလ်ထုတ်ကုန်များ၏ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲများ ကြားခံပေါင်းကူးစနစ် အသွင်အပြင်များကို ဒီဇိုင်းရေးဆွဲပေးခဲ့ပြီးနောက် နှစ်အနည်းငယ်အကြာ၊ စတိဗ်ဂျော့ဘ်စ် ကုမ္ပဏီသို့ တဖန်ပြန်လည်ရောက်ရှိလာပြီးနောက် ထုတ်ကုန်ဒီဇိုင်းဌာနတွင် ဒုတိယ အကြီးတန်းဥက္ကဋ္ဌအဖြစ် ရာထူတိုးမြှင့်ခြင်းခံရာပြီး ၂၀၁၅ တွင် ဒီဇိုင်းအရာရှိချုပ် (CDO) ရာထူးဖြင့် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ အက်ပဲလ်တွင် ဂျော့ဘ်ရှိစဉ် ၎င်းနှင့်အတူ အနီးကပ် လုပ်ကိုင်ဆောင်ရွက်ခဲ့၍ မက်ဘွတ်၊ အိုင်ပတ်၊ အိုင်ဖုန်း၊ အိုင်ပေါ့ဒ်၊ အိုင်မက် နှင့် Power Mac G4 Cube (system ပုံး ကဲ့သို့) တို့ကို ဒီဇိုင်းရေးဆွဲရာတွင် အဓိကအခန်းကဏ္ဍမှနေ၍ ပါဝင်ခဲ့ပြီး အက်ပဲလ်၏ မိုဘိုင်း လည်ပတ်စနစ် (operating system) ဖြစ်သော အိုင်အိုအက်စ် (iOS) အတွက် ဒီဇိုင်း/ဆော့ဖ်ဝဲ အသွင်အပြင် (user interface) တို့၏ အပိုင်းများနှင့် အခြားထုတ်ကုန်ဒီဇိုင်းများကိုလည်း ရေးဆွဲပေးခဲ့သည်။ ထို့အပြင် အက်ပဲလ်ကုမ္ပဏီ၏ အဓိက ဗိသုကာဆိုင်ရာလုပ်ငန်းများဖြစ်သော အက်ပဲလ်ခြံဝင်း (Apple Park) နှင့် အက်ပဲလ်လက်လီစတိုးဆိုင်များကိုလည်း ပုံစံထုတ်ရာ၌ ကူညီဆောင်ရွက်ရေးဆွဲခဲ့သည်။

လန်ဒန်တွင် ဖွားမြင်ခဲ့သော အိုက်ဗ်သည် အသက် ၁၂ အရွယ်တွင် စတက်ဖော့ဒ်မြို့သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့ခဲ့၍ နယူးကာဆယ်စွယ်စုံအတတ်ပညာကျောင်း (Newcastle Polytechnic) တွင် ဒီဇိုင်းပညာကို သင်ယူလေ့လာခဲ့သည်။[မှတ်စု ၁] ထို့နောက် လန်ဒန်အခြေစိုက် အသစ်ဖွင့်လှစ်ထားသော တန်ဂျရီးန်ဒီဇိုင်းကုမ္ပဏီက ခေါ်ယူ အလုပ်ခန့်ထားခဲ့၏ ။[၂] အက်ပဲလ်ကုမ္ပဏီသို့ ၁၉၉၀ အစောပိုင်းနှစ်များက စတင်လုပ်ဆောင်ခဲ့ပြီး ထိုဆယ်စုနှစ်များ၏ ပါဝါဘွတ်ခ် (PowerBook) ၊ မပ်ကွန်ပျူတာ (Macs) များကို ပုံစံရေးဆွဲခဲ့သည်။ ၂၀၁၂ တွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူနိုင်ခဲ့သောကြောင့် ဗြိတိသျှ-အမေရိကန် နှစ်နိုင်ငံ၏ နိုင်ငံသားတစ်ဦးဖြစ်လာခဲ့သည်။[၃] ၂၀၁၇ မေတွင် တော်ဝင်အနုပညာကျောင်း (Royal College of Art) သို့ ကျောင်းအုပ်အဖြစ် ဖိတ်ကြားခံရ၍ ယင်းရာထူးအတွက် ၂၀၂၂ မေလအထိ တာဝန်ယူမည်ဖြစ်သည်။

အိုက်ဗ်သည် ၎င်းရေးဆွဲခဲ့သော ပုံစံများ၊ တင်သွင်းခဲ့သော မူပိုင်ခွင့်များစွာအတွက် ဆန်ကာတင်ခံရခြင်းနှင့် ဆုတံဆိပ်များစွာကို ပိုင်ဆိုင်ခဲ့သည်။ ယူနိုက်တက်ကင်းဒမ်းတွင် စက်မှုလုပ်ငန်း တော်ဝင်ဒီဇိုင်နာ (Royal Designer for Industry) ၊ အင်ဂျင်နီယာ တော်ဝင်အကယ်ဒမီ၏ ဂုဏ်ထူးဆောင်အဖွဲ့ဝင် (Royal Academy of Engineering) ၊ ဗြိတိသျှအင်ပါယာ၏ သူကောင်းဘွဲ့ (KBE) တို့ကို ရရှိထားလေသည်။ ၂၀၁၈ တွင် ကိမ်းဘရစ်ချ်သမဂ္ဂအဖွဲ့၏ ပါမောက္ခဟော့ကင်းဆုကိုလည်း ချီးမြှင့်ခံရသည်။[၄] "၂၀၀၄ ဘီဘီစီ၏ ယဉ်ကျေးမှုစာရေးဆရာများမဲကောက်ခံမှု"တွင် အိုက်ဗ်သည် ဗြိတိသျှယဉ်ကျေးမှုတွင် အလွှမ်းမိုးနိုင်ဆုံးသောပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့၏ ။[၅] ၎င်း၏လက်ရာပုံစံများသည် အက်ပဲလ်၏အောင်မြင်မှုနှင့်အတူ တစ်သားတည်းအဖြစ် ဖော်ပြခံရကာ အက်ပဲလ်သည်လည်း ဝင်ငွေအရ ကမ္ဘာ့အကြီးဆုံး သတင်းအချက်အလက်လုပ်ငန်းကြီးတစ်ခုအဖြစ်လည်းကောင်း ဈေးကွက်ရင်းနှီးမြှုပ်နှံမှုအရ အကြီးဆုံးကုမ္ပဏီကြီးတစ်ခုအဖြစ်လည်းကောင်း ပေါ်ထွန်းလာခဲ့ပေသည်။

၂၀၁၉ ဇွန် ၂၇ ၌ ဘဏ္ဍာရေးတိုင်းစ် (Financial Times) သတင်းစာနှင့် သီးသန့်တွေ့ဆုံမေးမြန်မှုတွင် အိုက်ဗ်သည် အက်ပဲလ်တွင် ၂၇ နှစ် တာဝန်ထမ်းဆောင်ပြီးနောက် ၎င်း၏ကိုယ်ပိုင်လုပ်ငန်း "LoveFrom" ကို ထုတ်ကုန်ဒီဇိုင်နာ မာ့ခ် နယူးဆန်နှင့်အတူ ပူးတွဲစတင်လုပ်ကိုင်မည်ဟု ကြေညာခဲ့သည်။

မှတ်စု[ပြင်ဆင်ရန်]

  1. When Ive attended the university in the late-1980s, it was called "Newcastle Polytechnic" (Northumbria University after 1992)

ကိုးကား[ပြင်ဆင်ရန်]

  1. The Sunday Times။ "Rich List 2019: profiles 602-650, featuring Sting and Sir Rod Stewart" (in en)၊ 2019-05-12။ 
  2. Jony Ive, Apple designer who started career at tangerine, sets up studio (2019-07-20)။ 20 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-20 တွင် ပြန်စစ်ပြီး။
  3. Parker၊ Ian။ "The Shape of Things to Come"၊ 23 February 2015။ "In 2012, He was knighted in Buckingham Palace; by then, he and his wife had become U.S. citizens, although they did not relinquish their British passports." 
  4. Cambridge Union Society Hawking Fellowship 2018။ 15 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 June 2021 တွင် ပြန်စစ်ပြီး။
  5. iPod designer leads culture list (12 February 2004)။ 1 March 2021 တွင် ပြန်စစ်ပြီး။