ဂျူးရားတောင်တန်း

ဝီကီပီးဒီးယား မှ
Jura Mountains
Landscape of tree-clad valley stretching toward mountainous horizon
Looking towards Lélex from near the Crêt de la Neige
အမြင့်ဆုံးအမှတ်
တောင်ထွတ်Crêt de la Neige
အမြင့်၁,၇၂၀ m (၅,၆၄၀ ft)
စာရင်းသွင်းခြင်း
ကိုဩဒိနိတ်46°16′15″N 5°56′22″E / 46.27083°N 5.93944°E / 46.27083; 5.93944
ပထဝီဝင်
Satellite image of the Jura mountains and Western Alps, including Lake Geneva, with major cities labeled
Satellite image of the Jura Mountains (upper left half of the image)
နိုင်ငံများပြင်သစ်နိုင်ငံ နှင့် ဆွစ်ဇာလန်နိုင်ငံ
ဒေသများAuvergne-Rhône-Alpes၊ Bourgogne-Franche-Comté၊ Vaud၊ Canton of Neuchâtel၊ Canton of Jura နှင့် Basel-Landschaft
တောင်တန်း ကိုဩဒိနိတ်46°40′N 6°15′E / 46.667°N 6.250°E / 46.667; 6.250ကိုဩဒိနိတ်: 46°40′N 6°15′E / 46.667°N 6.250°E / 46.667; 6.250

ဂျူးရားတောင်တန်းသည် ပြင်သစ်နှင့် ဆွစ်ဇာလန်နိုင်ငံ ၂ ခုကြားတွင် အရှေ့မြောက်မှ အနောက်တောင်သို့ တန်းလျက် တည်ရှိသည်။ အကျယ်အားဖြင့် ၃၈ မိုင်ခန့်ရှိ၍ ၁၅၆ မိုင် ရှည်လျားသည်။ တောင်တန်း၏ အလယ်ကို ချန်လှပ်၍ အခြား နေရာများတွင် မြစ်များနှင့် နက်ရှိုင်းသော တောင်ကြားများ ဖြတ်သန်းလျက်ရှိသည်။ အနောက်ဘက်တွင် တောင်တန်းသည် ပြင်သစ်နိုင်ငံတွင်းရှိ မြေနိမ့်ပိုင်းသို့ ခပ်ပြေပြေ နိမ့်ဆင်းသွား သည်။ အရှေ့ဘက်၌မူကား တောင်များသည် အလွန်မတ်စောက် ၍ တောင်ပေါ်ချောင်းတို့သည် ဂျီနီးဗားနှင့် နျူရှားတဲအိုင်များသို့ ဒလဟော စီးဆင်းကြသည်။ တောင်တန်း၏ မြောက်ဘက်အစွန် ဆုံးတွင် ထင်ရှားကျော်စောသော ဗဲဲလဖောတောင်ကြား ရှိ၏။

ထိုတောင်ကြားလမ်းမှာ လူနေအစည်ကားဆုံးဖြစ်သော ပြင်သစ် နိုင်ငံတွင်းရှိ ဒေသကို ဖြတ်သွားလေရကား ပြင်သစ်နိုင်ငံ၏ အိမ်ရှေ့တံခါးပေါက်ဟု ဆိုနိုင်သည်။ ဂျူးရားတောင်တန်း၏ အနောက်တောင်ပိုင်းတွင် သစ်ပင်များ အလွန်ထူထပ်စွာ ပေါက် ရောက်လျက်ရှိသည်။ ထိုသစ်တောမှရသော သစ်သားတစ်မျိုးကို ကလေးကစားစရာပြုလုပ်ရန် အသုံးချကြသည်။ တောင်တန်း၏ ကုန်းမြင့်ဒေသတို့တွင် မြက်ခင်းလွင်ပြင်များရှိလေရာ ထိုဒေသ၌ သိုးကိုမွေးမြူကြသည်။ ဂျုံကိုလည်း စိုက်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)