မာတိကာသို့ ခုန်သွားရန်

ဂျိုင်းတံတား (ဇာသပြင်)

ဝီကီပီးဒီးယား မှ
ဂျိုင်း (ဇာသပြင်)တံတား မြန်မာ-ဂျပန်
ဂျိုင်း(ဇာသပြင်)တံတားသစ်
ဂျိုင်းတံတား (ဇာသပြင်) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဂျိုင်းတံတား (ဇာသပြင်)
ကိုဩဒိနိတ်16°33′54″N 97°43′57″E / 16.564899°N 97.732559°E / 16.564899; 97.732559
ဖြတ်သန်းမှုဂျိုင်းမြစ်
တည်နေရာမော်လမြိုင်မြို့
ပြုပြင်ထိန်းသိမ်းသူဆောက်လုပ်ရေး ဝန်ကြီးဌာန
အချက်အလက်များ
တံတားဒီဇိုင်းသံမဏိကြိုးဆိုင်းတံတား
စုစုပေါင်းအရှည်၂,၆၁၅ ပေ (၇၉၇ မီတာ)
အမြင့်၄၀ ပေ (၁၂ မီတာ)
ခံနိုင်ဝန်အားယာဉ်တစ်စီးချင်း ၇၅ တန်
ယဉ်လမ်းကြောင်းလေးလမ်းသွား
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်၃၀ ဒီဇင်ဘာ ၂၀၁၉
ဖွင့်ပွဲကျင်းပသည့်နေ့၈ မတ် ၂၀၂၆

ဂျိုင်း (ဇာသပြင်) တံတားသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်နယ်စပ်ရှိ ဂျိုင်းမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော သံမဏိကြိုးတံတား တစ်စင်း ဖြစ်သည်။ ဘားအံ-မော်လမြိုင်ကားလမ်းပေါ်တွင်တည်ရှိပြီး ဇာသပြင်အနောက်ရွာ၊ ဘားအံမြို့နယ် နှင့် ခရုံရွာ၊ ကျိုက်မရောမြို့နယ်တို့ကို ဆက်သွယ်ထားပြီး တည်ရှိသည်။

အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ တံတားကြီးကို ဂျပန်နိုင်ငံမှ ချေးငွေ JICA ODA Loan ဖြင့် ၂၀၁၉ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် စတင်တည်ဆောက်ခဲ့သည်။[] ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အခမ်းအနားဖြင့် တရားဝင် ဖွင့်လှစ်ပေးခဲ့သည်။[][]

ဂျိုင်း(ဇာသပြင်)တံတားအသစ်သည် သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏ အရှည်မှာ ၂,၆၁၅ ပေ (၇၉၇ မီတာ)၊ ယာဉ်သွားလမ်း အကျယ်လေးလမ်းသွား၊ ရေလမ်းကင်းလွတ်အကျယ် ၇၅၀ ပေ (၂၃၀ မီတာ) နှင့် အမြင့် ၄၀ ပေ (၁၂ မီတာ) ရှိကာ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။[]

တံတားဟောင်း

[ပြင်ဆင်ရန်]
ဂျိုင်း (ဇာသပြင်)တံတား
ဂျိုင်း(ဇာသပြင်)တံတားဟောင်း
ဖြတ်သန်းမှုဂျိုင်းမြစ်
တည်နေရာမော်လမြိုင်မြို့
ပြုပြင်ထိန်းသိမ်းသူဆောက်လုပ်ရေး ဝန်ကြီးဌာန
အချက်အလက်များ
တံတားဒီဇိုင်းသံမဏိကြိုးဆိုင်းတံတား
စုစုပေါင်းအရှည်၁.၅ ကီလိုမီတာ (၄,၉၀၀ ပေ)
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်၁၉၉၃
ဖွင့်လှစ်သည့်နေ့၁၉၉၆
ပိတ်သိမ်းသောနေ့၇ မတ် ၂၀၂၆

၁၉၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့၍ ၁၉၉၇ ခုနှစ်တွင် ပြီးစီးခဲ့သည်။ သံမဏိကြိုးဆွဲထားသောနေရာတွင် သံများခင်းထားသည်။ မြန်မာနိုင်ငံတွင် ၃ စင်းမြောက် အရှည်ဆုံး ကြိုးတံတားဖြစ်သည်။ ဂျိုင်းတံတား(ဇာသပြင်) သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ်ရှိ ဂျိုင်းမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော သံမဏိကြိုးတံတား တစ်စင်း ဖြစ်သည်။ အရှည်မှာ ၁.၅ ကီလိုမီတာ (၄,၉၀၀ ပေ) ရှိကာ ဇာသပြင်အနောက်ရွာ၊ ဘားအံမြို့နယ် နှင့် ခရုံရွာ၊ ကျိုက်မရောမြို့နယ် တို့ကို ဆက်သွယ်ထားသည်။ ဘားအံ-မော်လမြိုင်ကားလမ်းပေါ်တွင် တည်ရှိသည်။ ၁၉၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့၍ ၁၉၉၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။ သံမဏိကြိုးဆွဲထားသောနေရာတွင် သံများခင်းထားသည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. အာရှနှင့် အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်၌ ဂျိုင်းတံတားကြီး တည်ဆောက်နေ | Ministry Of Information (in en)။ 2026-03-09 တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဂျိုင်း(ဇာသပြင်)တံတားနှင့် အတ္ထရံတံတားဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ် | Ministry Of Information (in en)။ 2026-03-09 တွင် ပြန်စစ်ပြီး။
  3. မြန်မာ - ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်ခဲ့သော ဂျိုင်း (ဇာသပြင်) ကြိုးတံတားအသစ် နှင့် အတ္ထရံတံတား (မော်လမြိုင်) ကြိုးတံတားအသစ် တို့အား ဖွင့်လှစ် (in my)။ 2026-03-09 တွင် ပြန်စစ်ပြီး။
  4. နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဂျိုင်း(ဇာသပြင်)တံတားနှင့် အတ္ထရံတံတားဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ် (in my)။ 2026-03-09 တွင် ပြန်စစ်ပြီး။