ဂူဂဲလ် လမ်းပြမြင်ကွင်း
Google လမ်းပြမြင်ကွင်းသည် ဂူဂဲလ် မြေပုံနှင့် ဂူဂဲလ် ကမ္ဘာမြေတွင် အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲ တစ်မျိုးဖြစ်ပြီး ကမ္ဘာ့မြို့ကြီး အသီးသီး၏ လမ်းမများအား ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသည့် မြင်ကွင်းကျယ် ဓာတ်ပုံများကို ရှုမြင်နိုင်သည်။ ၂၀၀၇ ခုနှစ် မေ ၂၅ ရက်နေ့တွင် စတင်ခဲ့ပြီး အစကနဦးကာလတွင် အမေရိကန် ပြည်ထောင်စုရှိ မြို့အနည်းငယ်၏ လမ်းမများကိုသာ ကြည့်ရှုနိုင်ပြီး နောက်ပိုင်းတွင် အခြားနိုင်ငံမှ မြို့ကြီးများအထိ တိုးချဲ့လာသည်။[၁]
Google လမ်းပြမြင်ကွင်းမှ ဓာတ်ပုံများကို ရှုထောင့်စုံ ကင်မရာ တပ်ဆင်ထားသော ကားဖြင့် လမ်းတလျှောက်သွားကာ ရိုက်ယူထားခြင်း ဖြစ်သည်။ ကားမဝင်နိုင်သည့် လမ်းမြှောင်၊ လမ်းကျဉ်းများနှင့် လူသွားလမ်းများတွင်မူ "Google Trikes" ခေါ် ဆိုက်ကားကဲ့သို့သော ယာဉ်ဖြင့် ရိုက်ကူးသည်။[၂] အရပ်လေးမျက်နှာ 360° မြင်ကွင်းကို ထိုယာဉ်များပေါ်၌ အမြင့် ၂.၅ မီတာတွင် တပ်ဆင်ထားသည့် ရှုထောင့် ၉ ခုပါ ကင်မရာများဖြင့် ရိုက်ယူသည်။ [၃]
Google လမ်းပြမြင်ကွင်း ရနိုင်သည့် မြို့၏ Google မြေပုံပေါ်တွင် မိမိရှာလိုရာ လမ်းပေါ်သို့ လိမ္မော်ရောင် လူရုပ်ကလေးအား မောက်စ်ဖြင့် ဖိဆွဲကာ ကြည့်ရှုနိုင်သည်။ မြေပုံ၏ လက်ယာဘက် အထက်ထောင့်ရှိ မျှားများကို နှိပ်ခြင်းဖြင့် ကြည့်လိုရာ ရှုထောင့်ကို ရွှေ့ယူနိုင်သကဲ့သို့ အပေါင်း၊ အနုတ် လက္ခဏာများကို နှိပ်ကာ ဓာတ်ပုံကို ချဲ့နိုင်၊ ကျုံ့နိုင်သည်။ အဝါရောင်လိုင်းပေါ်ရှိ မျှားကို နှိပ်ခြင်းဖြင့် ရှေ့တိုး နောက်ဆုတ်နိုင်သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ car in Zuienkerke, a rural village in BelgiumDecember 2020 မှ Category:ပြင်ပလင့် သေနေသော ဆောင်းပါးများ[လင့်ခ်သေ]
- ↑ googlemaps trike on FlickrGoogle Street View snowmobile on Google Lat Long blog
- ↑ Turnbull၊ James။ A couple of thoughts on Street View « Rotacoo။ Rotacoo.com။ 7 September 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-27 တွင် ပြန်စစ်ပြီး။