ဂူဂဲလ် မြေပုံ

ဝီကီပီးဒီးယား မှ
Google Maps
အမျိုးအစားWeb mapping
အရေးပါ ပုဂ္ဂိုလ်Jens Eilstrup Rasmussen
(တီထွင်သူ၊ စီးပွားရေးပညာရှင်)
Lars Rasmussen (ပူးတွဲတည်ထောင်သူ)
ပိုင်ဆိုင်သူGoogle
ဝက်ဘ်ဆိုဒ်google.com/maps
ပရိုဂရမ်းမင်း ဘာသာစကားC++ (back-end), JavaScript, XML, Ajax (UI)
မှတ်ပုံတင်ခြင်းOptional, included with a Google Account
ရရှိနိုင်သည့် ဘာသာစကားMultilingual
လွှင့်တင်သည့်နှစ်ဖေဖော်ဝါရီ ၈၊ ၂၀၀၅; ၁၉ နှစ် အကြာက (၂၀၀၅-၀၂-08)
လက်ရှိ အခြေအနေသက်ဝင်နေဆဲ
A monument in the shape of Google Maps pointer in the center of the city of Szczecin, Poland

Google Maps သည် Google ကုမ္ပဏီ၏ web mapping ဝန်ဆောင်မှုဖြစ်ပြီး ခြေကျင်၊ ဆိုင်ကယ်၊ မော်တော်ကား၊ အများပြည်သူခရီးသွားလာရေးများနှင့်သက်ဆိုင်သော လမ်းများ၏ ဂြိုဟ်တုမြေပုံများကို ဆောင်ရွက်ပေးသည်။ Google Maps အား ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် လွှင့်တင်ခဲ့သည်။[၁] Google Maps သည် API ကို ထောက်ပံ့လိုက်သောကြောင့် third-party ဝဘ်ဆိုဒ်များတွင် embedded လုပ်ကာ ထည့်သွင်းစေနိုင်ခဲ့သည်။[၂] Google Map Maker မှ ကမ္ဘာအနှံ့ အသုံးပြုသူများကို ပူးပေါင်းပါဝင်စေခဲ့ကာ တိုးချဲ့လာအောင် ဆောင်ရွက်ပေးခဲ့သည်။ Google Maps သည် အောက်ကိုငုံ့ကြည့်သော မြင်ကွင်း (ငှက်မြင်ကွင်း) ဖြစ်သည်။ မြို့ကြီးများ၏ မြင်ကွင်းသည် ပေ ၈၀၀ မှ ၁၅၀၀ အမြင့် ဝေဟင်မှ ရိုက်ကူးထားခြင်းဖြစ်ပြီး အများစုမှာ ဂြိုဟ်တုပုံများကို အသုံးပြုထားသည်။[၃] ဂြိုဟ်တုပုံရိပ် အတော်များများသည် ၃ နှစ် ကြာမြင့်နေပြီး ပုံမှန် အဆင့်မြင့်တင်ပေးသည်။[၄] Google Maps သည် Mercator projection ကိုအသုံးပြုထားသောကြောင့် ဝင်ရိုးစွန်းအနားနယ်မြေများကို အတိအကျ မဖော်ပြပေးနိုင်ပေ။ စားပွဲတင် ကွန်ပျူတာတွင် အသုံးချနိုင်သော လက်ရှိပြန်လည်မွမ်းမံထားသည့် Google Maps ဗားရှင်းအား ၂၀၁၃ ခုနှစ်တွင် ထုတ်ပေးခဲ့သည်။ မိုဘိုင်းဖုန်းများအတွက်မူ ၂၀၀၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည်။ ၂၀၁၃ ခုနှစ်အရ Google Maps သည် ကမ္ဘာ့လူသုံးအများဆုံး မိုဘိုင်း app အဖြစ် စာရင်းဝင်ခဲ့သည်။[၅] ၂၀၁၂ ခုနှစ်တွင် Google ကုမ္ပဏီမှ Google Maps အတွက် ပုံရိပ်များ ဖမ်းယူပေးသည့် ဝန်ထမ်းပေါင်း ၇၁၀၀ ယောက်ရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။[၆]


ကိုးကား[ပြင်ဆင်ရန်]

  1. Google Company: Our history in depth။ Google။ June 13, 2016 တွင် ပြန်စစ်ပြီး။
  2. What is the Google Maps API?
  3. Blurry or Outdated Imagery
  4. How Often is Google Maps and Google Earth Updated? Archived 3 December 2013 at the Wayback Machine.. Technicamix.com (2011-10-18). Retrieved on 2013-11-24.
  5. Google+ Smartphone App Popularity။ Business Insider။ 2013-09-06 တွင် ပြန်စစ်ပြီး။
  6. Carlson၊ Nicholas။ To Do What Google Does In Maps, Apple Would Have To Hire 7,000 People။ 20 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-03-06 တွင် ပြန်စစ်ပြီး။