ဂူဂဲလ်မျက်မှန်

ဝီကီပီးဒီးယား မှ
ဂူဂဲလ်မျက်မှန် လိုဂို
ဂူဂဲလ်မျက်မှန် လိုဂို
ဂူဂဲလ်မျက်မှန် လိုဂို
Google Glass Explorer Edition
အခြားအမည်Project Glass
ဖန်တီးသူဂူဂယ်လ်
ထုတ်လုပ်သူFoxconn
ပစ္စည်းအမျိုးအစားAugmented reality (AR), Optical head-mounted display (OHMD), ဝတ်ဆင်နိုင်သောနည်းပညာ၊ ဝတ်ဆင်နိုင်သောကွန်ပျူတာ
ဖြန့်ချီသည့်နေ့Developers (US): ဖေဖော်ဝါရီ ၂၀၁၃ (ဖေဖော်ဝါရီ ၂၀၁၃)[၁]
Consumers (US): currently unknown[၂]
စတင်ရောင်းချသည့်စျေးနှုန်းExplorer version: $1,500 USD
Consumer edition: "close to the average smartphone"[၃]
စက်မောင်းစနစ်Glass OS[၄] (Google Xe Software[၅])
ပါဝါ570 mAh Internal lithium-ion battery
စီပီယူOMAP 4430 System on a chip, dual-core processor[၆]
မှတ်ဉာဏ်2 GB RAM[၇]
သိုလှောင်နိုင်မှုစွမ်းအားစုစုပေါင်း ၁၆ GB[၆] (အသုံးပြုနိုင်သော မှတ်ဉာဏ် ၁၂GB)[၈]
ပြသပေးနိုင်မှုPrism projector, 640×360 pixels (equivalent of a ၂၅ in/၆၄ cm screen from ၈ ft/၂.၄ m away[၈])
အသံBone conduction transducer[၈]
Inputမိုက်ခရိုဖုန်းမှ တဆင့် အသံဖြင့် စေခိုင်းခြင်း၊[၈] accelerometer,[၈] ဂျိုင်ရိုစကုပ်[၈] magnetometer,[၈] ambient light sensor, proximity sensor
Controller inputTouchpad, MyGlass phone mobile app
ကင်မရာ5 Megapixel photos
720p video[၈]
ဆက်သွယ်နိုင်မှုWi-Fi 802.11b/g,[၈] Bluetooth,[၈] micro USB
အလေးချိန်၃၆ ဂရမ် (၁.၂၇ အောင်စ)
နောက်ကြောင်းပြန်
လိုက်လျောညီထွေဖြစ်မှု
Any Bluetooth-capable phone; MyGlass companion app requires Android 4.0.3 (Ice Cream Sandwich) or higher or any iOS 7.0 or higher[၈]
ဆက်စပ်အမျိုးအစားများOculus Rift
ဝက်ဘ်ဆိုဒ်google.com/glass

ဂူဂဲလ်မျက်မှန်ကို ဂူဂဲလ်ကုမ္ပဏီက တီထွင်ထုတ်လုပ်သည်။ ထိုမျက်မှန်ကို ဝတ်ဆင်နိုင်သောကွန်ပျူတာ (wearable computer) အမျိုးအစားအဖြစ် သတ်မှတ်သည်။ အသုံးပြုသူ၏ မြင်ကွင်းအတွက် အကြည်‌ရောင်ဖန်တုံးတစ်ခုကို အသုံးပြုသည်။ ထိုစနစ်ကို optical head-mounted display(OHMD)ဟု ‌ခေါ်သည်။ ဂူဂဲလ်မျက်မှန်ဖြင့် ယ‌နေ့‌ခေတ်အသုံးပြု‌နေသည့် စမတ်ဖုန်းများအတွင်းမှ လုပ်ငန်း‌ဆောင်တာများကို လုပ်ကိုင်နိုင်သည်။ စမတ်ဖုန်းကို လက်ဖြင့် ကိုင်တွယ်အသုံးပြုမည့်အစား ဂူဂဲလ်မျက်မှန်ကို အစားထိုး အသုံးပြုနိုင်မည်ဖြစ်သည်။[၉] စမတ်ဖုန်းသည် ကွန်ပျူတာအ‌သေးစားတစ်မျိုးဖြစ်သကဲ့သို့ ဂူဂဲလ်မျက်မှန်သည်လည်း ကွန်ပျူတာအ‌သေးစားဖြစ်လာမည်ဖြစ်သည်။ ထိုမျက်မှန်ကို ဝတ်ဆင်ထားပြီး ဖုန်း‌ပြောခြင်း၊ အင်တာနက် အသုံးပြုခြင်းနှင့် ‌ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်များကိုလည်း အသုံးပြုနိုင်၍ အသုံးပြုသူက ဂူဂဲလ်မျက်မှန်ကို အသံဖြင့်လည်း ခိုင်း‌စေနိုင်မည်ဖြစ်သည်။ မျက်မှန်တပ်ဆင်ရသူများနှင့် မျက်မှန်တပ်ဆင်ရန် မလိုအပ်သူများလည်း ဂူဂဲလ်မျက်မှန်ကို အသုံးပြုနိုင်သည်။ မျက်မှန်တပ်ရသူများသည် မိမိတို့၏ မူလ မျက်မှန်တွင် ပူးတွဲ၍တပ်ဆင်နိုင်သည်။ ‌နေကာမျက်မှန်ကဲ့သို့ အလှတပ်ဆင်ရသည့် မျက်မှန်အမျိုးအစားများတွင်လည်း တပ်ဆင်နိုင်သည်။ ဂူဂဲလ်မျက်မှန်အတွက် ကမ္ဘာ‌ကျော်မျက်မှန်ကုမ္ပဏီများဖြစ်သည့် Luxottica, Ray -Ban, Oakley အစရှိသည့် လုပ်ငန်းများ နှင့်တွဲဖက်၍ မျက်မှန်ဒီဇိုင်းများကို ထုတ်လုပ်ရန်စီစဉ်ကြသည်။

၂ဝ၁၄ ခုနှစ်၊ ‌မေ ၁၅ ရက်က ဂူဂဲလ်မျက်မှန်ကို အ‌မေရိကတွင် တရားဝင် မိတ်ဆက်ဖြန့်ချိခဲ့သည်။[၁၀] တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၅ဝဝ ဖြစ်သည်။ ဂူဂဲလ်အန့်ဒရိုက် (Android)၊ အိုင်အိုအက်စ် (iOS) တို့ဖြင့်လည်း ဂူဂဲလ်မျက်မှန်ကို တွဲဖက်အသုံးပြုနိုင်မည်ဖြစ်သည်။ ဂူဂဲလ်မှထုတ်‌သော ဂျီမေးလ်အပါအဝင် အခြား‌သော အက်ပ်(app)များကိုလည်း ဂူဂဲလ်မျက်မှန်တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး အိုင်အိုအက်စ် အတွက် အက်ပ်ကို My Glass ဟု အမည်‌ပေးထားကြသည်။

စာညွှန်း[ပြင်ဆင်ရန်]

  1. Miller၊ Claire Cain။ "Google Searches for Style"၊ The New York Times၊ February 20, 2013။ March 5, 2013 တွင် ပြန်စစ်ပြီး 
  2. GadgetsNDTV
  3. Coldewey၊ Devin (February 23, 2013)။ Google Glass to launch this year for under $1,500Gadgetbox။ NBC News။ February 23, 2013 တွင် ပြန်စစ်ပြီး။
  4. KitKat for Glass။ Google (February 28, 2014)။ 8 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 December 2015 တွင် ပြန်စစ်ပြီး။
  5. Google glass fans၊ 21 February 2016 တွင် မူရင်း အား မော်ကွန်းတင်ပြီး28 December 2015 တွင် ပြန်စစ်ပြီး.
  6. ၆.၀ ၆.၁ Torberg၊ Scott (June 11, 2013)။ Google Glass TeardownTechRadar။ June 12, 2013 တွင် ပြန်စစ်ပြီး။ “With a native resolution of 640x360, the pixels are roughly 1/8th the physical width of those on the iPhone 5's retina display.”
  7. Fitzsimmons၊ Michelle။ "Google Glass gets more memory, photo-framing viewfinder"၊ Tech radar၊ June 24, 2014။ 
  8. ၈.၀၀ ၈.၀၁ ၈.၀၂ ၈.၀၃ ၈.၀၄ ၈.၀၅ ၈.၀၆ ၈.၀၇ ၈.၀၈ ၈.၀၉ ၈.၁၀ Tech specsGoogle (April 16, 2013)။ April 18, 2013 တွင် ပြန်စစ်ပြီး။
  9. Albanesius၊ Chloe။ "Google 'Project Glass' Replaces the Smartphone With Glasses"၊ PC Magazine၊ April 4, 2012။ April 4, 2012 တွင် ပြန်စစ်ပြီး 
  10. "Here's your chance to get Google glass"Gadget cluster၊ Apr 2014၊ 6 May 2017 တွင် မူရင်း အား မော်ကွန်းတင်ပြီး28 December 2015 တွင် ပြန်စစ်ပြီး.
  1. ဂူဂဲလ်မျက်မှန်၊ ဟန်ဇော်၊ ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်း၊ ဇူလိုင်လ ၂ဝ၁၄ ခုနှစ်
  2. http://www.hansann.com/?p=748 Archived 4 December 2016 at the Wayback Machine.