ဂိုဏ်းသင့်မည်စိုး

ဝီကီပီးဒီးယား မှ

ဂိုဏ်းသင့်မည်စိုး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

မောင်ဉာဏ်ကျယ် စာချိုးမှားသည်ကို ပြဆိုသော သံချိုကဗျာ ဖြစ်သည်။

ဂိုဏ်းသင့်မည်စိုး[ပြင်ဆင်ရန်]

နန်းတည်ထောင် မန်းပြည် ကနက်တွင်မှ၊ စည်နှက်ခါ ပဟိုရ်သံနှင့် နတ်ရွာစံ ဓာတသမ္ဘာကြီးလှတဲ့၊ ရာထီးပိုင် ဧကရာဇ်ဩ၊ သွေးရင်နှစ်ရွှေလင်းခံ။

ရွှေယွန်းပေါင်ပြောင် စတန်းငယ်နှင့်၊ တောင်နန်းလျာမှန်းကာထားသူက၊ ရွှေနားတော်ဆင်ရန်ဘို့၊ သဘင်ဉာဏ် ပညာကောင်းလှတဲ့၊ ရွာမောင်းထောင် ကျွန်တယောက်ကဲ့ကို၊ ရွေးကောက်ခဲ့ပြန်။

ပထမကျော် စာတော်ပြန်သည့်၊ ရွှေနန်းဘုရာင်သမုနှင့်၊ ဆင်ဖြူရှင်မယ်တော်ကြီး၏၊ သ္မီးတော်မဟေသီမို့၊ ဒေဝီစုံရွှေညီခရ၊ ဇီဝနာမ်မကွယ်လို့သာပ၊ ဆံပယ်ကာ ရန်စွယ်ကင်းစေတော့၊ စလင်းသခင် ပိတ်ဖြူအုပ်ကယ်နှင့်၊ ဘိက္ခူလုပ်၍နေရှာပြန်၊ ဇာတာကံကုန်ညှိုး။

ကုလဝံသာဘိံနှင့်၊ ဇာတိမှန်ဆွေတော်ရင်းကိုမှ၊ စလင်းငယ်သူပုန်မငယ်လို့၊ ကြံရရှာ ဆိုကာချိုးဝံ့ပေ့၊ မဟာမျိုးနွယ်ဟူသမျှတို့၊ မူလအခြေကို မျှော်လိုကရင်၊ ရဝေပျော် ဆွေတော်မျိုးမဟာတို့၊ မျှော်ကိုးကာညှာမလင့်ပြီဘူ့၊ မင်းလိုလူစသင်းဆိုလိုချက် ဖွင့်ရက်ပေ့၊ နှိုင်းစာနာ တိုင်းထွာမချင့်သူမို့၊ ဂိုဏ်းသင့်မှာစိုး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ မန်းပြည်ကနက် = အနက္ကဒဏ် ထီးဖြူ လွှင့်ထူထားသော မန္တလေး နေပြည်တော်။

၂။ ဓာတ်သမ္ဘာ = ပါရမီ အဆောက်အဦ ဖြစ်သော မူလဓာတ်ခံ။

၃။ ဘုရင်သမု = သမုတိဘုရင်။

၄။ ဇီဝနာမ် = အသက်နာမ်တရား။

၅။ ကုလဝံသာဘိ = လွန်ကဲမြင့်မြတ်သော အမျိုးအနွယ်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။