ဂိုဏ်းလှပ်လို့ကွင်း

ဝီကီပီးဒီးယား မှ

ဂိုဏ်းလှပ်လို့ကွင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဂိုဏ်းလှပ်လို့ကွင်း[ပြင်ဆင်ရန်]

စိုင်ဝေလာ တေဇာထက်ပါဘိ၊ ခွာခွက်ရေရွှေဖလားနှင့်၊ ငွေနားမွန်ကျူချွန်လှီးလေသို့၊ နှုတ်သီးမှာ ရွှေတာဖုံးပါလို့၊ မျက်လုံးဝယ် ကြွက်ဂယ်လောင်းနှင့်၊ ခေါင်းရေဆုတ် ရွှေယုန်နှယ်။

နာနှစ်စုံကြာအုံပွင့်ကဲ့သို့၊ မြုံနှင့်ရင်တင်ကျဖီးလို့၊ အမြီးဆံနှုန်းပြိုင်ဆရင်ဖြင့်၊ အုန်းခိုင်ကျဘွယ်။

စက်ပဒေါင်းကဲ့သို့၊ လက်ကောင်းပုံမောင်းအုံက ပွေ့ပါလို့၊ ခေါင်းရှေ့မှာ ပွေကာရှုပ်ကရော့၊ ပလုပ်တုတ် ပုံတောင် နှက်လေသို့၊ လေးဘက်ကျခြေလှမ်းကျယ်၊ မန်းနယ်ထိပြိုင်ဘက်ကင်း။

တိုက်အလုံး ရိုက်ချုန်းကာ အာကာခြုံလို့၊ သမ္ဘာဟုန်အခြေပြောင်တဲ့၊ ရွှေတောင်ပိုင် မောင်မောင်ဆင့်၏၊ ဖဲပွင့်ညိုကျောက်ပတ္တမြားကဲ့သို့၊ မြှောက်စားတင် အရင်မြင်းနှင့်၊ ရထားတွင် ထပ်ကာသွင်းရလျှင်၊ နတ်နင်းသည့် အဿဓိုရ်ကဲ့သို့၊ မြမြင့်မိုရ်ဘွေအာလိန် နှင့်၊ တာဝတိန် ဘုံစဉ်ထိစေထဲ့၊ နေမိကျော် ဆယ်စောင်ဇာတ်ကယ်နှင့်၊ နှိုင်းစာနာ မတိုင်းတာအပ်မည်ကြောင့်၊ ဂိုဏ်းလှပ်လို့ကွင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ စိုင်ဝေလာ = မြင်းကိုခေါ်သော အမျိုးအမည်စကား။

၂။ ကျူချွန် = ကျူဝါး၏ အရွက်ချွန်။

၃။ ပလုပ်တုတ် = ဆိုင်းထဲတွင်ရှိသည့် ဗျောတီးရာတွင် သုံးသောဗုံငယ်။

၄။ ပုံတောင် = သားရေဖြင့် ကြက်ထားသည့် နှစ်ဖက်ပိတ်ဗုံရှည်။

၅။ အဿဓိုရ် = တိမ်ညွန့်သို့ ပျံသည့်မြင်းမျိုး။

၆။ အာလိန် = မြင့်မိုရ်တောင်ကို တက်သော အာလိန်ငါးဆင့်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။