ဂရုဘဏ်

ဝီကီပီးဒီးယား မှ

ဂရုဘဏ်ဆိုသည်မှာ ရဟန်းတို့၌ ဝိနည်းတော်အရ ခွဲဝေမပေးကောင်းသော သံဏိကပစ္စည်းဖြစ်သည်။ ရဟန်းတို့၌ ဂရုဘဏ်ပရိက္ခရာ၊ လဟုဘဏ်ပရိက္ခရာဟူ၍ ၂ မျိုးရှိရာ ဂရုဘဏ်ပရိက္ခရာကို သံဃာအားဖြစ်စေ၊ ပုဂ္ဂိုလ်အားဖြစ်စေ စွန့်လည်းမစွန့်အပ်၊ ဝေဖန်လည်း မဝေဖန်အပ်ချေ။ စွန့်လျှင် ဝေဖန်လျှင် ထုလ္လစ္စဉ်းအာပတ်သင့်သည်ဟူ၍ မြတ်စွာဘုရား ဝိနည်းတော်၌ ပညတ်တော်မူသည်။ ထုလ္လစ္စဉ်းအာပတ်ဆိုသည်ကား ဒေသနာကြား၍ ဖြေရသည့်အာပတ် ၅ ပါးတွင် အကြီးလေးဆုံးသော အာပတ်ဖြစ်သည်။

ဂရုဘဏ်ပရိက္ခရာကား ၂၅ ပါး ရှိသည်။ ယင်း ၂၅ ပါး ကား အာရာမ၊ အာရာမဝတ္ထု၊ ဝိဟာရ၊ ဝိဟာရဝတ္ထု၊ ညောင်စောင်း၊ အင်းပျဉ်၊ ဘုံလျှိုအုံး၊ ကြေးအိုး၊ ကြေးအိုးစရည်း၊ ကြေးအင်တွဲ၊ ကြေးဖျဉ်း၊ ပဲခွပ်၊ ပုဆိန်၊ ပေါက်တူး၊ ဓား၊ ဆောက်၊ နွယ်၊ ဝါး၊ ဖြူဆံမြက်၊ ပိတ်မြက်၊ သက်ကယ်၊ မြေစိုင်၊ သစ်ဘဏ္ဍာ၊ မြေဘဏ္ဍာတို့ ဖြစ်သည်။ ဤဂရုဘဏ် ပရိက္ခရာ ၂၅ ပါးမှ တစ်ပါး အခြားသော ရဟန်းပရိက္ခရာ ဟူသမျှမှာ လဟုဘဏ်ပရိက္ခရာများဖြစ်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)