မာတိကာသို့ ခုန်သွားရန်

ဂယ်ဂဒေါ့

ဝီကီပီးဒီးယား မှ
Gal Gadot
Gadot in 2019
မွေးဖွား (1985-04-30) ၃၀ ဧပြီ၊ ၁၉၈၅ (အသက် ၄၁)
Petah Tikva, Israel
နိုင်ငံသားအစ္စရေး
မိခင်ကျောင်းIDC Herzliya
အလုပ်အကိုင်
  • Actress
  • model
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၄–လက်ရှိ
အရပ်၁၇၈ cm (၅ ft ၁၀ in)[၁]
အိမ်ထောင်ဖက်(များ)Yaron Varsano (လက်ထပ် 2008)
သားသမီး၂
ရရှိသည့်ဆုများMiss Israel 2004
ဝက်ဘ်ဆိုဒ်galgadot.com

ဂယ်ဂဒေါ့ (အင်္ဂလိပ်: Gal Gadot-Varsano)[၂] (/ɡəˈdɒt/;[၃] ဟီဘရူး: גל גדות [ˈɡal ɡaˈdot];[၄] (၃၀ ဧပြီ ၁၉၈၅ မွေးဖွား)[၅] သည် အစ္စရေးနိုင်ငံ မှ အလှမယ်နှင့် ရုပ်ရှင်မင်းသမီးဖြစ်သည်။ အစ္စရေးနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့ပြီး အသက် ၁၈ နှစ်အရွယ်၌ Miss Israel (၂၀၀၄) ကို ဆွတ်ခူးခဲ့သည်။ သူမသည် အစ္စရေးနိုင်ငံ၏ ကာကွယ်ရေးတွင် တိုက်ခိုက်ရေးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် IDC Herzliya ကောလိပ်၌ မော်ဒယ်နှင့် သရုပ်ဆောင်ပညာရပ်များကို လေ့လာဆည်းပူးခဲ့သည်။[၆] ဂယ်ဂဒေါ့သည် The Fast and the Furious ရုပ်ရှင်ဇာတ်လမ်းတွဲတွင် Gisele Yashar အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူမသည် Wonder Woman ရုပ်ရှင်ဇာတ်လမ်းဖြင့် လူသိများလာခဲ့သည်။ ဂဒေါ့သည် Batman v Superman: Dawn of Justice, Justice League စသည့်ရုပ်ရှင်များ၌လည်း Wonder Woman အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၇][၈]

ဂဲ ဂဒေါ့အား ပီတာ့တိတ်ဗာမြို့တွင် မွေးပြီး အဆိုပါမြို့အနီးရှိ ရာ့ဟာရင်မြို့ ၌ ကြီးပြင်းသည်။ ဟီဘရူးဘာသာစကားဖြင့် ဂဲ ဆိုသည်မှာ လှိုင်းဟု ဆိုလိုပြီး ဂဒေါ့မှာ မြစ်ကမ်းဟူ၍ ဖြစ်သည်။ ဖခင် မိုက်ကယ် ဂဒေါ့မှ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ အိုင်ရစ် (Irit) မှာ ဆရာမတစ်ဦး ဖြစ်သည်။ မိဘနှစ်ဦးစလုံးမှာ အစ္စရေးဖွားများ ဖြစ်သည်။ ဂဒေါ့၌ ဒါနာအမည်ရှိ ညီမတစ်ဦး ရှိသည်။[၉]

အထက်တန်းကျောင်းသူဘဝက ဇီဝဗေဒအား အဓိကဘာသာအဖြစ် ယူသည်။ သူမ၏အရပ်မြင့်မှုကြောင့် ဘက်စကတ်ဘောအား ကောင်းစွာကစားနိုင်ခဲ့သည်ဟု ဆိုသည်။ [၁၀] ဆယ်ကျော်သက်ဘဝ၏ ပထမဆုံးအလုပ်အကိုင်မှာ ဘာဂါကင်း၌ ကလေးထိန်းခြင်း ဖြစ်သည်။ အရွယ်ရောက်သော် ဟာဇယ်လီယာရှိ အိုင်ဒီစီကျောင်းတွင် ဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များကို ဆည်းပူးသည်။

စစ်မှုထမ်း ဘဝ

[ပြင်ဆင်ရန်]

အစ္စရေးကာကွယ်ရေးတပ်မတော်တွင် တိုက်ခိုက်ရေးနည်းပြအဖြစ် နှစ်နှစ်ကြာ အမှုထမ်းသည်။ ဤအတွေ့အကြုံများက Fast & Furious ဇာတ်ကားအား သရုပ်ဆောင်ရာတွင် အရေးပါကြောင်း ဖွင့်ဟဖူးသည်။[၁၁]

မော်ဒယ်နှင့် အလှမယ် ဘဝ

[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ်၊ အစ္စရေးအလှမယ် အဖြစ် သရဖူဆောင်းသည်။ အီကွေဒေါသို့ သွားရောက်ကာ စကြာဝဋ္ဌာအလှမယ် အဖြစ် သွားရောက်ယှဉ်ပြိုင်သော်လည်း ဆုရခြင်း မရှိပေ။

၂၀၀၇ ခုနှစ်တွင် Maxim မဂ္ဂဇင်းမှ "အစ္စရေးတပ်မှ စစ်သမီးများ" ​ခေါင်းစီးဖြင့် ဓာတ်ပုံရိုက်ကူးရာတွင် ပါဝင်ခဲ့သည်။[၁၂] ဂဒေါ့၏ပုံကို အဆိုပါအထူးထုတ်မဂ္ဂဇင်းအတွက်ပြုလုပ်သော ပါတီသို့ဖိတ်ကြားစာတွင် ထည့်သွင်းထားသည်။ ၎င်းပုံကို နယူးယောက်ပို့စ် သတင်းစာ၏ မျက်နှာဖုံးအဖြစ်လည်း ဖော်ပြခံရသည်။

၂၀၀၈ ခုနှစ်တွင် အစ္စရေး၏ နာမည်အကြီးဆုံးအဝတ်အထည်တံဆိပ် ကတ်စထရိုအတွက် ရှေ့ထွက်မော်ဒယ်အဖြစ် ရွေးချယ်ခံရသည်။

သရုပ်ဆောင် ဘဝ

[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ်တွင် အစ္စရေးအချစ်ဇာတ်ကား Bubot (မြန်မာလို အရုပ်များ) တွင် ပါဝင်ကာ သရုပ်ဆောင် ဘဝ စတင်သည်။

၂၀၀၉ ခုနှစ်တွင် ဗန် ဒီဇယ် နှင့် ပေါလ် ဝေါကာ တို့ အဓိကပါဝင်သည့် Fast & Furious ဇာတ်ကားတွင် ဂီစလီ ယာရှာ အဖြစ် သရုပ်ဆောင်သည်။

တွမ် ခရုစ် နှင့် ကင်မရွန်း ဒီရက် တို့ အဓိကသရုပ်ဆောင်သည့် ၂၀၁၀ ထုတ် Knight and Day ဇာတ်ကားတွင် တွမ် ခရုစ်၏ ရန်သူ့လက်ထောက် နာအိုမီ နေရာမှ ပါဝင်သည်။ Date Night ဇာတ်ကား၌လည်း မာ့ခ် ဝဲလ်ဘာ့ ၏ အစ္စရေး ရည်းစား နာတာညာ နေရာ၌ သရုပ်ဆောင်သည်။

၂၀၁၁ ခုနှစ်တွင် Fast & Furious ဇာတ်ကားတွဲမှ Fast Five ဇာတ်ကားတွင် ပြန်လည် ပါဝင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အဆိုပါဇာတ်ကားတွဲမှ Fast Fix ဇာတ်ကား၌ ပါဝင်ခွင့် ရပြန်သည်။

၂၀၁၆ ခုနှစ်တွင် စူပါဟီးရိုးဇာတ်ကားတစ်ကားဖြစ်သည့် Batman v Superman: Dawn of Justice ၌ Wonder Woman အဖြစ် ပါဝင်သည်။ အဆိုပါဇာတ်ရုပ်အတွက် ဓားခုတ်နည်း၊ ကန်ကျောက်နည်းများအပြင် ဂျူဂျစ်ဆု၊ ကွန်ဖူးကဲ့သို့ ကိုယ်ခံပညာများကိုပါ လေ့လာခဲ့ရသည်။ ကိတ် ဝင်းစလက် နှင့် အာရွန် ပေါလ် တို့ ပါဝင်ထားသည့် Triple 9 အမည်ရှိ အသတ်အပုတ်ဇာတ်ကားတွင် ဇာတ်ရန် အယ်လီနာနေရာမှ သရုပ်ဆောင်ခဲ့သေးသည်။[၁၃] Criminal အမည်ရှိ ဇာတ်ကားတွင်လည်း ရိုင်ယန် ရေးနော့ ၏ ဇနီးနေရာမှ ပါဝင်ခဲ့သေးသည်။

၂၀၁၇ ခုနှစ်တွင် လူကြိုက်များသည့် သူမ၏ဇာတ်ရုပ် Wonder Woman အား ဇာတ်ကားအဖြစ် ဇာတ်ကြောင်းပြန် သရုပ်ဖော်သည်။[၁၄] Justice League ဇာတ်ကားတွင် ထည့်သွင်းထားသည့် Wonder Woman နေရာမှလည်း ပါဝင်သည်။

ရုပ်ရှင်အနုပညာအတတ်ပညာအကယ်ဒမီ၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ၂၀၁၇ ခုနှစ်တွင် ကမ်းလှမ်းခံရသည်။[၁၅]

ကိုယ်ပိုင် ဘဝ

[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ်တွင် အစ္စရေး အိမ်ခြံမြေအကျိုးဆောင် ယာရွန် ဗာဆာနိုနှင့် လက်ထပ်သည်။ အယ်မာ (၂၀၁၁) နှင့် မာယာ (၂၀၁၇) ဟူသော သမီးနှစ်ဦ: ရှိသည်။[၁၆] တဲလ် အာဗစ်မြို့တွင် ဟိုတယ်တစ်လုံး ပိုင်ဆိုင်သော်လည်း ၂၀၁၅ ခုနှစ်တွင် ရိုမန် အေဗရာမိုဗစ် အား ဒေါ်လာ ၂၆ သန်းဖြင့် ရောင်းချထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Kadmi၊ Sivan။ "גל גדות" (in he)၊ Ynet၊ 1 April 2010။
  2. ↑ גל גדות על פרשת אופק בוכריס: "איפה הצדק?"။
  3. ↑ Scott၊ Becky (30 May 2017)။ Have You Been Pronouncing Gal Gadot Wrong?။ The Forward။
  4. ↑ IMAX (15 May 2017)။ Wonder Woman: Gal Gadot and Chris Pine။
  5. ↑ Gal Gadot။ AllMovie.com။ 20 January 2016 တွင် ပြန်စစ်ပြီး။
  6. ↑ Gal Gadot Kicks Ass။ GQ Magazine။ 15 November 2017 တွင် ပြန်စစ်ပြီး။
  7. ↑ Fleming၊ Mike (4 December 2013)။ Emerging Star Gal Gadot Set For Wonder Woman In 'Batman Vs. Superman'။ Deadline.com။ 4 December 2013 တွင် ပြန်စစ်ပြီး။
  8. ↑ "Gal Gadot to Play Wonder Woman in 'Batman vs. Superman'"၊ 4 December 2013။ 4 December 2013 တွင် ပြန်စစ်ပြီး။
  9. ↑ Gal Gadot’s Family: 5 Fast Facts You Need to Know | Heavy.com။ 27 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2018 တွင် ပြန်စစ်ပြီး။
  10. ↑ http://www.ynet.co.il/articles/0,7340,L-3868197,00.html
  11. ↑ Chatting With 'Fast Five' Star Gal Gadot – The Forward။ 18 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2018 တွင် ပြန်စစ်ပြီး။
  12. ↑ The Chosen Ones: Israeli Defense Forces - Maxim
  13. ↑ Open Road Acquires Domestic On ‘Triple 9’; Michael B. Jordan, Aaron Paul, Gal Gadot, Michael Pena Join Killer Cast | Deadline
  14. ↑ Gal Gadot cast as Wonder Woman: Comics world reacts on Twitter | Hero Complex – movies, comics, pop culture – Los Angeles Times
  15. ↑ Motion picture academy opens its doors to 774 new members as push for diversity continues
  16. ↑ Gal Gadot on Twitter: "And then we were four...She is here, Maya. I feel so complete blessed and thankful for all the Wonders in my life #family #newborn #grateful… https://t....