ရိုမန် အေဘရာမိုဗစ်ချ်

ဝီကီပီးဒီးယား မှ
ရိုမန် အေဘရာမိုဗစ်ချ်
မွေးဖွားရာမန် အာကာဂျီဘီရှ် အေဗရာမိုဗစ်
၂၄ အောက်တိုဘာ ၁၉၆၆&#၁၆၀;(၁၉၆၆-၁၀-၂၄) (အသက် ၅၇)
ဆာရာတော့ဖ်, ဆိုဗီယက် ပြည်ထောင်စု
ဌာနေချဲလ်ဆီး, လန်ဒန်မြို့, United Kingdom
နိုင်ငံလူမျိုးရုရှားလူမျိုး
အလုပ်အကိုင်စီးပွားရေးသမား၊ စွန့်ဦးတီထွင်၊ နိုင်ငံရေးသမား
ကျော်ကြားမှုအရင်းခံ
ကြွယ်ဝမှု
အိမ်ထောင်ဖက်(များ)အိုလဂါ လူဆိုဘာ (လက်ထပ် ၁၉၈၇–90)
အီရီနာ မီလန်ဒီနာ (လက်ထပ် ၁၉၉၁–2007)
ဒါရှာ ဇူကိုဘာ (လက်ထပ် 2008)[၃]
သားသမီး၇ ဦး
  • မီလန်ဒီနာနှင့် ၅ဦး;
  • ဇူကိုဘာနှင့် ၂ဦး
ရရှိသည့်ဆုများ

ရိုမန် အာခဒဲဗစ်ချ် အေဘရာမိုဗစ်ချ်ကို ၁၉၆၆ အောက်တိုဘာ ၂၄ တွင် မွေးဖွားခဲ့ပြီး ရုရုားလူမျိုး သန်းကြွယ်သူဌေး စီးပွားရေး လုပ်ငန်းရှင်၊ ရင်းနှီးမြှပ်နှံသူ၊ နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ အေဗရာမိုဗစ်သည် ပုဂ္ဂိုလိက ရင်းနှီးမြှပ်နှံရေး ကုမ္ပဏီ Millhouse LLC Company ၏ အဓိကပိုင်ရှင်ဖြစ်ပြီး ရုရှားနိုင်ငံပြင်ပတွင် အင်္ဂလန် အဆင့်မြင့်တန်းအသင်း ချဲလ်ဆီးဘောလုံးအသင်း၏ပိုင်ရှင်အဖြစ် ထင်ရှားလူသိများသူ ဖြစ်သည်။ ဖို့ဘ်မဂ္ဂဇင်း၏ ၂၀၁၆ သန်းထောင်ကြွယ်သူဌေးစာရင်းအရ အေဗရာမိုဗစ်၏ အသားတင် ကြွယ်ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ သန်း ၇၆၀၀ရှိပြီး၊ ရုရှားနိုင်ငံတွင် ၁၃ယောက်မြောက် အချမ်းသာဆုံးနှင့် ကမ္ဘာပေါ်၌ ၁၅၁ယောက်မြောက် အချမ်းသာဆုံးသူ ဖြစ်သည်။The World's Billionaires 2016Forbes (2016)။ 12 March 2017 တွင် ပြန်စစ်ပြီး။ ရုရှား စီးပွားရေး မဂ္ဂဇင်းတစ်စောင်ဖြစ်သော Expert Magazine မှ ၂၀၀၃ တွင် အေဘရာမိုဗစ်ချ် ကို Person of the Year အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည်။ ထို ဘွဲ့ကို Mikhail Khodorkovsky နှင့်အတူ ယှဉ်တွဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အေဘရာမိုဗစ်ချ် သည် လက်ရှိ ရုရှားတွင် နံပါတ် ၄ အဆင့်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၁ဝ Forbes စာရင်းအရ ခန့် မှန်း ဒေါ်လာ ၁၁.၂ ဘီလျံပိုင်ဆိုင်ပြီး ကမ္ဘာ့ နံပါတ် ၅ဝ အဆင့်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

စီးပွားရေးလုပ်ငန်း[ပြင်ဆင်ရန်]

ရိုမန် အေဘရာမိုဗစ်ချ် သည် သူ၏ ဒေါ်လာဘီလျံပေါင်းမြောက်မြားစွာတန်ဖိုးရှိသည့် စီးပွားရေးလုပ်ငန်းများကို သူစစ်မှုထမ်းစဉ် ကာလအတွင်း သူသည် ခိုးယူထားသော ဓာတ်ဆီများကို သူဌာနရှိ ပြန်တမ်းဝင်အရာရှိများအားရောင်းချခြင်းဖြင့် စတင်ခဲ့သည်။ ဆိုဗီယက်တပ်မတော်တွင် စစ်မှုထမ်းတာဝန်ကို အချိန်တိုတောင်းလှစွာ ထမ်းဆောင်ခဲ့ပြီးသည့်နောက်တွင် သူ သည် ပထမ ဇနီးဖြစ်သူ အိုလ်ဂါ ကို လက်ထပ်ခဲ့ သည်။ အေဘရာမိုဗစ်ချ် ၏ ပထမဆုံးအလုပ်မှာ လမ်းဘေးဈေးသည်အလုပ်ဖြစ်ပြီး နောက်တွင် နိုင်ငံတွင်းရှိ စက်ရုံတစ်ရုံတွင် စက်ပြင်အလုပ်သမား အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

၁၉၈ရ ဒီဇင်ဘာလောက်တွင် အိုလ်ဂါ ၏ မိဘများကလက်ဖွဲ့အဖြစ်ပေးသော ၂၀၀ဝ ရူဘယ် ( ပေါင် ၁၀၀ဝ ) ကို အေဘရာမိုဗစ်ချ် က မော်စကိုရှိ ရေမွှေး၊ ချွေးနံပျောက်ဆေး၊ အမျိုးသမီးဝတ် အသားကပ်ဘောင်းဘီများနှင့် သွားတိုက်ဆေးများစသည့် ကုန်ပစ္စည်းများ မှောင်ခိုရောင်းချသည့်ဈေးကွက်တွင် ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင်ခဲ့သည်။

အေဘရာမိုဗစ်ချ် သည် သူ၏ မှောင်ခိုရင်းနှီးမြုပ်နှံမှုလုပ်ငန်းများတွင် နှစ်ဆ၊ သုံးဆခန့်ပိုမိုတိုးပွားအောင်ရှာဖွေနိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်း များတွင်ထားရှိသော သူ၏ လုပ်ရည်ကိုင်ရည်အပေါ် ယုံကြည်မှုမှာလည်း တိုးပွားလာခဲ့သည်။ မကြာမီတွင် သူသည် ပလပ်စတစ်ကော်ရုပ်များ ( ပလပ်စတစ်ဘဲရုပ်များနှင့် သင်္ဘောသားအရုပ်များအပါအဝင် ) ပြုလုပ် ရောင်းချနိုင်သည် အထိ တိုးတက်လုပ်ကိုင်နိုင်ခဲ့ပြီး ကားပစ္စည်းများထုတ်လုပ်ရောင်းချသည့် ဖက်စပ်လုပ်ငန်းကို ထူထောင်ခဲ့သည်။

သူသည် မော်စကိုရှိ Gubkin Institute of Oil and Gas ( Gubkin ရေနံနှင့် သဘာဝဓာတ်ငွေ့ အသက်မွေးဝမ်းကျောင်းသိပ္ပံ ) ကိုတက်ရောက်ခဲ့သည်။ ( ထိုသို့တက်ရောက်သင်ကြားနေစဉ် ကားတာယာများ ပြန်လည်ရောင်းချသည့် အလုပ်ကိုအရန်ထား လုပ်ကိုင်ခဲ့သည်။ ) ဆွစ် ကုန်သွယ်ရေး ကုမ္ပဏီတခုဖြစ်သော Runicom နှင့် လူသုံးကုန်ပစ္စည်းအသုံးအဆောင်များကို အရောင်းအဝယ် ပြုလုပ်ခဲ့သည်။

၁၉၈၈ တွင် ဆိုဗီယက် ပြည်ထောင်စုတွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖွင့်ပေးသည့်အချိန်တွင် သူနှင့် သူဇနီးတို့သည် ကစားစရာ အရုပ်များပြုလုပ်သည့် ကုမ္ပဏီတခုကို တည်ထောင်ခဲ့သည်။ “ အဲဒီလုပ်ငန်းမှာ ချက်ချင်းဆိုသလို ငါတို့ အောင်မြင်ကြီးပွားသွားတာပဲ “ ဟု သူဇနီး အိုလ်ဂါ ကပြောခဲ့သည်။

အေဘရာမိုဗစ်ချ် ၏ စီးပွားရေးအမြင်ထက်သန်မှုကြောင့် နှစ်အနည်းငယ်အတွင်း သူ၏ ပိုင်ဆိုင်မှုမှာ ပိုမိုတိုးပွားလာခဲ့ပြီး ရေနံလုပ်ငန်းများ မှတဆင့် ဝက်မွေးမြူရေးလုပ်ငန်းနှင့် အခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကိုပါ တိုးချဲ့လုပ်ကိုင်လာခဲ့သည်။ ၁၉၉ဝ နှစ်များအစပိုင်းတွင် အနည်းဆုံး ကုမ္ပဏီ ၂ဝ ခန့်ကိုစုစည်းပြီး တာယာပြန်လည်အရောင်းအဝယ်ပြုလုပ်သည့် လုပ်ငန်းနှင့် သက်တော်စောင့်စုစည်းထား ရှိသည့် လုပ်ငန်းကို တည်ထောင်လုပ်ကိုင်ခဲ့သည်။ ၁၉၉၂ မှ ၁၉၉၅ အထိ တဆင့်ပြန်လည်ရောင်းချခြင်း၊ လူသုံးကုန်ပစ္စည်းများထုတ်လုပ်ခြင်းစသည့်လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီ ၅ ခုကိုတည်ထောင်ခဲ့သည့်အပြင် ပွဲစားဆန်ဆန်အလုပ်များကိုလုပ်ကိုင်ခဲ့ပြီး နောက်ဆုံးတွင် ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းကို အဓိကလုပ်ကိုင်ခဲ့သည်။

သို့သော် ၁၉၉၂ တွင် နိုင်ငံတော်ပိုင် ပစ္စည်းများခိုးယူမှုဖြင့် ဖမ်းဆီးခံရပြီး ထောင်ကျခဲ့သည်။ AVEKS-Komi က Ukhtinsk Oil Production Factory မှ ထုတ်လုပ်သော ရူပီး ၃.၈ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ တိုင်ကီ ၅၅ လုံးကို ရထားဖြင့် တင်ပို့ ပေးခဲ့သည်။ ထိုရထားမှ ပစ္စည်းများကို မော်စကိုတွင် သွားရောက်ယူခဲ့ပြီး အယောင်ဆောင်ချုပ်ဆိုထားသည့်စာချုပ်ပါ သဘောတူညီမှုအရ သင်္ဘောဖြင့် Kaliningrad စစ်အခြေစိုက်စခန်းသို့ပို့ပေးခဲ့သည်။ သို့သော် ထိုဆီတိုင်ကီများမှာ Riga သို့ ရောက်ရှိသွားခဲ့သည်။ အေဘရာမိုဗစ်ချ် သည် ထိုကိစ္စနှင့် ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုတွင်ပူးပေါင်းပါဝင်ခဲ့သည်။ ထိုအမှုမှာ ဒီဇယ်ဝယ်ယူသည့် Chikora International, Latvian-US Company က ဒီဇယ်ထုတ်လုပ်သည့် လုပ်ငန်းကို လျော်ကြေးပေးလျော်ခဲ့ပြီးသည့်နောက်မှ ပြီးဆုံးခဲ့သည်။

Sibneft-ရှာဖွေစုဆောင်းခြင်း၊ အလူမီနီယံ စစ်ပွဲ၊ ရှယ်ယာများကို ချေးယူခြင်း[ပြင်ဆင်ရန်]

၁၉၉၅ တွင် အေဘရာမိုဗစ်ချ် နှင့် သမ္မတ ဘောရစ် ယဲ့ဆင် ၏ အမျိုးတော်စပ်သူ ဘောရစ် ဘာရက်ဇော့ဗ်စကီး တို့သည် Sibneft ရေနံ ကုမ္ပဏီကြီးတွင် ခြယ်လှယ်အုပ်စိုးနိုင်လောက်အောင် ရှယ်ယာအများစုကို ပိုင်ဆိုင်ရရှိခဲ့သည်။

ထိုအရောင်းအဝယ်လုပ်ငန်းတွင် အငြင်းပွားဖွယ် ရှယ်ယာအစုများအတွက်ချေးငွေပေးရန် အစီအစဉ်နှင့် ရှယ်ယာဈေးကွက်တွင် ရင်းနှီးမြုပ်နှံထားသည့်ငွေမှာ အမေရိကန် ဒေါ်လာ သန်း ၁၅ဝ အောက်တွင်ရှိနေချိန်တွင် အစုစပ်တယောက်စီက ကုမ္ပဏီ၏ တဝက်တန်ဖိုးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ပေးခဲ့ကြပြီး ဘီလျံများအဖြစ် အလွန်လျင်မြန်စွာ ပြောင်းလဲမြှင့်တင်ခဲ့သည်။

စောင့်ကြည့်လေ့လာသူများက ပြန်လည်သုံးသပ်ခဲ့ရာ ထိုသို့ ကုမ္ပဏီ၏ တန်ဖိုးအလွန်လျင်မြန်စွာမြင့်တက်လာမှုကြောင့် ကုမ္ပဏီ၏ အမှန်တကယ်ရင်းနှီးမြုပ်နှံထားသည့်ငွေသည် ဒေါ်လာဘီလျံများစွာရှိလိမ့်မည်ဟု ခန့်မှန်းဖော်ထုတ်ခဲ့ကြသည်။ နောက်ပိုင်း အေဘရာမိုဗစ်ချ် သည် တရားရုံးတွင် အစိုးရအရာရှိများအား ဒေါ်လာ ဘီလျံပေါင်းများစွာ လာဘ်ထိုးခဲ့ကြောင်းနှင့် ကုမ္ပဏီမှ ဒေါ်လာဘီလျံပေါင်းများစွာနှင့် အခြားပိုင်ဆိုင်သည့် အဖိုးတန်ပစ္စည်းများ (အလူမီနီယံစစ်ပွဲအတွင်း အလူမီနီယံလုပ်ငန်းမှ အဖိုးတန်ပစ္စည်းများ) ကို လူဆိုးဂိုဏ်းများ၏ လုယက်မှုရန်မှ ကာကွယ်ပေးမှုရရှိခဲ့ကြောင်းကို ထုတ်ဖော် ပြောကြား ခဲ့သည်။

ထို့ကြောင့် အေဘရာမိုဗစ်ချ် ၏ ငွေကြေးစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်း အလုပ်အကိုင်၏ အရေးကြီးသော လုပ်ငန်းအဆင့်ဆင့်များမှာ.. Comfort co-op (ပလက်စတစ် အရုပ်များထုတ်လုပ်သည့် ကုမ္ပဏီ) တွင် ဥက္ကဋ္ဌ အဖြစ် ၁၉၈၉ ဇန်နဝါရီ မှ ၁၉၉၁ မေလ အထိ ၊ မော်စကို ရှိ ABK အင်တာပရိုက် လုပ်ငန်းအငယ်စား တွင် ဒါရိုက်တာအဖြစ်၁၉၉၁ မေ လ မှ ၁၉၉၃ မေ လထိ ဖြစ်သည်။ မတူညီသော သတင်းဖော်ပြချက်များအရ ရိုမန် အေဘရာမိုဗစ်ချ် သည် ၁၉၉၂ မှ ၁၉၉၅ အတွင်း လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ကုမ္ပဏီ ၅ ခုကိုတည်ထောင်ခဲ့ပြီး အရောင်းအဝယ်ပြုလုပ်ခဲ့သည်။

ဘောရစ် ဘာရက်ဇော့ဗ်စကီး နှင့် ပူးပေါင်းပြီး ၁၉၉၅ မေတွင် P.K. Trust close joint-stock company ( ပူးပေါင်းရှယ်ယာ ထိန်းသိမ်းသည့် ကုမ္ပဏီ ) ကို တည်ထောင်ခဲ့သည်။ ၁၉၉၅ နှင့် ၁၉၉၆ ခုနှစ်တွင် ရိုမန် အေဘရာမိုဗစ်ချ် သည် Mekong close joint- stock company, Centurion-M close joing-stock company, Agrofert limited liability company, Multitrans close joing-stock company, Oilimpex close joint-stock company, Sibreal close joint-stock company, Forneft close joint-stock company, Servet close joing-stock company, Branco close joint-stock company, Vector-A limited liability company စသည့် အခြားကုမ္ပဏီ ၁ဝ ခုကိုထပ်မံတည်ထောင် ခဲ့သည်။ Boris ဘာရက်ဇော့ဗ်စကီး အများပြည်သူပိုင် Sibneft Company မှ ရှယ်ယာများကို ဝယ်ယူခဲ့ပြီး Vector-A liability company ကို အေဘရာမိုဗစ်ချ် နှင့်အတူ လုပ်ကိုင်ခဲ့သည်။

၁၉၉၆ တွင် အေဘရာမိုဗစ်ချ် အသက် ၃ဝ အရွယ်တွင် အလွန်ကြွယ်ဝချမ်းသာလာပြီး သမ္မတ ဘောရစ် ယဲ့ဆင် နှင့် နိုင်ငံရေးအရ အလွန်နီးကပ်စွာ ဆက်ဆံမှုရှိခဲ့သည်။ ယဲ့ဆင် မိသားစု၏ ဖိတ်ခေါ်ချက်အရ Kremlin ရှိ တိုက်ခန်းသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ ၁၉၉၉ တွင် လက်ရှိလုပ်ငန်းရှင် သူဌေးကြီး အေဘရာမိုဗစ်ချ် သည် ရှရှားအရှေ့ ဖျားဒေသတခုဖြစ်သော ချော့ကော့တ်ကာ ၏ အုပ်ချုပ်သူ တစ်ယောက်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ချွတ်ခြုံကျနေသော ဒေသများအား ပြန်လည်တည်ဆောက်ပြုပြင်ရန် ပရဟိတလုပ်ငန်းအလှူအဖြစ် ပေါင် ၁၁၂ သန်း ( ယူရို ၁၃၂ သန်း ) ရက်ရက်ရောရော လှူဒါန်းခဲ့သည်။ ကျွန်တော်တို့အတွက် ထင်ရှားတဲ့ ပုံရိပ်တွေကတော့ ကြွယ်ဝမှုနဲ့ ဩဇာအာဏာ သာ ရှိရုံမကတဲ့ ကိုယ့်ထူးကိုယ်ချွန် သမားတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုဗီယက်ယူနီယံ ကျဆုံးချိန်၌ ဖရိုဖရဲဖြစ်နေသော ၁၉၉၀ ကာလမှာတော့ သိပ်မသိကြသေးပါဘူး။”

ဘောရစ် ဘာရက်ဇော့ဗ်စကီး၊ ဘက်ဒရီ ပတ်တာကက်စီရှဗီလီ တို့နှင့် အပေါင်းအသင်း ဖြစ်ခြင်း[ပြင်ဆင်ရန်]

၁၉၉၃ တွင် အေဘရာမိုဗစ်ချ် သည် Mekong ကိုထူထောင်ခဲ့ပြီး Noyabrsk မှ ဆီတင်ထုတ်လုပ် ရောင်းချခဲ့သည်။ နောက်ဆုံးတွင် ရှရှား စီးပွားရေးလုပ်ငန်းရှင် ဘောရစ် ဘာရက်ဇော့ဗ်စကီး နှင့် တွေ့ဆုံခဲ့သည်။ ၁၉၉၃ တွင် Caribbean ၌ကျင်းပသော ရှရှားစီးပွားရေးလုပ်ငန်းရှင်များ အစည်းအဝေးတွင် ဘာရက်ဇော့ဗ်စကီး နှင့် တွေ့ဆုံခဲ့သည်ဟု အထောက်အထားများက ဖော်ပြကြသလို ၁၉၉၅ နွေရာသီ သူ၏ ရွက်လှေတွင် သူငယ်ချင်းဖြစ်သူ Pyotr Aven နှင့် အတူရှိနေစဉ် ဘာရက်ဇော့ဗ်စကီး နှင့် တွေ့ဆုံခဲ့သည်ဟုလည်း ဖော်ပြကြသည်။

ဘာရက်ဇော့ဗ်စကီး က အေဘရာမိုဗစ်ချ် ကို သူ၏ သမ္မတမိသားစုနှင့် မိတ်ဆက်ပေးခဲ့ပြီး သမ္မတ ဘောရစ် ယဲ့ဆင် အပါအဝင် သူ၏ သမီး Tatyana Dyachenko, လုံခြုံရေးအကြံပေးအရာရှိ ခေါင်းဆောင် Alexander Korzhakov တို့နှင့် ရင်းနှီးခွင့်ရခဲ့သည်။ ဘာရက်ဇော့ဗ်စကီး နှင့်အတူ Gibraltar မှတ်ပုံတင် ကမ်းလွန်ရေနံကုမ္ပဏီတခုဖြစ်သော Runicom Ltd နှင့် အနောက်ဥရောပတွင် လက်အောက်ခံ ကုမ္ပဏီခွဲ ၅ ခုကိုတည်ထောင်ခဲ့သည်။

မော်စကိုလုပ်ငန်းအဖွဲ့အစည်းကြီးနှင့် ပေါင်းစည်းထားသော ဆွစ်စီးပွားရေးလုပ်ငန်းတခုဖြစ်သည့် Runicom S.A ကို ဦးစီးလုပ် ကိုင်ခဲ့ပြီး ၁၉၉၅ ဩဂုတ်လတွင် သမ္မတ ဘောရစ် ယဲ့ဆင် ၏ အမိန့်ဩဇာအာဏာဖြင့် Sibneft ကိုတည်ထောင်ခဲ့သည်။ အေဘရာမိုဗစ်ချ် သည် ဘာရက်ဇော့ဗ်စကီး နှင့်အတူ ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ယောက်အဖြစ် အထက်တန်းလွှာစီးပွားရေး အသိုင်းအဝိုင်းသို့ တိုးဝင်ရောက်ရှိခဲ့သည် ဟူ၍ ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သည်။

ဆိုဗီယက်ရေနံ ကုမ္ပဏီကြီးတခုဖြစ်သော Sibneft တွင် ကုမ္ပဏီကို ခြယ်လှယ်အုပ်စိုးနိုင်လောက်အောင် ရှယ်ယာအများစုကို ပိုင်ဆိုင် ရရှိခဲ့သည်။ အေဘရာမိုဗစ်ချ် သည် ဘောရစ် ဘာရက်ဇော့ဗ်စကီး နှင့် ပေါင်းစည်းလုပ်ကိုင်ခဲ့ပြီး ရှရှားရေနံ ကုမ္ပဏီ Sibneft ကို ဒေါ်လာ ၁၀၀.၃ သန်း ပေးပြီး ဝယ်ယူခဲ့သည်။ ( လက်ရှိ ဒေါ်လာပေါက်ဈေးအရ ၂.၇ ဘီလျံတန်ဖိုးရှိသည် )

Sibneft ရေနံ ကုမ္ပဏီမှ တနှစ်လျှင် ဒေါ်လာ ၃ ဘီလျံဖိုး ရေနံထုတ်လုပ်နိုင်ခဲ့သည်။ အေဘရာမိုဗစ်ချ် သည် Sibneft Company မှ ရင်းနှီးထားသော ရှယ်ယာများကို ရယူရန်အတွက် သူ့၏ သူငယ်ချင်းဖြစ်သူ ဘောရစ် ဘာရက်ဇော့ဗ်စကီး နှင့် ပေါင်းပြီး အကျိုးအမြတ်လျင်မြန်စွာ ရမည့် မရိုးသားသော အလုပ်များကိုလုပ်ကိုင်ခဲ့သည်။ နောက်ဆုံးတွင် ရေနံလုပ်ငန်းပိုင်ရှင်သူဌေးက စတော့ရှယ်ယာများကို ဈေးကွက်ပေါက်ဈေးထက် ၂၅ ဆ လျော့ပြီး ပေးရန် စီစဉ်ပေးခဲ့သည်။ သူအား ဘက်ဒရီ ပတ်တာကက်စီရှဗီလီ က ကူညီခဲ့သည်ဟု Times Magazine မှ အခိုင်အမာပြောဆိုခဲ့သည်။ ထိုသို့ရှယ်ယာများရရှိခဲ့မှုမှာ သမ္မတ ဘောရစ် ယဲ့ဆင် စတင်လုပ်ဆောင်ခဲ့သော အငြင်းပွားဖွယ် ရှယ်ယာအတွက်ချေးငွေအစီအစဉ်ကို အသုံးချပြီးရရှိခဲ့ခြင်း ဖြစ်သည်။

ရေနံလုပ်ငန်းစု တခုဖြစ်သော Sibneft ကို ရရှိခဲ့ပြီးနောက်တွင် အေဘရာမိုဗစ်ချ် သည် အလူမီနီယံလုပ်ငန်းကိုဦးဆောင်လုပ်ကိုင်နိုင်ရန် အဓိကထားခဲ့သည်။ ပုဂ္ဂလိကပိုင်ဆိုင်မှုအဖြစ်လွဲပြောင်းပေးရေးအတွက် အပြန်အလှန်အကြီးအကျယ်ဒုက္ခ ပေးခဲ့ကြသော သတ္တုကျိုချက်စက်ရုံ မန်နေဂျာများ၊ သတ္တုကုန်သည်များနှင့် သတင်းထောက်များက ဦးဆောင်ပြီး အလူမီနီယံလုပ်ငန်းကို လက်ဝါးကြီးအုပ် ထိန်းချုပ် လုပ်ကိုင်နိုင်ရန် အတွက် အလူမီနီယံစစ်ပွဲအဖြစ် အုပ်စုဖွဲ့ရင်ဆိုင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြပြီး အေဘရာမိုဗစ်ချ် သည် ထို အလူမီနီယံစစ်ပွဲတွင် အောင်နိုင်သူတစ်ယောက်အဖြစ် ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။

၂၀၀၁ ခုနှစ်တွင် မစ္စတာ ဘက်ဒရီ ပတ်တာကက်စီရှဗီလီ က သူအား မစ္စတာ ဘာရက်ဇော့ဗ်စကီး သို့အမေရိကန် ဒေါ်လာ ၁.၃ ဘီလျံ ( ပေါင် ၉၂၅ သန်း) ပေးဖို့ပြောခဲ့လို့ ပတ်တာကက်စီရှဗီလီ နှင့် သူ ဆွစ်ဇာလန်နိုင်ငံ စိန့်မောရစ် လေယာဉ်ကွင်းမှာ အသေအကြေ တိုက်ခိုက်ခဲ့ကြတယ် လို့အေဘရာမိုဗစ်ချ် က ဖော်ထုတ် ပြောကြားခဲ့သည်။ အေဘရာမိုဗစ်ချ် က မစ္စတာ ဘာရက်ဇော့ဗ်စကီး နဲ့ပက်သက်လို့ နောက်ဆုံးပေးချေမှုအဖြစ် သဘောထားပြီး ပေးဖို့ကို သဘောတူခဲ့သည်။ ထို့နောက် မစ္စတာ ဘာရက်ဇော့ဗ်စကီးနဲ့ မစ္စတာ ပတ်တာကက်စီရှဗီလီတို့ အချင်းချင်း အေဘရာမိုဗစ်ချ် နဲ့သူ့ရဲ့ လုပ်ငန်းတွေနဲ့ ပက်သက်ပြီး လူအများသိစေမယ့် အပြုအမူမျိုးကို ရပ်တန့် သွားလိမ့်မယ် လို့ လည်း မျှော်လင့်ခဲ့တယ်။

ထိုပေးချေရမည့်ငွေကို အမှန်အကန်ပေးချေခဲ့သည်။ မစ္စတာ အေဘရာမိုဗစ်ချ် ကလဲ ထို အကြွေးကို မစ္စတာ ပတ်တာကက်စီရှဗီလီ ကို ကူပြီး ပေးချင်နေခဲ့သည်။ သူက အမေရိကန်ဒေါ်လာ ၅၈၅ သန်း ( ယူရို ၄၁၆ သန်း ) နောက်ဆုံးလက်ကျန်ငွေရှင်းသည့် ပုံစံမျိုးဖြင့် ပေးချင်တယ် လို့ဖော်ထုတ်ပြောဆိုခဲ့ သည်။ မစ္စတာ အေဘရာမိုဗစ်ချ် က မစ္စတာ ဘာရက်ဇော့ဗ်စကီး ရဲ့ Sibneft နဲ့ အလူမီနီယမ် လုပ်ငန်းအတွက် ကူညီပေးခဲ့တယ် ဆိုတဲ့ အချက်ကို နဲ့ သူက ပြည်နှင်ဒဏ်ခံရတဲ့ သူငယ်ချင်းတစ်ယောက်ကို ခြိမ်းခြောက်ခဲ့တယ် ဆိုတာကို ငြင်းဆိုခဲ့တယ်။ “မစ္စတာ အေဘရာမိုဗစ်ချ် လုပ်ခဲ့တဲ့ ပေါ်ပေါ်ထင်ထင်တစ်မျိုး၊ ပုန်းလျှိုးကွယ်လျှိုးနဲ့တနည်း ပြုလုပ်ခဲ့တဲ့ ခြိမ်းခြောက် အကျပ်ကိုင်၊ ခြယ်လှယ်မှု တွေအတွက် စွပ်စွဲခံရသမျှ ကို ငြင်းခဲ့တယ်” လို့ သူက ပြောသည်။

အေဘရာမိုဗစ်ချ် ရဲ့ တရားရုံး သက်သေထွက်ချက်တွေနဲ့ တိုင်းမဂ္ဂဇင်း က တွေ့ရှိခဲ့သမျှ အရ အေဘရာမိုဗစ်ချ် က ထွက်ဆိုခဲ့သည်များမှာ “Sibneft ရဲ့ ၁၉၉၅ ဩဂုတ် လ အမှု (decree) မတိုင်ခင်မှာ အစွပ်စွဲခံ (အေဘရာမိုဗစ်ချ်) က မစ္စတာ ဘာရက်ဇော့ဗ်စကီး ကို Sibneft ရဲ့ တီထွင်ဖန်တီးမှုကို ကြိုးကိုင်ဖို့ အလိုရှိတဲ့ အကြောင်း သိစေခဲ့သည်။ အလဲအလှယ်အနေနဲ့ အစွပ်စွဲခံ (အေဘရာမိုဗစ်ချ်) က မစ္စတာ ဘာရက်ဇော့ဗ်စကီး ကို သူရဲ့ တီဗွီ ကုမ္ပဏီ ORT နဲ့ ချိတ်တဲ့ နေရာမှာ လိုနေတဲ့ ငွေကြေးကို ထောက်ပံ့ ပေးဖို့ သဘောတူထားသည်။ မစ္စတာ ဘာရက်ဇော့ဗ်စကီး က လဲ သူ့ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး လွှမ်းမိုးနိုင်ဖို့ နဲ့ Sibneft လုပ်ငန်းရဲ့ ဖန်တီးမှုတွေ အတွက် ဥပဒေပြုရေး ဆိုင်ရာ အဆင့်ဆင့် ကို ကျော်ဖြတ်နိုင်ဖို့ အတွက် ပြန်ပြီး သဘောတူခဲ့သည်။ မစ္စတာ ပတ်တာကက်စီရှဗီလီ က ရုရှား အလူမီနီယမ် စက်ရုံ မှာ လိုအပ်နေတဲ့ အရင်းအနှီး (ငွေ၊ စက်ပစ္စည်းများ) ကို အစွပ်စွဲခံ (အေဘရာမိုဗစ်ချ်) ကို ထောက်ပံ့ပေးခဲ့တယ်”

နိုင်ငံရေးလုပ်ငန်း[ပြင်ဆင်ရန်]

Duma အဖွဲ့ဝင်[ပြင်ဆင်ရန်]

၁၉၉၉ တွင် အေဘရာမိုဗစ်ချ် သည် ရှရှားအရှေ့ဖျားဒေသမှ ဆင်းရဲချွတ်ခြုံကျနေသည့်ဒေသတခုဖြစ်သည့် ချော့ကော့တ်ကာ Autonomous Okrug ၏ State Duma အဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်တယောက်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ဆင်းရဲချို့တဲ့သူများ အထူးသဖြင့် ကလေးငယ်များအား ကူညီထောက်ပံသည့်အဖွဲ့အစည်း Pole of Hope ကိုစတင်ထူထောင်ခဲ့ပြီး ၂၀၀ဝ ခုနှစ် ဒီဇင်ဘာလတွင် ချော့ကော့တ်ကာ အုပ်ချုပ်သူအဖြစ် Alexander Nazarov နေရာတွင် အစားထိုးရန် ရွေးချယ်ခြင်းခံခဲ့ရ သည်။

အုပ်ချုပ်ရေးမှူး[ပြင်ဆင်ရန်]

၂၀၀ဝ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ချော့ကော့တ်ကာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါတွင် ထိုဒေသသည် ရှရှားနိုင်ငံတွင် မွေးဖွားနှုန်းအမြင့်ဆုံးဒေသဖြစ်ပြီး သူအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က သူ၏ ပိုင်ဆိုင်မှုများ ထဲမှ အမေရိကန် ဒေါ်လာ ၁.၃ ဘီလျံ ( ယူရို ၉၂၅ သန်း) ကျော် အသုံးပြုကူညီခဲ့သည်ဟု ခန့်မှန်းပြောဆိုကြသည်။ အေဘရာမိုဗစ်ချ် သည် ထိုဒေသတွင် လူနေမှု အဆင့်မြင့်တင်ပေးခဲ့ပြီး ကျောင်းများ၊ အိမ်ရာမြေစီမံကိန်းများ ဖော်ထုတ်ပြုပြင်မွန်းမံပေးခဲ့သည်။ ထို့အပြင် ရင်းနှီးမြုပ်နှံမှုပြု လုပ်သူ လုပ်ငန်းရှင်အသစ်များကို ထိုဒေသတွင် ရင်းနှီးမြုပ်နှံမှု များ ပြုလုပ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။

၂၀၀၅ တွင် အလွန်တန်ဖိုးကြီးသည့်အရာဖြစ်ခြင်းကြောင့် ယခုရာထူးသက်တမ်းကုန်ဆုံးလျှင် အုပ်ချုပ်သူအဖြစ်ထပ်မံယှဉ်ပြိုင် အရွေးခံတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ထိုဒေသသို့ သူသည်ရံဖန်ရံခါသာ သွားရောက်လည်ပတ်လေ့ရှိသည်။ သို့ သော် ရှရှား သမ္မတ ဗလာဒီမာပူတင်က ဒေသဆိုင်ရာ အုပ်ချုပ်သူများ ရွေးကောက်တင်မြှောက်သည့် ဥပဒေကို ပြင်ဆင်ခဲ့ပြီး ၂၀၀၅ အောက်တိုဘာ ၂၁ တွင် အေဘရာမိုဗစ်ချ် အား အုပ်ချုပ်သူအဖြစ် နောက်ထပ်သက်တမ်းတစ်ခု တာဝန်ထမ်းဆောင်ရန် ထပ်မံခန့် အပ်ခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသောဒေသများ ( ချော့ကော့တ်ကာ ဒေသ၏ ) အား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်အောင် ငွေကြေး၊ အကြံဉာဏ် အမြောက်အမြား ပူးပေါင်းပါဝင်ကူညီခဲ့မှုအတွက် ရှရှားသမ္မတ၏ ထုတ်ပြန်ကြေညာချက် အမိန့်အရ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ခြင်း ခံရသည်။

နုတ်ထွက်ခြင်း[ပြင်ဆင်ရန်]

၂၀၀၈ ဇူလိုင်အစောပိုင်းတွင် ရှရှား သမ္မတ ဒီမစ်ထရီ မက်ဗီဒက် (ဗ်) သည် အေဘရာမိုဗစ်ချ် ၏ ချော့ကော့တ်ကာ ဒေသ အုပ်ချုပ်သူအဖြစ်မှ နုတ်ထွက်ရန် နောက်ဆုံးမေတ်တာရပ်ခံချက်ကိုလက်ခံခဲ့သော်လည်း သူသည် ထိုဒေသသို့ ပရဟိတ အလှူလုပ်ငန်းများကိုမှု ဆက်လက် ကူညီ လှူဒါန်းသွားမည် ဖြစ်ကြောင်းကြေညာခဲ့သည်။ သူတာဝန်ယူလုပ်ကိုင်ခဲ့သည့် ၂၀၀ဝ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ချော့ကော့တ်ကာ ဒေသ ၏ ပျှမ်းမျှလစာသည် ၂၀၀ဝ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၅ ဒေါ်လာ ( ယူရို ၁၁၇၊ ပေါင် ၁၀ဝ ) ရနေရာမှ ၂၀၀၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂၆ ဒေါ်လာ ( ယူရို ၅၈၈၊ ပေါင် ၅၀ဝ ) အထိတိုးတက် ရရှိခဲ့သည်။

ထိုဒေသဆိုင်ရာ အစိုးရက သူ၏ ရာထူးသက်တမ်းအတွင်း ချော့ကော့တ်ကာ ရှိ ပြိုကျပျက်စီးနေသော အိမ်ရာများ၊ ကျောင်းများ၊ ဆေးရုံများနှင့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်အတွက် ဒေါ်လာ ၂.၅ ဘီလျံအထိ ရင်းနှီးမြုပ်နှံခဲ့ပြီး အများစုမှာ သူ၏ ကိုယ်ပိုင်ငွေကြေးများ၊ ပေါင်းစည်းထားသော ကုမ္ပဏီအဖွဲ့အစည်းများနှင့် သူ၏ ပရဟိတလုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်းများ ဖြစ်ကြသော Pole of Hope နှင့် Territoria တို့မှ လှူဒါန်းသည့် ငွေကြေးများဖြစ်ကြသည်ဟု ခန့်မှန်းပြောဆိုကြသည်။

ရာဇဝတ်မှုများနှင့် မမှန်မကန်ပြုလုပ်သည်ဟု စွပ်စွဲခံရခြင်း[ပြင်ဆင်ရန်]

ဘောရစ် ဘာရက်ဇော့ဗ်စကီး စွပ်စွဲချက်များ[ပြင်ဆင်ရန်]

ခြိမ်းခြောက်ငွေညှစ်သည်ဟု စွပ်စွဲခံရခြင်း[ပြင်ဆင်ရန်]

ယခင်စီးပွားရေးလုပ်ဖော်ကိုင်ဖက်တဦးဖြစ်သူ ဘောရစ် ဘာရက်ဇော့ဗ်စကီး က ၂၀၀၈ တွင် အေဘရာမိုဗစ်ချ် သည် သူပိုင်ဆိုင်သည် အရေးပါပြီး တန်ဖိုးကြီးရှယ်ယာများကို သူ့တို့၏အမှန်တကယ် ပေါက်ဈေးထက်လျော့ချပြီး ရောင်းရန် ခြိမ်းခြောက်ကြိမ်းဝါးခြင်းဖြင့် ထပ်တလဲလဲ နှောက်ယှက် တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ထိုစွပ်စွဲချက်အတွက် အေဘရာမိုဗစ်ချ် သည် အမေရိကန်ဒေါ်လာ ၃.၃ ဘီလျံ ( ယူရို ၂.၃၅ ဘီလျံ၊ ပေါင် ၂ ဘီလျံ ) လျော်ကြေးပေးခဲ့ရသည်။

ဘာရက်ဇော့ဗ်စကီး က သူရောင်းချခဲ့သော Sibneft ရှိ သူ၏ရှယ်ယာသည် ယနေ့ပေါက်ဈေးအရ ဒေါ်လာသန်း ၆၅ဝ ( ယူရို ၄၆၂ သန်း/ ပေါင် ၃၂၆ သန်း ) တန်ကြေးရှိကြောင်း ပြောကြားခဲ့သည်။ Rusal ရှိ ရှယ်ယာများအတွက် ဒေါ်လာ သန်း ၄၅ဝ ( ယူရို သန်း ၃၂၀/ ပေါင် ၂၇၂ သန်း ) ရရှိခဲ့သည်။ Sibneft ရှိ ရှယ်ယာများအတွက် အမေရိကန် ဒေါ်လာ ၂ ဘီလျံ ( ယူရို ၁.၄၂ ဘီလျံ/ ပေါင် ၁.၂ ဘီလျံ ) ထက်ပိုပြီးရသင့်ကြောင်းနှင့် Rusal ရှယ်ယာများအတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ ( ယူရို ၁.၀၆ ဘီလျံ/ ပေါင်သန်း ၉၀ဝ ) ထက်ပိုပြီးရသင့်သည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ သစ်တောအမှုထမ်း အင်ဂျင်နီယာဟောင်းနှင့် တပတ်ရစ်ကားအရောင်းစာရေးက အေဘရာမိုဗစ်ချ် သည် အမေရိကန်ဒေါ်လာ ၁၇.၉ ဘီလျံ ( ယူရို ၁၂.၇၃ ဘီလျံ/ပေါင် ၁၀.၈ ဘီလျံ ) ခန့်ပိုင်ဆိုင်သည့် အနက် အဓိကကျသော အစိတ်အပိုင်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၃.၃၆ ဘီလျံ ( ယူရို ၂.၃၉ ဘီလျံ/ ပေါင် ၂.၀၃ ဘီလျံ ) သည် ဘာရက်ဇော့ဗ်စကီး ထံမှရခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ ဘာရက်ဇော့ဗ်စကီး ကို ပေါင်သန်း ၅၀ဝ ခန့်သာပေးဖို့ထိုက်တန်ကြောင်း ထင်မြင်ယူဆကြသည်။

လာဘ်ထိုးခြင်း[ပြင်ဆင်ရန်]

၂၀၀၈ခုနှစ်တွင် Times မဂ္ဂဇင်း၏ ဖော်ပြချက်တွင် တရားရုံး၏ စာရွက်စာတမ်းများ၌ ဖော်ပြထားချက်အရ သူ၏ လုပ်ဖော်ကိုင်ဖက် oil titan, Constantine Alexander-Goulandris တို့နှင့် အတူ ဘီလျံဒေါ်လာပေါင်းများစွာကို နိုင်ငံရေး ဖိအားပေးမှုအတွက် နှင့် ရုရှား၏ ရေနံနှင့် အလူမီနီယံ ရှယ်ယာများကို ရရှိရန် ကာကွယ်ရေးစရိတ် များ အဖြစ် ပေးခဲ့ကြောင်း အေဘရာမိုဗစ်ချ်က ဝန်ခံခဲ့သည်။

တရားမဝင် ရှယ်ယာတန်ဖိုးလျော့နည်းအောင်ပြုလုပ်သည်ဟု စွပ်စွဲခံရခြင်းများ[ပြင်ဆင်ရန်]

Sibir Energy နှင့် ပေါင်းစည်းထားသည့် ကုမ္ပဏီတခုဖြစ်သည့် Yugraneft သည် Roman အေဘရာမိုဗစ်ချ် နှင့် သူ၏ ရင်းနှီးမြုပ်နှံသည့် လုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီ Millhouse Capital တို့ကို ရှရှားလူမျိုးများပိုင်ဆိုင်သည့် အဖိုးတန် ပစ္စည်းများ၊ အခွင့်အလမ်းများကို မတရားသဖြင့် ဆုံးရုံးစေသည်ဟူသောစွဲချက်ဖြင့် တရားစွဲဆိုခဲ့ပြီး ဒေါ်လာ ဘီလျံပေါင်းများစွာကို နစ်နာကြေး အဖြစ်ရယူခဲ့သည်။

သူတို့၏ ရှယ်ယာပူးပေါင်း ထိမ်းသိမ်းသည့် ကုမ္ပဏီတွင် Yugraneft မှ ပိုင်ဆိုင်သည့် ရေနံလုပ်ကွက် ၁% မှ ၅၀% အထိကို Roman အေဘရာမိုဗစ်ချ် ပိုင်ဆိုင်သည့် Sibneft Company မှ တရားမဝင်တန်ဖိုးလျော့နည်းအောင်ပြုလုပ်သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။ Sibir Energy ကို ပူးတွဲပိုင်ဆိုင်သည့် ဘီလျံနာသူဌေး ရှယ်လဗ် ချီဂါရင်စကီး က ထိုတရားစွဲဆိုမှုတွင် တန်ဖိုးလျော့နည်းအောင် လုပ်ခံခဲ့ရသည့် ပိုင်ဆိုင်မှုများကို တန်ဖိုးပြန်လည်ရရှိအောင် ပြုလုပ်ပေးရန် အချက်များအဓိက ပါဝင်သည်ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်ပိုင် ပစ္စည်းခိုးယူမှုဖြင့် အဖမ်းခံရခြင်း[ပြင်ဆင်ရန်]

၁၉၉၂ တွင် နိုင်ငံတော်ပိုင် ပစ္စည်းများအားခိုးယူမှုဖြင့် အဖမ်းခံခဲ့ရသည်။ AVEKS-Komi မှ ရူဘယ် ၃.၈ သန်းတန်ဖိုးရှိ ဒီဇယ်ဆီတိုင်ကီ ၅၅ လုံးပါရထားတွဲကို Ukhtinsk ရေနံထုတ်လုပ်သည့် စက်ရုံမှ ပို့လိုက်သည်။ ( အမှုတွဲအမှတ် ၇၉၀၆ရ နိုင်ငံတော်ပိုင် ပစ္စည်းအမြောက် အများ ခိုးယူမှု ) (၁၃)(၃၆)(၃၇) အေဘရာမိုဗစ်ချ် က ထိုပစ္စည်းများပါသည့် ရထားတွဲကို မော်စကိုတွင်တွေ့ ခဲ့ပြီး အယောင်ဆောင်ချုပ်ဆို ထားသော စာချုပ်ပါသဘောတူညီမှုအရ သင်္ဘောဖြင့် ကယ်လင်နင်ဂရက်ဒ် စစ်အခြေစိုက်စခန်းသို့ ပြန်လည်ပို့ပေးခဲ့သည်။ သို့သော် ထိုပစ္စည်း များမှာ Riga သို့ရောက်ရှိသွားသည်။ အေဘရာမိုဗစ်ချ် သည် ထိုအမှုကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ထိုတရားစွဲဆိုမှုမှာ ဒီဇယ်ဝယ်ယူသည့် Chikora International, Latvian-US Company က ဒီဇယ်ထုတ်လုပ်သည့် လုပ်ငန်းကို လျော်ကြေးပေးလျော်ခဲ့ပြီး သည့်နောက်တွင် ပြီးဆုံးခဲ့သည်။

ချေးငွေ အလွဲသုံးစားလုပ်မှု စွပ်စွဲချက်များ[ပြင်ဆင်ရန်]

ဆွဇ်စ် စုံစမ်းထောက်လှမ်းရေး က ထွက်လာတဲ့ စွပ်စွဲချက်တစ်ခုမှာ နိုင်ငံတကာ ချေးငွေ ထောက်ပံ့ရေး အဖွဲ့အစည်းကြီးဖြစ်တဲ့ International Monetary Fund ကနေ ကိုယ်ရေးအသုံးပြုမှုအတွက် အမေရိကန် ဒေါ်လာ ၄.၈ ဘီလျံ(၃.၄ဘီလျံ ယူရို) ချီးငွေကို ရယူခဲ့တဲ့ နေရာမှာ Roman အေဘရာမိုဗစ်ချ် ရဲ့ အရင်ကုမ္ပဏီအဟောင်းတစ်ခုကနေတဆင့် အခြားသော ရုရှားနိုင်ငံရေးသမားတွေ၊ စက်ရုံလုပ်ငန်းရှင်တွေ နဲ့ ဘဏ်လုပ်ငန်းရှင်တွေ ကို ချိတ်ဆက်ပြီး ပြုလုပ်ခဲ့တာကို ထောက်လှမ်း တွေ့ရှိခဲ့တယ်။… IMF မှ စာရင်းစစ် က IMF ထောက်ပံ့ငွေကြေးတွေအားလုံးကို သင့်တော်စွာ အသုံးချခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ တွင် ယူရိုပီယံ ပြန်လည်တည်ဆောက်ရေးနဲ့ တိုးတက်ရေး ဘဏ် (EBRD) က ၉ မီလျံယူရို ကျော်ကျော် (အမေရိကန်ဒေါ်လာ ၁၄.၉ / ၁၀.၆ မီလျံ ) ချီးငွေ အတွက် အေဘရာမိုဗစ်ချ် ကို တရားစွဲ မယ့်အကြောင်း ပြောခဲ့သည်။ EBRD က အေဘရာမိုဗစ်ချ် နှင့် Eugene Shvidler တို့က ထိန်းချူပ်ထားခဲ့တဲ့ ဆွဇ်ဇာလန် အခြေစိုက် လောင်စာဆီ ရောင်းဝယ်ရေး လုပ်ငန်း တစ်ခုဖြစ်သည့် Runicom သည် အမေရိကန်ဒေါ်လာ ၁၇.၅ မီလျံ (ယူရို ၁၂.၄၅ /၁၀.၆ မီလျံ) အကြွေးတင်နေကြောင်း ပြောခဲ့သည်။ အေဘရာမိုဗစ်ချ် ၏ ပြောရေးဆိုခွင့်ရှိသူ ကမူ ယင်းချီးငွေကို ယခင်က ပြန်လည် အကြွေးဆပ်ပြီး ဖြစ်သည် ဟု ဆိုသည်။

အလူမီနီယံ စစ်ပွဲများ[ပြင်ဆင်ရန်]

Times Magazine မှ “ ဒုစရိုက်လောကမှ ရန်ငြိုးရန်စများသည် အောင်မြင်အကျိုးဖြစ်ထွန်းနေသော သတ္တုကျိုချက်သည့်လုပ်ငန်းများသို့ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်ခဲ့ရသော လူ ၁၀ဝ ကျော် အသတ်ခံခဲ့ရသည့် အလူမီနီယံစစ်ပွဲတွင် အေဘရာမိုဗစ်ချ် သည် ထူးထူးကဲကဲ အောင်နိုင်သူတယောက် အဖြစ်ပေါ်ထွက်လာခဲ့သည်။ အေဘရာမိုဗစ်ချ် သည် ကရင်မလင်ကို နှောက်ယှက် ဒုက္ခပေးလျက်ရှိသော နိုင်ငံရေးအာဏာဆုပ်ကိုင်ထားသည့် လူနည်းစုအသိုင်းအဝိုင်းမှ ပြိုင်ဘက်တယောက်ကို ဆိုးဝါးသည့်အပြုအမှုများ မလုပ်ဖြစ်အောင်တားဆီးပေးခဲ့ပြီး ဆာဗီးယားအကျဉ်းထောင်တွင် ထောင်ဒဏ် ၁ဝ နှစ် ကျခံစေခြင်းအားဖြင့် ဇာတ်သိမ်းပေးခဲ့တယ်။ ထို့အပြင် အရာရှိနှင့် အလုပ်အမှုဆောင်အတော်များများ အသက်ဆုံးရှုံးခဲ့ရသည်။ “ ဟု ပြောကြားခဲ့သည်။

ရုရှားတွင် တရားဥပဒေ ချိုးဖောက်မှုများ[ပြင်ဆင်ရန်]

နိုင်ငံတကာ အခြေခံ လူတန်းစား သံတော်ဆင့် International Herald Tribune မှ အစီရင်ခံရာတွင် “ရုရှား၏ စီးပွားရေး ဥပဒေ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ မှ Wednesday သို့ ကရင်မလင် နှင့် ရင်းနှီးကျွမ်းဝင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ရိုမန် အေဘရာမိုဗစ်ချ် တစ်ဝက်ပိုင်ဆိုင်နေတဲ့ Evraz Holding လုပ်ငန်းက လက်ဝါးကြီးအုပ်စီးပွားရေးကိုကာကွယ်ထားသည့် ဥပဒေများ ကိုချိုးဖောက်၍ စားသုံးသူများကို ကျောက်မီးသွေး များ ကိုဈေးတင် ရောင်းချခဲ့သည် ဟု ပြောခဲ့သည်။” ဟု ဖော်ပြပါရှိသည်။

အေဘရာမိုဗစ်ချ် နှင့် ဥရောပ ဘောလုံး[ပြင်ဆင်ရန်]

ချယ်လ်ဆီး ဘောလုံးအသင်း[ပြင်ဆင်ရန်]

၂၀၀၃ ဇွန် တွင် ဗြိတိန် ဘောလုံးအသင်းတစ်သင်းဖြစ်သော ချယ်လ်ဆီး အသင်းကို ပိုင်ဆိုင်သည့် ကုမ္ပဏီပိုင်ရှင်တယောက်ဖြစ်လာခဲ့သည်။ ယခင် ချယ်လ်ဆီး အသင်းပိုင်ရှင် ကင်းန် ဘိတ် သည် ချယ်လ်ဆီး အသင်းကို ရောင်းချရသည့်ငွေဖြင့် လိဒ်ယူနိုက်တက် အသင်းကို ဝယ်ယူ ခဲ့သည်။ ထိုအသင်းသည် ကမ္ဘာကျော်အမှတ်တံဆိပ်တခု ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေးဖွံဖြိုးတိုးတက်စေရန် ကြီးကျယ်ခန်းနားသော အစီအစဉ်များကို စတင်လုပ်ဆောင်ခဲ့ပြီး ဆာရေး၊ ကော့ဘ်ဟမ် တွင် ခေတ်မီ အားကစားလေ့ကျင့်သည့် အဆောက်အအုံတခု ဆောက်လုပ်ရန် အစီအစဉ်များရှိကြောင်း ကြေညာခဲ့သည်။

ချယ်လ်ဆီး အသင်းသည် အေဘရာမိုဗစ်ချ် စတင်ပိုင်ဆိုင်သည့် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ယခင်နှစ် နံပါတ် ၄ နေရာမှ နံပါတ် ၂ နေရာသို့ရောက်ရှိခဲ့ပြီး ချန်ပီယံလိဂ် တွင် အကြိုဗိုလ်လုပွဲအဆင့်သို့ရောက်ရှိခဲ့သည်။ အသင်းမန်နေဂျာအသစ် ဂျို့စ် မော်ရင်ဟို ကို ငှားရမ်းခန့်အပ်ခဲ့ပြီးနောက်တွင် ထိုဘောလုံးရာသီကို လိဂ် ချန်ပီယံ အဖြစ် အဆုံးသတ် ခဲ့သည်။ ဂျို့စ် မော်ရင်ဟိုမှ အသင်းမန်နေဂျာအဖြစ် တာဝန်ယူသည့်အချိန်မှစပြီး ချယ်လ်ဆီး အသင်းသည် ပရီးမီးယားလိဂ် ပြိုင်ပွဲ တွင် ဖလား ၃ လုံး၊ FA ဖလားဘောလုံးပြိုင်ပွဲတွင် ဖလား ၃ လုံးနှင့် ချန်ပီယံလိဂ် တွင် ဖလား ၂ လုံး အားလုံးပေါင်းဖလား ၈ လုံးရသည်အထိ အောင်မြင်မှုရခဲ့ပြီး လွန်ခဲ့သော ၇ နှစ်မှ လက်ရှိအချိန်အထိ မန်ချက်စတာ ယူနိုက်တက် အသင်းနောက်တွင်ကပ်လျက် ဒုတိယအအောင်မြင်ဆုံး အင်္ဂလိပ်ဘောလုံးအသင်းတသင်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။

အေဘရာမိုဗစ်ချ် ၏ ချယ်လ်ဆီး အသင်းနှင့်အတူ ပါဝင်ပတ်သက်မှုသည် ဥရောပဘောလုံးအပြောင်းအရွေ့ဈေးကွက်ကို ပုံပျက်ပန်းပျက်ဖြစ် စေခဲ့သည်။ ယေဘုယျအားဖြင့် သူ၏ကြွယ်ဝချမ်းသာမှုအရ ဘောလုံးအသင်းအား မကြာသေးမီနှစ်များက ပြောင်းရွှေ့ခဲ့သော ဘောလုံး သမားအားလုံးနီးပါးကို ဆန္ဒရှိသလောက် ဝယ်ယူရရှိနိုင်သည်။ သို့သော် သူသည် ဗြိတိန်ပြောင်းရွှေ့ စံချိန်တင်ကြေး ပေါင်သန်း ၃ဝ ( ယူရို ၃၅.၃ သန်း ) ဖြင့် အန်ဒရီ ရှက်ဗ်ချန်ကို ကို သဘောတူငှားရမ်းခဲ့သည်။

ထိုနှစ်ဘောလုံးရာသီပြီးဆုံးချိန် ၂၀၀၅ ဇွန်တွင် ချယ်လ်ဆီး အသင်းသည် ပေါင်သန်း ၁၄ဝ ( ယူရို ၁၆၅ သန်း ) အရှုံးပေါ်ခဲ့ပြီး ၂၀၁ဝ မရောက်ခင်အထိ အကျိုးအမြတ်မရနိုင်တော့ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် ၂၀၀၆ ဘောလုံးရာသီပြီးဆုံးချိန်တွင် ချယ်လ်ဆီး အသင်း၏ ဆုံးရှုံးမှုသည် ပေါင် ၈၀.၂ သန်း ( ယူရို ၉၄.၃ သန်း ) အထိ လျော့ကျခဲ့ကြောင်း ထုတ်ပြန် ကြေညာချက်ခဲ့သည်။ ၂၀၀၆ ဒီဇင်ဘာ အေဘရာမိုဗစ်ချ် နှင့် တွေ့ဆုံမေးမြန်းခန်းတွင် လာမည့်နှစ်အပြောင်းအရွေ့ရာသီတွင် ချယ်လ်ဆီး ၏ အသုံးစရိတ်သည် လျော့နည်းသွားမည်ဟု မျှော်လင့်ကြောင်း၊ သို့သော် နောက်ဆုံးတွင်ထိုအခြေအနေမှ လွန်မြောက်သွားလိမ့်မည်ဟုထင်မြင်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သူသည် ချယ်လ်ဆီး ဘောလုံးအသင်းကစားသည့်ပွဲတိုင်းလိုလိုကို သွားရောက်ကြည့်ရူခဲ့ပြီး ဘောလုံးအားကစားကို ကြိုက်နှစ်သက်ပြီး ထောက်ခံအားပေးသူတယောက်ပုံစံဖြင့် ပွဲကစားနေချိန်တွင် စိတ်လှုပ်ရှားမှုများကို မြင်သာထင်ရှားအောင် ပြသလေ့ရှိပြီး ပွဲပြီးချိန်တွင် အားကစားသမားများ၏ အဝတ်လဲခန်းများသို့ သွားရောက်လည်ပတ်လေ့ရှိသည်။ သို့သော် ၂၀၀၇ အစောပိုင်းတွင် အထူးသဖြင့် အန်ဒရီ ရှက်ဗ်ချန်ကို လို ကစားသမားများရောက်ရှိလာခဲ့သည့် ကိစ္စရပ်များနှင့် ပက်သက်ပြီး သူတို့ နှစ်ယောက်ကြား သဘောထားခြင်း မတိုက်ဆိုင်ပဲ စကားများခဲ့ကြပြီး အေဘရာမိုဗစ်ချ် နှင့် အသင်းမန်နေဂျာ မော်ရင်ဟိုတို့ အကြား ရန်ငြိုးရန်စရှိသည်ဟူသော ကောလဟာလ သတင်းများ သတင်းစာများတွင် ပေါ်ထွက်လာခဲ့ပြီးနောက်တွင် ထိုအပြုအမူများမှာ ရပ်ဆိုင်း သွားခဲ့သည်။

ဂျိုစ့် မော်ရင်ဟိုမှ ၂၀၀၇ စက်တင်ဘာ ၂ဝ နေ့စောစောပိုင်းတွင် အသင်းအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးအပြီးတွင် အပြန်အလှန်သဘော တူညီမှုအရ ချယ်လ်ဆီး အသင်း မန်နေဂျာအဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ယခင် အစ္စရေးနည်းပြနှင့် ချယ်လ်ဆီး အသင်း ဒါရိုက်တာဟောင်း အီဗရာ ဂရန့် ကို မော်ရင်ဟိုနေရာတွင် ခန့်အပ်ခဲ့သည်။ ချယ်လ်ဆီး အသင်းကို ဂရန့် စတင်တာဝန်ယူသည့်အချိန် ( ၂၀၀၇ နွေရာသီ ) မှစပြီး သူနှင့် မော်ရင်ဟိုအကြားတွင် ပဋိပက္ခများဖြစ်ပွားခဲ့သည်။

မော်ရင်ဟိုမှ ဂရန့်အား အသင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန်လူသိရှင်ကြားထုတ်ဖော် ပြောကြားခဲ့သော်လည်း အုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ပြီးနောက်တွင် အေဘရာမိုဗစ်ချ် ၏ ထောက်ခံအားပေးမှုဖြင့် ဂရန့် သည် အသင်းတာဝန်ရှိ သူများစာရင်းတွင် ပါဝင်ခဲ့သည်။ ထိုအဖြစ်အပျက်သည် မော်ရင်ဟိုနှင့် ဆက်ဆံမှုအခြေအနေအား ပိုမိုမကောင်းမွန်စေခဲ့သည့်အပြင် မော်ရင်ဟိုအား ရုတ်တရက်ထွက်ခွာစေဖို့ အထောက်အကူဖြစ်စေသည့် အကြောင်းရင်းတချက် ဖြစ်စေခဲ့သည်။

အီဗရာ ဂရန့် သည် ချယ်လ်ဆီး အသင်းအား အင်္ဂလိပ်ပရီးမီးယားရှစ် နှင့် ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲများတွင် ဒုတိယနေရာလုပွဲအထိ ရောက်အောင်ပို့ပေးနိုင်ခဲ့ပြီး ပြိုင်ပွဲ နှစ်ခုလုံးတွင် မန်ချက်စတာယူနိုက်တက် အသင်းကိုနောက် ဒုတိယနေရာ သို့ရောက်ရှိခဲ့သည်။ သို့သော်ငြားလည်း မေ ၂၄ နေ့တွင် အေဘရာမိုဗစ်ချ် သည် ဂရန့် ကို မန်နေဂျာနေရာမှ ထုတ်ပယ်ခဲ့သည်။ ၂၀၀၈ ဇွန် ၁၁ နေ့တွင် လူးဝစ် ဖိလစ် စကိုလာရီ မှ ၂၀၀၈ ဇူလိုင် ၁ နေ့မှ စပြီး အသင်း မန်နေဂျာ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၀၉ ဖေဖော်ဝါရီ ၉ နေ့တွင် စကိုလာရီ ကို ချယ်လ်ဆီး အသင်း မန်နေဂျာအဖြစ်မှ ထုတ်ပယ်ခဲ့သည်။ ၂၀၀၉ ဖေဖော်ဝါရီတွင် ဂူဟစ်ဒင့် အား အသင်းမန်နေဂျာအဖြစ် ခန့်အပ်ခဲ့သည်။ သို ့သော် အဂငျ်လိပ်ဘောလုံးရာသီပြီးဆုံးချိန်တွင် ကာလို အန်စလော့တီ ကို အစားထိုး ခန့်အပ်ပြီး သူ၏ အမြဲတမ်း ရာထူးဖြစ်သည့် ရှရှားအမျိုးသား လက်ရွေးစင်အသင်း မန်နေဂျာအဖြစ် ပြန်လည်တာဝန်ယူခဲ့သည်။ ၂၀၀၈ မေလ ဖော်ပြချက်များအရ အေဘရာမိုဗစ်ချ် စတင်ရောက်ရှိသည့် ၂၀၀၃ ခုနှစ် မှ လက်ရှိအချိန်အထိ ချယ်လ်ဆီး ဘောလုံးအသင်းအတွက် ပေါင် သန်း ၆၀ဝ ( ယူရို ၇၀၅ သန်း ) နီးပါး အသုံးပြုခဲ့ကြောင်းသိရသည်။

CSKA မော်စကို[ပြင်ဆင်ရန်]

၂၀၀၄ မတ်လတွင် Sibneft သည် ရှရှားဘောလုံးအသင်း CSKA မော်စကို ကို ယူရို ၄၁.၃ သန်း ( အမေရိကန် ဒေါ်လာ ၅၈ သန်း ) ဖိုး ၃ နှစ်စာ ထောက်ပံကြေးပေးရန် သဘောတူညီခဲ့သည်။ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းမှာ စီမံခန့်ခွဲရေးအဆင့်မှ ပုဂ္ဂိုလ်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ရှင်းလင်းပြောဆိုခဲ့သော်လည်း တချို့က ထိုသဘောတူညီချက်မှာ ချယ်လ်ဆီး ဘောလုံးအသင်းကို ဝယ်ယူစဉ်က ထွက်ပေါ်ခဲ့သော မျိုးချစ်စိတ်မရှိဟူသော စွပ်စွဲချက်ကို တုံပြန်ရန် အတွက် အေဘရာမိုဗစ်ချ် ၏ ကြိုးစားမှုတခုသာ ဖြစ်သည်ဟု သဘောထား ကြသည်။

Union of European Football Associations ( UEFA ) စည်းကမ်းသတ်မှတ်ချက်များအရ လူတယောက်သည် UEFA တွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသော အသင်းတသင်းထက်ပိုပြီး ပိုင်ဆိုင်ခွင့်မရှိဟု တားမြစ်ထားသောကြောင့် CSKA တွင် အေဘရာမိုဗစ်ချ် ပိုင်ဆိုင် သည့် ရှယ်ယာမရှိပေ။ ရှေ့နေတဦးဖြစ်သူ Alexandre Garease သည် CSKA မှ သူ၏ လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သည်။ ထိုကိစ္စနှင့် ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက်တွင် ရှယ်ယာပိုင်ဆိုင်မှုနှင့်ပက်သက်သည့် အငြင်းပွားမှုသည် ရှင်းရှင်း လင်းလင်း ဖြစ်ခဲ့သည်။ သို့သော်ငြားလည်း ၂၀၀၄ ဇွန်လကုန်ပိုင်းတွင် ရှရှား မဂ္ဂဇင်း Pro Sport မှ အေဘရာမိုဗစ်ချ် သည် ရှရှားဘောလုံးလောကတွင် ဩဇာညောင်းသောလူတယောက်အဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။ ၂၀၀၅ မေတွင် UEFA ဖလားပြိုင်ပွဲတွင် CSKA မှ အနိုင်ရခဲ့ပြီး ဥရောပကလပ်အသင်းအများစုယှဉ်ပြိုင်ကြသည့်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပထမဆုံးရှရှားကလပ် အသင်း ဖြစ်လာခဲ့သည်။

သို့သော် ၂၀၀၅ အောက်တိုဘာတွင် အေဘရာမိုဗစ်ချ် သည် Sibneft ရှိ သူပိုင်ဆိုင်သည့် ရှယ်ယာများကိုရောင်းချခဲ့ပြီး FC Zenit Saint Petersburg အသင်းကို ထောက်ပံကြေးပေးသူတယောက်ဖြစ်သည့် ကုမ္ပဏီ၏ ပိုင်ရှင်အသစ် Gazprom သည် CSKA Moscow အသင်းအား ထောက်ပံကြေးပေးမည့် သဘောတူညီမှုကို ပယ်ဖျက်ခဲ့သည်။

ရုရှားအမျိုးသား ဘောလုံးအသင်း[ပြင်ဆင်ရန်]

ဂျာမနီ ကမ္ဘာ့ဖလားမှ အေဘရာမိုဗစ်ချ် အေဘရာမိုဗစ်ချ် သည် ရှရှားအမျိုးသားဘောလုံးအသင်း၏ နည်းပြအဖြစ် ရှရှားသို့ခေါ်ဆောင်ခဲ့ရာတွင် ကျယ်ပြန့်သော ကဏ္ဍအခန်းကမှ ပါဝင်ခဲ့သည်။ ဟစ်ဒင့် ၏ PSV Eindhoven ဘောလုံးအသင်း ကင်းထောက်အဖွဲ့ခေါင်းဆောင်ဟောင်း နှင့် အေဘရာမိုဗစ်ချ် ၏ ချယ်လ်ဆီး အသင်းမှ ကိုယ်ရေးအရာရှိ ဖြစ်သူ ပီယတ် ဒီ ဗစ်ဆာ သည် ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် အား ဟစ်ဒင့် ကိုခေါ်ယူရန် ထောက်ခံအားပေးခဲ့သည်။

ဒီ ဗစ်ဆာ သည် ၂၀၀၈-၀၉ ဘောလုံးရာသီ၏ နောက်ဆုံးလများတွင် ဟစ်ဒင့် ကို ယာယီ ချယ်လ်ဆီး အသင်းမန်နေဂျာအဖြစ်ခန့်အပ်နိုင် ရန် အတွက် အရေးပါအရာရောက်သူတယောက်ဖြစ်ခဲ့သည်။

အမျိုးသားဘောလုံးပညာသင်တန်းကျောင်း[ပြင်ဆင်ရန်]

သူသည် ကြေးစားဘောလုံးလောကတွင် ပါဝင်ပက်သက်ခဲ့သည့်အပြင် ရှရှားနိုင်ငံရှိ အမျိုးသားဘောလုံးပညာသင်တန်းကျောင်း ( National Academy of Football ) အဖွဲ့အစည်းကိုလည်း ထောက်ပံလှူဒါန်းခဲ့သည်။ ထိုအဖွဲ့အစည်းသည် နိုင်ငံတဝှမ်းရှိ လူငယ်အားကစားအစီအစဉ်များကို အားပေးကူညီထောက်ပံခဲ့ပြီး နိုင်ငံတဝှမ်းရှိ မြို့များတွင် အားကစားကွင်းပေါင်း ၅ဝ ကျော်ကို တည်ဆောက်ပေးခဲ့သည်။

နည်းပြများ၊ သင်ကြားချက် စာရွက်စာတမ်းများကို ပုံနိုပ်ထုတ်ဝေပေးခြင်း၊ အားကစားအဆောက်အအုံများကို ပြန်လည်ပြုပြင် တည် ဆောက်ခြင်းစသည့် လေ့ကျင့်သင်ကြားပေးသည့် အစီအစဉ်များအတွက် လိုအပ်သည့် ငွေကြေးထောက်ပံပေးပြီး ထိပ်တန်းနည်းပြများ၊ သင်တန်းသားများကို အင်္ဂလန်၊ ဟော်လန်နှင့် စပိန်နိုင်ငံများရှိ ဘောလုံးအသင်းများသို့ သွားရောက်လည်ပတ်နိုင်ရန် ပို့ဆောင်ပေး ခဲ့သည်။

၂၀၀၆ တွင် အမျိုးသားဘောလုံးပညာသင်တန်းကျောင်းကို အသက် ၃၈ နှစ်တွင်ကွယ်လွန်ခဲ့သူ Yuri Konoplev (၅၇) မှတည်ထောင် ခဲ့သည့် Samara Oblast, Togliatti အနီးရှိ Primorsky တွင်တည်ရှိသော ဘောလုံးပညာစီမံခန့်ခွဲမှုသင်တန်းကျောင်းမှ လွှဲပြောင်း ရယူခဲ့သည်။ လက်ရှိတွင် ထိုသင်တန်းကျောင်းတွင် လူငယ် ၁၀၀ဝ ကျော်ကို ကျောင်းအိပ်ကျောင်းစားထားရှိသည်။

ကရင်မလင် နှင့် ဆက်ဆံရေး[ပြင်ဆင်ရန်]

ဘောရစ်ယဲ့ဆင်[ပြင်ဆင်ရန်]

အစပိုင်းတွင် သူကိုယ်သူ အလွန်ဩဇာအာဏာကြီးမားသောလုပ်ငန်းရှင် သူဌေးကြီး ဘောရစ် ဘာရက်ဇော့ဗ်စကီး ၏ လက်ထောက်တယောက်အဖြစ် ဖော်ပြခဲ့ သည်။ “ ဘာရက်ဇော့ဗ်စကီး အောင်မြင်ဖြစ်ထွန်းခဲ့သည့်အဆင့်တိုင်းတွင် အေဘရာမိုဗစ်ချ် ရှိနေခဲ့ပြီး စောင့်ကြည့် သင်ယူခဲ့သည်။”

ကရင်မလင် မှ တချို့ လူနည်းစုဖြစ်သော လက်ဝါးကြီးအုပ်စီးပွားရေးသမားများအား ၎င်းတို့၏ အတိတ်က အောင်မြင်ခဲ့သော လုပ်ငန်းများနှင့်ပက်သက်၍ တာဝန်ယူ ပေးရန် ကရင်မလင်မှ ဆုံးဖြတ်ချက်ချဖို့ အရိပ်အရောင် သန်းလာသောအခါ Sibneft နှင့် Yukos လုပ်ငန်းများကို ပေါင်းစည်းလိုက်ဖို့ အဆိုပြုခြင်းသည် အများစု၏ အမြင်တွင် သူ၏ ရုရှားမှ ထွက်ခွာရန် လှုပ်ရှားမှု တစ်ခု ဟု မြင်ကြသည်။

Sibneft မှ ဘောရစ် ဘာရက်ဇော့ဗ်စကီး ပိုင်ဆိုင်သည့် ရှယ်ယာများကို အငြင်းပွားဖွယ်ရာ ရောင်းချခဲ့မှုတွင် အေဘရာမိုဗစ်ချ် သည် အလွန်နီးကပ်စွာ ပါဝင်ပက်သက်မှုရှိခဲ့သည်။ သို့သော် ဘာရက်ဇော့ဗ်စကီး က ၂၀၀၅ ဇူလိုင်တွင် “ သူတိုင်းပြည်မှ ထွက်ခွာခဲ့ပြီးနောက် သူပိုင်ဆိုင်သည့် ရှရှားမှ တန်ဖိုးကြီးရှယ်ယာများအားလုံးကို အေဘရာမိုဗစ်ချ် သို့ အလွန်သက်သာသည့် ဈေးနှုန်းဖြင့်ရောင်းချရန် ဖိအားပေးခံခဲ့ရမှုနှင့် ပက်သက်ပြီး အေဘရာမိုဗစ်ချ် ကို ဗြိတိန်တရားရုံးတွင် တရားစွဲဆိုမည် ” ဟု ကြေညာခဲ့သည်။

အေဘရာမိုဗစ်ချ် အားအုပ်ချုပ်သူအဖြစ် နောက်ထပ်ရာထူးသက်တမ်းတခု ထပ်မံတာဝန်ထမ်းဆောင်ရန် ၂၀၀၅ အောက်တိုဘာ ၂၁ နေ့တွင် အတည်ပြုခန့်အပ်ခဲ့ပြီး ချော့ကော့တ်ကာ ၏ ဒေသတွင်း ဥပဒေပြုအဖွဲ့သို့သဘောတူညီချက်ရယူရန်အတွက်ပေးပို့ ပြီးဖြစ်ကြောင်း ကရင်မလင် ပုံနိုပ်သတင်းဌာနမှ အစီရင်ခံဖော်ပြခဲ့သည်။

ဗလာဒီမာ ပူတင်[ပြင်ဆင်ရန်]

ရှရှားဝန်ကြီးချုပ် ဗလာဒီမာပူတင် ၏ အတ္ထုပ္ပတ္တိရေးသူ ခရစ် ဟွတ်ချင်းစ် က ယခင်ရှရှား သမ္မတ နှင့် အေဘရာမိုဗစ်ချ် တို့၏ ဆက်ဆံရေး သည် အဖေနှင့် သူ့အချစ်ဆုံးသားတယောက်တို့၏ ကြားရှိဆက်ဆံသကဲ့သို့ပင်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ အေဘရာမိုဗစ်ချ် က ပူတင်နှင့် သူ၏ ဆက်ဆံရေးသည် ကျွမ်းကျင်သည့် စီးပွားရေးသမားများကဲ့သို့ပင်ဖြစ်ကြောင်း၊ သူ၏ အသုံးအနှုန်းကို ပူတင်အား သမားရိုးကျမဆန်ဟူသော စကားလုံး “ты” ( ပြင်သစ်လို “tu” ) ၏ ဆန့်ကျင်ဘက် ဖြစ်သော သမားရိုးကျဆန်သည်ဟူသော - “Вы” ( ပြင်သစ်လို “vous” ) စကားလုံးဖြင့်ဖော်ပြခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

မိသားစု[ပြင်ဆင်ရန်]

အေဘရာမိုဗစ်ချ် သည် အိုလ်ဂါ ရာရဗ်နာ လီဆိုဗာ ကို ၁၉၈၇ ဒီဇင်ဘာ တွင် လက်ထပ်ခဲ့သည်။ ( ၁၉၉ဝ တွင် ကွာရှင်းခဲ့သည် ) အိုင်ရင်နာ ဗရာချယ်စလဗ်ဗိုနာ ကို ၁၉၉၁ အောက်တိုဘာတွင် ထပ်မံလက်ထပ်ခဲ့ပြီး ၂၀၀၇ တွင် ကွာရှင်းခဲ့သည်။ သူနှင့် Irina တို့တွင် သားသမီး ၅ ယောက်ထွန်းကားခဲ့သည်။

၂၀၀၆ အောက်တိုဘာ ၁၅ နေ့တွင် News of World မှ “ တင်းနှစ်ကစားသမား မာရတ် ဆဖင်န် ၏ ချစ်သူဟောင်း၊ ထင်ရှားသည့် ရှရှားအာဏာပိုင် အလက်ဇန္ဒား ရက်ဒ်ကင် ဇူဟ်ကော့ဗ် ၏ သမီး အသက် ၂၅ နှစ်ရှိ ဒါရီယာ ဇူဟ်ကော့ဗ် နှင့် အလွန်ရင်းနှီးသည့် ဆက်ဆံရေးကြောင့် လက်ရှိတရားဝင်ဇနီးဖြစ်သူ အိုင်ရင်နာ က ကွာရှင်းပြတ်စဲသည့်အမှုများကို ကိုင်တွယ်သည့် ထိပ်တန်း အကျိုးဆောင်ရှေ့နေ ၂ ဦးကို ငှားရမ်းထားကြောင်း “ သတင်းထုတ်ပြန်ခဲ့သည်။ သူတို့ လင်မယားကွာရှင်းပြတ်စဲရာတွင် ပေးသည့်နစ်နာကြေး ( ထင်ကြေးပေးချက်အရ ပေါင် ၅.၅ ဘီလျံ / ယူရို ၆.၅ ဘီလျံ ကုန်ကျပြီး ) သည် အမြင့်ဆုံးစံချိန်တင်ကြေး ဖြစ်လိမ့်မည်ဟု ထင်ကြေးပေးခြင်းခံခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် သူတို့သည် နစ်နာကြေးအဖြစ် အမေရိကန် ဒေါ်လာသန်း ၃၀ဝ ( ယူရို ၂၁၃ သန်း ) ပေးပြီး ၂၀၀၇ မတ်လ တွင် ရှရှားနိုင်ငံ၌ ကွာရှင်းပြတ်စဲခဲ့ကြသည်။ ၂၀၀၉ ဒီဇင်ဘာ ၄ နေ့တွင် Daria ၏ ပထမဆုံးကလေးကို Los Angeles တွင် ဖွားမြင်ခဲ့သည်။ ထိုကလေးသည် အေဘရာမိုဗစ်ချ် ၏ ၆ ယောက်မြောက် သားသမီးဖြစ်ပြီး Aaron Alexander ဟု အမည်ပေးခဲ့သည်။

ကိုယ်ပိုင်စစ်တပ်[ပြင်ဆင်ရန်]

အေဘရာမိုဗစ်ချ် သည် မကြာသေးမီကပင် သူ၏ လုံခြုံရေးဝန်ထမ်းများကို အယောက် ၄ဝ အထိ တိုးမြှင့်ခန့်အပ်ခဲ့ပြီး ကိုယ်ပိုင်စစ်တပ်အဖြစ် ဖွဲ့စည်း ခဲ့ရာ ကမ္ဘာ့လုံခြုံမှုအရှိဆုံး စီးပွားရေးသမားတယောက်အဖြစ်သို့ရောက်ရှိစေခဲ့သည်။

ကြွယ်ဝမှု[ပြင်ဆင်ရန်]

၂၀၁ဝ မတ်လ Forbes စာရင်းအရ အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလျံ အသားတင်ကြွယ်ဝချမ်းသာပြီး ကမ္ဘာ့အဆင့် ၅ဝ ရှိ အချမ်းသာ ဆုံး ပုဂ္ဂိုလ်တယောက် ဖြစ်သည်။ ငွေကြေးအကျပ်အတည်းမတိုင်မီက ဗြိတိန် တွင်နေထိုင်သည့် ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ်သတ်မှတ်ခံရသည်။ (၆၆) ၂၀၀၉ အစောပိုင်းတွင် Times Magazine မှ ကမ္ဘာ့ငွေကြေးအကျပ်အတည်းကြောင့် အေဘရာမိုဗစ်ချ် ပိုင်ဆိုင်သည့် ပေါင် ၁၁.၇ ဘီလျံအနက် ၃ ဘီလျံ ဆုံးရှုံးခဲ့ကြောင်း ခန့်မှန်းဖော်ပြခဲ့သည်။ (၆၇)

အခြားစိတ်ဝင်စားမှုများနှင့် လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

အနုပညာ[ပြင်ဆင်ရန်]

Roman အေဘရာမိုဗစ်ချ် သည် လန်ဒန်မြို့ Somerset House ရှိ Gilbert Collection တွင် ၂၀၀၆ နိုဝင်ဘာ ၂၉ နေ့ တွင် စတင်ဖွင့်လှစ်ခဲ့သော နာမည်ကျော် ဆိုဗီယက်ဓာတ်ပုံဆရာ Max Penson ( 1893 – 1959 ) ၏ Uzbekistan တွင် ရိုက်ကူးထားသော ဓာတ်ပုံများကို ခင်းကျင်းပြသသော ဓာတ်ပုံပြပွဲကို အကုန်အကျခံကာ ကြီးမှူးကျင်းပပေးခဲ့သည်။

ယခင် ၂၀၀၅ ခုနှစ်တုန်းကလည်း ထိုပြခန်းတွင်ပင်ကျင်းပခဲ့သော"Quiet Resistance: Russian Pictorial Photography 1900s–1930s" ဓာတ်ပုံပြပွဲကို ကြီးမှူးကျင်းပပေးခဲ့ဖူးသည်။ ထိုပြပွဲ ၂ ခုလုံးကို Moscow House of Photography မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

သူသည် ၂၀၀၈ မေတွင်ကျင်းပသော နိုင်ငံတကာအနုပညာပစ္စည်းများ လေလံတင်ရောင်းချသည့်ပွဲတွင် အဓိကဝယ်ယူသူ တယောက်အဖြစ် ပေါ် ထွက်လာခဲ့သည်။ သူသည် ပန်းချီဆရာ ဖရန်စစ်ဘေကွန်၏ ၁၉၇၆ တွင်ရေးဆွဲခဲ့သော ဆေးရေးပန်းချီကားကို ယူရို ၆၁.၄ သန်း ( ကန်ဒေါ်လာ ၈၆.၃ သန်း ) ( စစ်ပြီးခေတ်တွင်ပြုလုပ်ခဲ့သော အနုပညာပစ္စည်းများအတွက် စံချိန်တင်သည့်ဈေးနှုန်း ) ဖြင့် ဝယ်ယူခဲ့ပြီး ပန်းချီဆရာ Lucian Freud ၏ Benefits Supervisor Sleeping ပန်းချီကားကို ယူရို ၃၂.၉ သန်း ( ကန်ဒေါ်လာ ၃၃.၆ သန်း ) ( သက်ရှိထင်ရှားပန်းချီဆရာများတွင် စံချိန်တင်သည့် ဈေးနှုန်းဖြစ်သည် ) ဖြင့် ဝယ်ယူခဲ့သည်။

သူ၏ လုပ်ဖော်ကိုင်ဖက် Dasha Zhukova က မော်စကိုရှိ သမိုင်းဝင် ဘတ်စ်ကားဂိုဒေါင်အဆောက်အဦးတခု ဖြစ်သည့် Bakhmetevsky တွင် ခေတ်ပေါ်ပန်းချီပြပွဲတခုကို ကြီးမှူးကျင်းပခဲ့သည်။ ဆယ်စုနှစ်များစွာ စွန် ့ပစ်ခံခဲ့ရပြီး တစိတ်တပိုင်းကို ငှားရမ်းထားခဲ့သည့် ထိုအဆောက်အဦးကို ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့ပြီး ၂၀၀၈ စက်တင်ဘာတွင် တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုအဆောက်အဦးကို ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရာတွင် အေဘရာမိုဗစ်ချ် မှ အကုန်အကျခံပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့မှုမှာ မှတ်တမ်းတင်ဂုဏ်ပြုစရာကောင်းလှသည်။

အိမ်များ[ပြင်ဆင်ရန်]

အေဘရာမိုဗစ်ချ် သည် လန်ဒန်၊ ဘယ်လ်ဂရာဗီးယားရှိ Lowndes Square တွင် ယူရို ၁၃.၈ ဘီလျံ ( ပေါင် ၁၁.ရ ဘီလျံ / အမေရိကန်ဒေါ်လာ ၁၉.၃ ဘီလျံ ) တန်ဖိုးရှိ အိမ်ခြံမြေများပိုင်ဆိုင်မှုကို အကြောင်းပြု၍ Sunday Times Rich List 2008 တွင် ပါဝင်ခဲ့သည်။ ၂၀၀၈ မေတွင် United States Surgical Corporation ကိုတည်ထောင်သူ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် Leon Hirsch ပိုင်ဆိုင်သည့် ကော်လိုရာဒို ဒေသ၊ အက်စ်ပန် အနီးရှိ ယခင် Wildcat Ridge အဖြစ်အသုံးပြုထားသော မြေဧက ၂၀ဝ ( ဝ.၈၁ ကီလိုမီတာ ပတ်လည် ) ကို ယူရို ၂၁.၂ သန်း ( ပေါင် ၁၈ သန်း၊ အမေရိကန်ဒေါ်လာ ၂၉.ရ သန်း ) ပေးပြီး ဝယ်ယူခဲ့သည်။ (၇၁)

ရွက်လှေများ[ပြင်ဆင်ရန်]

အေဘရာမိုဗစ်ချ် သည် ဇိမ်ခံရွက်လှေများနှင့်ပက်သက်ပြီး ကမ္ဘာ့ပေါ်တွင် ငွေကြေးအသုံးဆုံးလူတယောက်ဖြစ်လာခဲ့သည်။ သူပိုင်ဆိုင်သည့် ရွက်လှေ ၅ စီးနှင့် ပက်သက်ပြီး မီဒီယာများက ဆက်သွယ်မေးမြန်းခဲ့ကြပြီး ထိုမေးမြန်းခန်းတွင် အေဘရာမိုဗစ်ချ်၏ ရေတပ် ဟု ပြောဆိုသုံး နှုန်းခဲ့ကြသည်။ (၇၂)(၇၃)

Eclipse - ရှိ ခေတ်မီဆန်းပြားသော နောက်ဆုံးပေါ်ဒီဇိုင်းများကို Pelorus မှ Terrence Disdale ပြင်ဆင်ထားသည့်အတိုင်း ပို၍ မာန်ပါသောလိုင်းများနှင့် သုံးရောင်ချယ်စနစ်ကို အသုံးပြုပြီး Pelorus နှင့်အလားတူဒီဇိုင်းမျိုးကို Hermidas Atabeyki က ပြင်ဆင် ထားခဲ့သည်။

Eclipse ကို Blohm နှင့် Voss တို့ကပူးပေါင်း၍ ဂျာမနီနိုင်ငံတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ စက်တင်ဘာတွင် ပထမဆုံး ရေချခဲ့သည်။ (၇၅) ၂၀၀၉ ဒီဇင်ဘာ ၂၂ နေ့တွင် အေဘရာမိုဗစ်ချ် လက်သို ့ပေးအပ်ရမည်ဖြစ်သော်လည်း (၇၆) တည်ဆောက် နေချိန်တွင် သတ်မှတ်ချက် အချို့ အပြောင်းအလဲရှိသောကြောင့် ၂၀၁ဝ ခုနှစ်ရောက်မှ ပေးအပ်နိုင်ခဲ့သည်။ ၁၇ဝ မီတာ ( ၅၆ဝ ပေ) အရှည် ရှိသည်။ အမေရိကန် ဒေါ်လာ ၁.၂ ဘီလျံခန့်ကုန်ကျလိမ့်မည်ဟု ယုံကြည်ကြသည်။ ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး ကိုယ်ပိုင် ရွက်လှေတစီးအဖြစ် သတ်မှတ်ခြင်းခံရသည်။ ရွက်လှေ၏ သတ်မှတ်ချက်တွင် အနည်းဆုံး ရေကူးကန် ၂ ကန်၊ ဟယ်လီကော်ပတာ ၂ စင်းဆင်းသက်ရပ်နား နိုင်ရန် အကျယ်ရှိသည့် ဟယ်လီကော်ပတာကွင်း၊ သင်္ဘောတင် ဆီဖြည့်ထရပ်ကားများနှင့် ရေငုပ်သင်္ဘော တစင်းတို့ပါဝင်သည်။ ထိုရွက်လှေတွင် သတင်းထောက်လှမ်းဓာတ်ပုံရိုက်ကူးမှုကို ဟန့်တားနိုင်သည့် “ anti-paparazzi” photo-shield system တပ်ဆင်ထား ကြောင်း ဖော်ပြ ထားသည်။

MV Pelorus after her 2004 refit to အေဘရာမိုဗစ်ချ်'s own requirements by Blohm & Voss ၂၀၀၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီးနောက် အေဘရာမိုဗစ်ချ် ၏ တောင်းဆိုချက်များကို Blohm & Voss မှ အသစ်ပြင်ဆင်မွမ်းမံခဲ့ သည်။ Pelorus ( ၁၁၅ မီတာ/ ၃၇ရ ပေ ရှည် ) – Lurssen မှ အခြားဝယ်သူတဦးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အေဘရာမိုဗစ်ချ် ကမ်းလှမ်းသည့်ဈေးကို လက်မခံမီနှင့် အလုံးစုံတည်ဆောက် မပြီးစီးခင်မှာပင် Pelorus ကို ရောင်းရန်အတွက် ၆ ကြိမ်တိုင်တိုင် ကမ်းလှမ်းခြင်း ခံခဲ့ရသည်။

အတွင်းပိုင်းအပြင်အဆင်မှာ Terence Disdale မှ အလွန်ခေတ်မီသောဒီဇိုင်းဖြင့် ပြင်ဆင်ထားခြင်းဖြစ်ပြီး ထိုပုံများကို သူတို ့ကိုယ်ပိုင် Website တွင်တွေ့နိုင်သည်။ ၂၀၀၅ ခုနှစ်တွင် Blohm ¬+ Voss တို့မှ သူ၏ ဟယ်လီကော်ပတာ ရပ်နားထားစဉ် အခြားဟယ်လီ ကော်ပတာတစီး ထပ်မံဆင်းသက်နိုင်ရန် တီထွင်ထားသည့် ရှေ့ကိုရွေ့နိုင်သည့် ဟယ်လီကော်ပတာကွင်းတကွင်းနှင့် ရပ်နားထားစဉ် တိမ်းစောင်းခြင်းမရှိပဲ တည်ငြိမ်နေစေရန်အတွက် zero speed stabilisers တို့ကိုထပ်မံတပ်ဆင်ထားသည်။

၂၀၀၇-၂၀၀၈ တွင် Blohm + Voss တို့မှပင်တချို့အစိတ်အပိုင်းများကို ထပ်မံတပ်ဆင်ခဲ့သည်။ ၂၀၀၈ နွေရာသီတွင် ထိုရွက်လှေသည် Wastern Med ( ပြင်သစ်တောင်ပိုင်းနှင့် ဆာဒီနီးယား ) တွင် ရှိနေခဲ့ပြီး ဒီဇင်ဘာတွင် Canary Islands တွင် ခရီးတထောက်နားခဲ့ပြီး Atlantic သမုဒ်ဒရာကို ဖြတ်ကျော်ခဲ့သည်။ အေဘရာမိုဗစ်ချ် သည် St Bart’s တွင် နှစ်သစ်ကူးအကြိုပွဲအခမ်းအနားကို မကြာခဏကျင်းပလေ့ ရှိသည်။

Srssurro ( မီတာ ၅ဝ / ၁၆၃ ပေရှည် ) - ၁၉၉၈ တွင် Feadship မှ တည်ဆောက်ခဲ့ပြီး အတွင်းပိုင်း အပြင်အဆင်ကို Terence Disdale မှ တာဝန်ယူလုပ်ကိုင်ခဲ့သည်။ အေဘရာမိုဗစ်ချ် သည် သူ၏ Pelorus ကို ရောင်းချခဲ့သူထံမှပင် Sussurro ကို ပြန်လည်ဝယ်ယူခဲ့ခြင်းဖြစ် သည်။ Sussurro ကို Antibes, IYCA တွင် အမြဲတစေဆိုက်ကပ်ရပ်နားလေ့ရှိပြီး အခြားရွက်လှေအကြီးတစီးဖြင့် တွဲပြီးကပ်လျက် အသုံးပြုသည်။ ယခင်ပိုင်ဆိုင်ခဲ့သော ရွက်လှေများ Le Grand Bleu ( ၁၁၂ မီတာ/ ၃၇ဝ ပေရှည် လေ့လာရေးခရီးသွားရွက်လှေ ) - ယခင်က John McCaw ပိုင်ဆိုင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အေဘရာမိုဗစ်ချ် က ဝယ်ယူခဲ့ပြီး ၁၆ ပေ ( ၄.၉ မီတာ ) ရှိ ရေကူးစင်နှင့် ကစားကွင်းကို ထပ်မံတပ်ဆင်ခဲ့သည်။ ၂၀၀၆ ဇွန်တွင် သူ၏ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ Eugene Shvidler ကို ထိုရွက်လှေအား လက်ဆောင်အဖြစ် ပေးခဲ့သည်။

Ecstasea ( ၈၅ မီတာ/ ၂၈၂ ပေ ရှည် ) – ယနေ့ထိတိုင် Feadship ဆောက်လုပ်ခဲ့သော ရွက်လှေများတွင် အကြီးဆုံးရွက်လှေ တစီးဖြစ်သည်။ သမားရိုးကျ ဒီဇယ်ဆီသုံးမောင်းနှင်နိုင်သည့်စနစ်အပြင် ဓာတ်ငွေ့သုံးတာဘိုင်ကိုပါ တပ်ဆင်ထားသဖြင့် အလွန် လျင်မြန်သောအရှိန်အဟုန်ဖြင့် ခုတ်မောင်းနိုင်သည်။ ၂၀၀၉ ခုနှစ်တွင် အမည်မဖော်လိုသူတယောက်ထံသို့ ရောင်းချခဲ့သည်။

အေဘရာမိုဗစ်ချ် ပိုင် လေယာဉ်များ[ပြင်ဆင်ရန်]

လေယာဉ်မှူးအခန်းကို ဓားပြပုံစံ အသေးစိတ်ရေးဆွဲ ချယ်သထားသောကြောင့် The Bandit ဟု လူသိများသော ကိုယ်ပိုင် Boeing 767-33A/ER တစင်းကို ပိုင်ဆိုင်ပြီး မှတ်ပုံတင်အမှတ် P4-MES ဖြင့် Aruba တွင် မှတ်ပုံတင်ထားသည်။ ထိုလေယာဉ်ကို မူလက Hawalian Airlines မှ မှာယူထားခဲ့ပြီး နောက်ပိုင်းတွင် မယူဖြစ်ခဲ့ပေ။ အေဘရာမိုဗစ်ချ် က ထိုလေယာဉ်များကို Boeing မှ ဝယ်ယူခဲ့ပြီးနောက် သူ၏ လိုအပ်ချက်များကို ထမ်မံပြုပြင်တပ်ဆင်ခဲ့သည်။ အတွင်းပိုင်းအနုစိတ်လက်ရာများ ( သို ့မဟုတ် ) ရုပ်ပုံများကို မည်သည့်နေရာမှ မရရှိနိုင်ပေ။ P4-MES လေယာဉ်သည် UK, Stansted Airport ရှိ လေယာဉ်ထုတ်လုပ် ပြုပြင်သည့် အဆောက်အအုံတွင် မကြာခဏ ရပ်နားလေ့ရှိသည်။ အေဘရာမိုဗစ်ချ် သည် ယူရိုကော်ပတာ ဟယ်လီကော်ပတာ ၃ စီးကိုလဲပိုင်ဆိုင်ပြီး ၃ စီးလုံးမှာ Aruba တွင် မှတ်ပုံတင်ထား ခြင်းဖြစ်ပြီး EC-145 တစီး မှတ်ပုံတင်အမှတ် P4-LGB, EC-135T1 တစီး မှတ်ပုံတင်အမှတ် P4-XTC, EC-155B တစီး မှတ်ပုံတင်အမှတ် P4-HEC တို့ဖြစ်ကြသည်။ ထိုဟယ်လီကော်ပတာများမှာ Blackbushe လေယာဉ်ကွင်း ( သို့မဟုတ် ) UK, West Sussex, Rogate အနီးရှိ သူ့ကိုယ်ပိုင်အိမ်ရာနယ်မြေတခုဖြစ်သော Fyning Hill ရှိ သူ၏ အပျော်စီးရွက် သင်္ဘောတွင် ရပ်နားလေ့ရှိသည်။

အေဘရာမိုဗစ်ချ် ပိုင် မော်တော်ကားများ[ပြင်ဆင်ရန်]

၂၀၀၄ တွင် အေဘရာမိုဗစ်ချ် သည် Maybach 62 အမည်ရှိ ဇိမ်ခံမှန်လုံကား ၂ စီးကို ဝယ်ယူခဲ့သည်။ ထိုကားများကို ဗုံးဒဏ်နှင့် ကျည်ဒဏ်ခံ နိုင်အောင် ပြုပြင်ထားသည်။ ထိုကားများမှာ ပေါင် ၁ သန်း ( ယူရို ၁.၈ သန်း (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၁.၆၅ သန်း ) တန်ဖိုးရှိသည်။ အေဘရာမိုဗစ်ချ် သည် ပြိုင်ကွင်းပြေးလမ်းတွင်သာ မောင်းနှင်နိုင်သော အမေရိကန်ဒေါ်လာ ၂.၂ သန်း( ယူရို ၁.၅၇ သန်း ) တန်ဖိုးရှိ Ferrari FXX ကားတစီးကိုလဲ ပိုင်ဆိုင်သည်။ ထိုကားမျိုး အစီးရေ ၃ဝ သာထုတ်လုပ်ထားသည်။

အနက်ရောင်အောက်ခံပေါ်တွင် အပြာရောင်ရှိ Bugatti Veyron, Maserati MC12 Corsa, Ferrari 360, Porsche Carrera GT, နဂိုမူလကတည်းက အိုင်ယာလန် သမ္မတနိုင်ငံတွင် မှတ်ပုံတင်ထားသော VIP-1 နံပါတ်ပြားဖြင့် Rolls Royce Corniche, Porsche 911 GT1 နှင့် Mercedes-Benz CLK GTR စသည့် ကားအမျိုးအစားများကို လဲပိုင်ဆိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Roman Abramovich။ 2017-06-30 တွင် ပြန်စစ်ပြီး။
  2. The 7 richest Russians living in Britain (2017-02-14)။ 2017-06-30 တွင် ပြန်စစ်ပြီး။
  3. "Rem Koolhaas and Dasha Zhukova Build a Moscow Museum"၊ The Wall Street Journal