ဂဇဟတ္ထ

ဝီကီပီးဒီးယား မှ

ဆင်နှာမောင်းသဏ္ဌာန် လက်ဟန်ဖြစ်သည်။

ဒဏ္ဍဟတ္ထပုံနှင့် ဆင်တူဖြစ်သည်။

လက်မောင်းကို ရှေ့သို့ ဆန့်တန်း၍ဖြစ်စေ, တခါတရံ ကိုယ်၏ ရှေ့ကို ကန့်လန့်ဖြတ်၍ ဖြစ်စေ ထားလေ့ရှိသည်။ ဆင်၏ နှာမောင်းသဏ္ဌာန်ပုံရှိသော လက်ဟန်နေထားဖြစ်ရကား ဂဇဟတ္ထ ခေါ်သည်။

ဓမ္မေသု အပ္ပမာဒ မင်္ဂလာရစေခြင်းငှါ တိုက်တွန်းနေဟန်မျိုးဖြစ်သည်။

အဗ္ဘုတရသနှင့် ဟဿရသတို့ကို ပေါ်လွင်စေသည်။

အဓိဋ္ဌာနပါရမီ ဝီရိယပါရမီစခန်းများသို့ ညွှန်ပြပေသည်။

ပြယုဂ်ပုံစံအားဖြင့် သီရိမာဒေဝတာ နတ်သမီးရုပ်တွင် ဤလက်ဟန်မျိုးကို တွေ့ရတတ်သည်။

ကခုန်မြူးတူးနေကြသော နတ်သိကြား ဗြဟ္မာရုပ်များတွင် ဤဟတ္ထပုံကို တွေ့ရသည်။

ဗျာဒိတ်တော် ညွှန်းနေသော ဘုရားရုပ်ပွားတော်များတွင် ဤ ဂဇဟတ္ထပုံဟန်ဖြင့် တွေ့ရှိနိုင်ပေသည်။

မန္တလေးမြို့ မန္တလေးတောင်တော်ပေါ်ရှိ ဗျာဒိတ်တော်ညွှန်း ရပ်တော်မူဘုရားကို၎င်း, ရန်ကုန်မြို့ ဆူးလေစေတီတော်ရှိ ဆူးလေနတ်ကြီးကို၎င်း ဂဇဟတ္ထပုံဟန်ဖြင့် တွေ့ရှိနိုင်ပါသည်။

ဂဇဟတ္ထပါသော ဗျာဒိတ်တော်ညွှန်းပုံ ရုပ်ပွားဆင်းတုတော်များကို ရှေးမင်းကောင်း မင်းမြတ်တို့သည် မိမိ၏ ဘုန်းတန်ခိုး အာနုဘော်ထက်မြက် တိုးပွားစေရန်၎င်း တိုင်းပြည်ကို တိုင်းတပါး ရန်သူတို့ မထိပါး မနှောင့်ယှက်နိုင်စေရန်၎င်း, တိုင်းသူပြည်သား စိတ်ချယုံကြည် အားကိုးစိတ် ပေါ်လာကြစေရန်၎င်း ရည်ရွယ်၍ စီရင်ကိုးကွယ်ခဲ့ကြသည်။ ဤရုပ်တုများကို ကိုးကွယ်သူသည် ရှေး ဘဝကံဟောင်းက ကောင်းသောအကျိုးပေးခြင်း မတရားစွပ်စွဲမှုမှ ကင်းလွတ်ခြင်း တည်ကြည် ခန့်ညားခြင်း, တိုင်းပြည် စည်ပင်ဝပြောခြင်း, လမ်းမှန်ကို တွေ့မြင်ရခြင်း, ဘုန်းတန်ခိုးကြီးမားခြင်း စသော အကျိုးများကို ရနိုင်သည်ဟု တန္တရာယာနကျမ်းများ၌ ဖွင့်ဆိုထားလေသည်။[၁][၂] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. GAJA HASTA SIS p. 130. Icons in B. p. 27. fig. 3. DHI. p. 258. ; IBBS. p. 119.; EHI. ii. 16.
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ