ခြစ်ရာ မာဆင့်

ဝီကီပီးဒီးယား မှ

ခြစ်ရာမာဆင့်စမ်းသပ်မှု ဆိုသည်မှာ အရာဝတ္ထု/ပစ္စည်းတစ်ခုခု၏ခြစ်ခြင်းနှင့်ပွန်းပဲ့မှုများ၏ မာဆင့်ကို ဆုံးဖြတ်ရန်အသုံးပြုခြင်းဖြစ်သည်။ အစောဆုံးစမ်းသပ်မှုကို ၁၈၂၀ တွင် တွင်းထွက်ဗေဒပညာရှင် Friedrich Mohs မှတီထွင်ခဲ့သည် (Mohs စကေး ကိုကြည့်ပါ)။ ၎င်းသည်ခြစ်ရာ၊ မာဆင့်နှိုင်းယှဉ်ခြင်းတန်ဖိုးပေါ်တွင်အခြေခံသည်။ talc အား ၁ နှင့်စိန်ကို ၁၀ ဟုတန်ဖိုးသတ်မှတ်သည်။ Mohs ၏စကေးသတ်မှတ်ချက်သည်ကန့်သတ်ချက်နှစ်ခုရှိသည်။ ၎င်းမှာ အစဉ်အတိုင်း မဟုတ်ကြဘဲ ခေတ်သစ်ပွတ်တိုက်၊ ပွန်းပဲ့၊ ပွန်းရှတတ်သောပစ္စည်းများအများစုသည် ၉ နှင့် ၁၀ တန်ဖိုးကြားတွင်ကျရောက်သည်။

ရေမွန် R. Ridgway, Norton ကုမ္ပဏီ သုတေသနအင်ဂျင်နီယာ မှ ဥဒေါင်အား မာဆင့်တန်ဖိုး 10 နှင့်စိန်အား 15 ပေးခြင်းအားဖြင့် Mohs စကေးကို ပြုပြင်မွမ်းမံခဲ့သည်။ [၁] Carborundum ကုမ္ပဏီ တွင်အလုပ်လုပ်နေသော Charles E. Wooddell သည်လည်းပွန်းပဲ့ခြင်းအား ခုခံကာကွယ်ခြင်းအားဖြင့်စကေးအားထပ်မံ၍ တိုးချဲ့ခဲ့သည်။ သလင်း တွင်တန်ဖိုး ၇ နှင့် ၉ ကို ပတ္တမြား၊ နီလာအုပ်စုကြီး အပေါ်အခြေခံထားပြီး တွက်ချက်ခန့်မှန်းချက်အရတောင်အမေရိကအညိုရောင်စိန်bort အတွက်တန်ဖိုး ၄၂.၄ ရှိသည်။ [၂] ပွန်းပဲ့ခြင်းကိုခံနိုင်ရည်ရှိခြင်းသည် အခြားထုထည်နည်းနည်းအခွက်၊ အထစ်၊ အချိုင့်များမျက်နှာပြင်ကွဲပြားမှုကြောင့်ထက်သက်ရောက်မှုနည်းနိုင်သည်။

စုစုပေါင်းစွမ်းအင်သိပ်သည်းဆ (lattice energy per volume) နှင့် Wooddell ဝတ်ဆင်မှုခံနိုင်ရည်အကြား ပတ္တမြား၊ နီလာအုပ်စုကြီး (H = 9) နှင့်စိန် (H = 42.5)တို့သည် အစဉ်အတိုင်း ဆက်နွယ်ပက်သက်မှုရှိသည်။ [၃]

အရာဝတ္ထုများ Mohs' စကေး Ridgway's စကေး [၁] Wooddell's စကေး [၂]
ကန့်ကူဆံ
‌‌ဂေါ်တံ
ထုံး
မိုးကုတ်ပုလဲ
နဂါးသွဲ့
ကြွေကျောက်
vitreous silica
သလင်း
ဥဿဖရား
ဥဒေါင် ၈.၉၂ ၁၀
ပတ္တမြား၊ နီလာအုပ်စုကြီး
fused zirconia ၁၁
fused alumina ၉.၀၃-၉.၀၆၅ ၁၂ ၁၀
tungsten carbide ၉.၀၉ ၁၂.၀
silicon carbide ၉.၁၃-၉.၁၇ ၁၃ ၁၄.၀
boron carbide ၉.၃၂ ၁၄ ၁၉.၇
စိန် carbonado ၉.၈၂ ၁၅ ၃၆.၄
ballas ၉.၉၉ ၄၂.၀
bort ၁၀ ၄၂.၄

ကိုးကားစာအုပ်၊ စာတမ်းများ[ပြင်ဆင်ရန်]

 

  1. ၁.၀ ၁.၁ "Hardness Values for Electrochemical Products" (1933). Transactions of the Electrochemical Society 63. doi:10.1149/1.3493827. Ridgway, Raymond R; Ballard, Archibald H; Bailey, Bruce L. (1933). "Hardness Values for Electrochemical Products". Transactions of the Electrochemical Society. 63: 369. doi:10.1149/1.3493827. ကိုးကား အမှား - Invalid <ref> tag; name "ridgway" defined multiple times with different content
  2. ၂.၀ ၂.၁ "Method of Comparing the Hardness of Electric Furnace Products and Natural Abrasives" (1935). Transactions of the Electrochemical Society 68. doi:10.1149/1.3493860. Wooddell, Charles E. (1935). "Method of Comparing the Hardness of Electric Furnace Products and Natural Abrasives". Transactions of the Electrochemical Society. 68: 111–130. doi:10.1149/1.3493860. ကိုးကား အမှား - Invalid <ref> tag; name "wooddell" defined multiple times with different content
  3. "Hardness of Nonmetallic Solids on an Atomic Basis" . Physical Review 125. doi:10.1103/PhysRev.125.828.