မာတိကာသို့ ခုန်သွားရန်

ချစ်မောင် (ဂျာနယ်ကျော်)

ဝီကီပီးဒီးယား မှ
(ချစ်မောင်၊ ဦး (ဂျာနယ်ကျော်) မှ ပြန်ညွှန်းထားသည်)
ဂျာနယ်ကျော်ဦးချစ်မောင်
(၁၉၁၃-၁၉၄၆)
မွေးသက္ကရာဇ် မြန်မာသက္ကရာဇ် ၁၂၇၄-ခု၊ ပြာသိုလဆန်း(၁၃)ရက်၊ တနင်္လာနေ့
အမည်ရင်း ချစ်မောင်
မိဘအမည် ဦးမြ + ဒေါ်စောယု
မွေးဖွားရာဒေသ သာယာဝတီခရိုင် အုတ်ဖိုမြို့
နိုင်ငံသား မြန်မာ
လူမျိုး မြန်မာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် စာရေးဆရာ၊ ဂျာနယ်လစ်
ကြင်ဖော် ဂျာနယ်ကျော်မမလေး
သားသမီး သား(၂)ယောက်၊ သမီး(၁)ယောက်
ထင်ပေါ်ကျော်ကြားမှု စာရေးဆရာ
ထင်ရှားသည့်လက်ရာများ သူ၊ ကမ္ဘာကြီး ပျက်ဆီးတော့မည်လော
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် (၁၉၄၆ ခု) ၁၃ဝ၇-ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၂)ရက်နေ့
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့
လက်မှတ် [[Image:|100px]]
ကွန်ယက်


ဂျာနယ်ကျော်ဦးချစ်မောင် (၁၂၇၃-၁၃၀၇)သည် စာရေးဆရာ၊အယ်ဒီတာတစ်ဦးဖြစ်ပြီး မြန်မာပြည်တွင်ထင်ရှား ခဲ့သည့် ဂျာနယ်ကျော် ကို ဦးစီးထုတ်ဝေခဲ့သူဖြစ်သည်။

သာယာဝတီခရိုင် အုတ်ဖိုမြို့တွင် မြန်မာသက္ကရာဇ် ၁၂၇၃-ခု၊ ပြာသိုလဆန်း(၁၃)ရက်၊ တနင်္လာနေ့၌ အဖ ဦးမြ၊ အမိ ဒေါ်စောယုတို့က ဖွားမြင်သည်။ အမည်ရင်းမှာ ဦးချစ်မောင်ဖြစ်သည်။ (အမိ၏ဖခင်ဖြစ်သော ရွှေကျင်ဝန်ကြီးဦးကျင်မှာ ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းယူစဉ်က တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသူဖြစ်သည်။)

ပညာရေး

[ပြင်ဆင်ရန်]

ငယ်စဉ်က လက်ပံတန်းမြို့တွင်ပညာသင်ကြားရသည်။ လက်ပံတန်းမြို့ အစိုးရအထက်တန်းကျောင်း ကျောင်းအုပ်ကြီး မစ္စတာအို-အောင်ထွန်း က ကျောင်းထားပေးသဖြင့် (၁၀)တန်း အောင်မြင်ကာ ထိုကျောင်း၌ပင် ခေတ္တကျောင်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။

စာပေလောကသို့ ဝင်ရောက်ခြင်း

[ပြင်ဆင်ရန်]

ထို့နောက် ရန်ကုန်မြို့ သို့ စာအုပ်ဝယ်ရန် ခေတ္တရောက်ရာမှ တစ်ခါတည်း မပြန်တော့ဘဲ အနော်ရထာသတင်းစာတိုက်တွင် ဝင်လုပ်သည်။ နောက်ပိုင်းတွင် ဈေးနှုန်းသတင်းစာတိုက်နှင့် မြန်မာ့အလင်းသတင်းစာတိုက်တွင် ဝင်ရောက်လုပ်ကိုင်သည်။ ကြိုးစားလုပ်ကိုင်သဖြင့် ညအယ်ဒီတာချုပ်ဘဝသို့ အဆင့်ဆင့် တိုးမြှင့်ခံရသည်။ မြန်မာ့အလင်းအယ်ဒီတာချုပ်ဘဝ နှင့် နိုင်ငံအတွက် အကျိုးရှိမည့် သတင်းများကို ထက်ထက်မြက်မြက် ရေးသဖြင့် တိုက်ရှင်နှင့် စိတ်သဘောချင်း မတိုက်ဆိုင် ဖြစ်လာသည်။

ဆောင်ရွက်မှုများ

[ပြင်ဆင်ရန်]

၁၃၀၀ - ပြည့် - ရေနံသပိတ်တပ်ကြီး ချီတက်လာသည့်သတင်း၊ အစိုးရပုလိပ်တပ်များက မြင်းတပ်နှင့် နှိမ် နှင်း၊တုတ်နှင့်သိမ်း ရိုက်၊လူတွေကို ဖမ်းချုပ်သည့် သတင်းများ ကို မှတ်ချက်အမျိုးမျိုးချပေးလျှက် လှုံ့ဆော်ခဲ့၊ ထိ ရောက်လှသည်။

  • ၁၉၃၈ - ၁၉၃၅ ခုနှစ်တည်းက ကြိုမြင်ပြီးရေးထားခဲ့သည့် ကမ္ဘာကြီးပျက်စီးလုနီးပြီလော စာအုပ်ထွက်ရှိ။ သည်းကြွေလုဖွယ် ဝတ္ထုတို မြန်မာ့အလင်းတွင်ရေး။
  • ၁၉၃၉ - မြန်မာ့အလင်းမှထွက်။ ထိုနှစ်မှာပင် ဂျာနယ်ကျော် ကို ဦးစီးလုပ်ကိုင် (မြန်မာ့အလင်း လည်း ဦးချစ် မောင်၏ ခေါင်းကြီး အိုင်စီအက်စ်များကို အကြောင်းပြု-၁၉၄ဝဩလ၂၆တွင် အပိတ်ခံရ။) ဘကြီးကျန်းစုံထောက် အောင်ဘု ၏ အမှုများ စသော ဝတ္ထုတိုများ ဂျာနယ်ကျော် တွင် ရေး။
  • ၁၉၄၁ - ဂျပန်ခေတ်တွင် နိုင်ငံအတွက် မြေအောက်လုပ်ငန်းများလုပ်ကိုင်။ ပါလေပြီတဲ့ဝတ္ထုကို ဂျာနယ်ကျော် တွင်ရေး။
  • ၁၉၄၂ - ဒု-ကမ္ဘာစစ်အတွင်း။ ဘိုကလေးသို့ စစ်တိမ်းရှောင်။ ပြန်လာ တော်လှန်ရေးလုပ်ငန်းများ ဆက်လုပ်ခဲ့။
  • ၁၉၄၅ - ဂျာနယ်ကျော်- ဩဂုတ်လထုတ်တွင် အခုရေစက်ဝတ္ထုတို၊ နိုဝင်ဘာထုတ်တွင်ဝတ္ထု ဝတ္ထု၊ စက်တင်ဘာ ထုတ်တွင် အဆက်ခေတ် စသော ဝတ္ထုတိုများ ရေး။ ရွှေလင်းယုန်ကလောင်အမည်ဖြင့် ကမ္ဘာကြီးပျက်စီးလုနီးပြီ လော ရှာရှာဖွေဖွေ သူ စသောဝတ္ထုများ လူကြိုက်များ၊ နောင်တွင် သူကို မောင်သင်နှင့် ရုပ်ရှင်ရိုက်ခဲ့။ မှိုင်းမှုံမှုံဝတ္ထုကိုလည်း ဦးချစ်မောင်ပင်ရေးခဲ့။
  • ၁၉၄၆ - ဦးချစ်မောင် ကွယ်လွန်ပြီးနောက် ဦးချစ်မောင်၏ နေ့စဉ်မှတ်တမ်းကို ဂျာနယ်ကျော်တိုက်မှ စာအုပ် ထုတ်ခဲ့။ (ပညာဗဟုသုတ၊ နိုင်ငံရေးဗဟုသုတ၊ ရာဇဝင်ဗဟုသုတ၊ ပထဝီဝင်ဗဟုသုတမှစ၍ ဗဟုသုတ ဟင်း လေးအိုးကြီးဖြစ်သည်။)
  • ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းကို ဇနီးသည် ဂျာနယ်ကျော်မမလေးကသူလိုလူ အမည်ဖြင့် ရေးသားထုတ်ဝေခဲ့။

နိုင်ငံရေး

[ပြင်ဆင်ရန်]

ဦးချစ်မောင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ဗဟိုဦးစီးအဖွဲ့တွင် ပါဝင်ကာ လွတ်လပ်ရေးအတွက် အရေးဆိုရာတွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်ခဲ့။ ဖဆပလ ဖွဲ့ စည်းရန် ဘုရင်ခံထံသို့တင်ပြသော စည်းကမ်းများကို ရေးဆွဲရာတွင် ဦးချစ်မောင် ၏ အကြံဉာဏ် များစွာ ပါဝင်သည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

(၃ ဧပြီ ၁၉၄၆- ခု) ၁၃ဝ၇ခုနှစ်၊တန်ခူးလဆန်း(၂)ရက် ဗုဒ္ဓဟူးနေ့ တွင် ကွယ်လွန်သည်။[] [] ဖဆပလ အဖွဲ့ချုပ် မှ ကြီးမှူး၍ ကြံတောသုသာန်တွင် သဂြိုဟ်သည်။

မိသားစု

[ပြင်ဆင်ရန်]

ကွယ်လွန်ချိန် တွင် ဇနီး ဒေါ်မမလေး၊ သား(၂)ယောက်နှင့် သမီး(၁)ယောက် ကျန်ရစ်ခဲ့။

ထင်ရှားသောစာအုပ်အချို့

[ပြင်ဆင်ရန်]
    1. ဂျာနယ်ကျော်ဦးချစ်မောင်၏ နေ့စဉ်မှတ်တမ်း
    2. ကမ္ဘာကြီးပျက်စီးလုနီးပြီလော
    3. သူ
    4. ရှာရှာဖွေဖွေ
    5. နိုင်ငံတော်သစ်သို့
    6. မှိုင်းမှုံမှုံ
    7. ဂျာနယ်ကျော်ဦးချစ်မောင်၏ဝတ္ထုတိုများ

ကိုးကား

[ပြင်ဆင်ရန်]
  1. ဂျာနယ်ကျော်ဦးချစ်မောင်၏အယ်ဒီတာ့အာဘော်စစ်တွေတက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ ဒေါက်တာမင်းမော်သန့်၏စာတမ်း (၂၀၁၉)။ ၆ ဒီဇင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ဂျာနယ်ကျော်ဦးချစ်မောင်၏နိုင်ငံရေးစာပေများ(ထိန်လင်း)ထိန်လင်း (၆ ဇွန် ၂၀၁၀)။ ၆ ဒီဇင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။