ချင်ဂီဇ် အီမာတော့ဗ်

ဝီကီပီးဒီးယား မှ
ချင်ဂီဇ် အီမာတော့ဗ်
အီမာတော့ဗ်အား ၂၀၀၃ ခုနှစ်တွင် တွေ့ရစဉ်
မွေးဖွား(1928-12-12)၁၂ ဒီဇင်ဘာ၊ ၁၉၂၈
Sheker village၊ Kirghiz ASSR, ဆိုဗီယက်ယူနီယံ
ကွယ်လွန်၁၀ ဇွန်၊ ၂၀၀၈(2008-06-10) (အသက် ၇၉)
နူရင်ဘတ်မြို့ဂျာမနီနိုင်ငံ [၁]
စာပေအမျိုးအစားworldlife Fiction
ထင်ရှားသည့်လက်ရာများဂျမီလာ

ချင်ဂီဇ် အီမာတော့ဗ်(ကာဂျစ်: Чыңгыз Айтматов, Çıñğız Aytmatov, چىڭعىز ايتماتوۋ တမ်းပလိတ်:IPA-ky; ရုရှား: Чинги́з Тореку́лович Айтма́тов, Chingiz Torekulovich Aytmatov)(၁၂ ဒီဇင်ဘာ ၁၉၂၈ – ၁၀ ဇွန် ၂၀၀၈)သည် ဆိုဗီယက်နှင့် ကာဂျစ္စတန် စာရေးဆရာတစ်ဦးဖြစ်ပြီး ရုရှားဘာသာနှင့်ရော ကာဂျစ်ဘာသာနှင့်ပါ စာများကို ရေးသားခဲ့သည်။ သူသည် ကာဂျစ္စတန်စာပေလောကတွင် အကျော်ကြားဆုံးသော စာရေးဆရာတစ်ဦးဖြစ်သည်။

ဘဝထွေထွေ[ပြင်ဆင်ရန်]

ကာဂျစ်လူမျိုး ဖခင်နှင့် တာတာလူမျိုး မိခင်တို့မှ မွေးဖွားလာခဲ့သူဖြစ်ပြီး မိဘနှစ်ပါးလုံးမှာ အစိုးရအရာထမ်းများဖြစ်ကြသည်။ အီမာတော့ဗ်ကို ကာဂျစ္စတန်နိုင်ငံ၊ ရှီကာကျေးရွာလေးတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။

အီမာတော့ဗ်မွေးဖွားလာချိန်တွင် ကာဂျစ္စတန်မှာ ရုရှားအင်ပါယာအောက် နယ်မြေမှာသည် ဆိုဗီယက်ယူနီယံအောက်ရှိ ဒေသအဖြစ် ကူးပြောင်းသောကာလတွင် ဖြစ်သည်။ အနာဂတ်၏ စာရေးဆရာလောင်းကလေးသည် သူ၏ရွာကလေးဖြစ်သော ရှီကာရွာလေးရှိ ဆိုဗီယက်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ အသက် ၁၄ နှစ်အရွယ်တွင်ပင် သူသည် ရွာ၏ ဆိုဗီယက်ကောင်စီ အတွင်းရေးမှူး၏ အကူ ဖြစ်ခဲ့သည်။ နောင်တွင် အခွန်ကောင်သူ၊ အင်ဂျင်နီယာအကူ အစရှိသော အလုပ်အမျိုးမျိုးတို့ကို လုပ်ကိုင်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဖရန်ဇီရှိ ကာဂျစ်စိုက်ပျိုးရေးအင်စတီကျူရှိ တိရစ္ဆာန်မွေးမြူရေးဌာနတွင် ပညာသင်ကြားခဲ့သည်။ သို့သော် မော်စကိုမြို့ရှိ မက္ကဇင်ဂေါ်ကီစာပေအင်စတီကျူတွင် ၁၉၅၆ မှ ၁၉၅၈ ခုနှစ်ထိ စာပေပညာကို ပြောင်းလဲသင်ယူခဲ့သည်။ ထို့နောက် ပရာဗဒါ(Прабда - စစ်မှန်မှု)သတင်းစာတွင် ရှစ်နှစ်မှ အလုပ်လုပ်ကိုင်ခဲ့သည်။ သူ၏ပထမဆုံး ပုံနှိပ်ဖော်ပြခံရသော ဆောင်းပါးတို့မှာ ရုရှားဘာသာဖြင့်ရေးသားထားသော "The Newspaper Boy Dziuio" နှင် "Ашым" တို့ဖြင့်သည်။ ကာဂျစ်ဘာသာဖြင့် ပထမဆုံးထုတ်ဝေခဲ့သည်မှာ "Ак Жаан" (မိုးဖွဲ့ဖြူ၊ ၁၉၅၄ ခုနှစ်)ဖြစ်ပြီး ကျော်ကြားသောဝတ္ထုမှာ "ဂျမီလာ" ဝတ္ထုဖြစ်ပြီး ထိုဝတ္ထုကို ၁၉၅၂ ခုနှစ်တွင် ရုရှားဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် ကျင်းပသော ဒုတိယအကြိမ် မော်စကို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် အကဲဖြတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။[၂] ၁၉၇၁ ခုနှစ်၌လည်း သတ္တမအကြိမ် မော်စကိုအပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင်လည်း အကဲဖြတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သေးသည်။[၃]

၁၉၈၀ ခုနှစ်တွင် သူ၏ ပထမဆုံးသော ဝတ္ထုရှည်ဖြစ်သည့် The Day Lasts More than a Hundred Years ကို ထုတ်ဝေခဲ့ပြီး နောက်ထပ်လက်ရာမွန်တစ်ခုဖြစ်လာမည့် The Scaffold ကို ၁၉၈၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ The Day Lasts More than a Hundred Years နှင့် အခြားသေော ဝတ္ထုများကို ဘာသာစကားအမျိုးမျိုးဖြင့် ဘာသာပြန်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ကျင်းပသော ၄၄ ကြိမ်မြောက် ဘာလင် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် အကဲဖြတ်ဒိုင်လူကြီးအဖြစ် ပါဝင်ခဲ့သည်။[၄] ၂၀၀၂ ခုနှစ်တွင် အကဲဖြတ်ဒိုင်လူကြီးဥက္ကဋ္ဌအဖြစ် ၂၄ ကြိမ်မြောက် မော်စကို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ခဲ့သည်။[၅]

အီမာတော့ဗ်သည် ကျောက်ကပ်ရောဂါ(kidney failure) ခံစားခဲ့ရသည်။ ၁၆ မေ ၂၀၀၈ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ နုရင်ဘတ်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ထိုဆေးရုံတွင်ပင် နျူမိုးနီးယားရောဂါဖြင့် ၁၀ ဇွန် ၂၀၀၈ ခုနှစ်၊ အသက် ၇၉ နှစ်တွင် ကွယ်လွန်ခဲ့သည်။[၁] ကွယ်လွန်ပြီးနောက် သူ၏အလောင်းကို ကာဂျစ်စတန်နိုင်ငံသို့ ပြန်လည်သယ်ဆောင်ခဲ့သည်။ အောက်မေ့ဖွယ်အခမ်းအနားများစွာပြုလုပ်ပြီး ကာဂျစ်စတန်နိုင်ငံ၊ Chüy oblast၊ Alamüdün district၊ Chong-Tash village တွင် သူကူညီရှာဖွေခဲ့သော[၆] သူ့ဖခင်သင်္ဂြိုဟ်ခဲ့သည့်နေရာဟု ယူဆရသော[၇] အာတာ ဘီရစ် သင်္ချိုင်း(Ata Beyit cemetery) တွင်ပင် သင်္ဂြိုဟ်ခဲ့သည်။

နယူးယောက်တိုင်းမ်သတင်းစာမှ သူ၏နာရေးသတင်းအား "ဆိုဗီယက်ပြည်ထောင်စုကြီး မပြိုကွဲမီက ကာဂျစ်ဆိုဗီယက်နိုင်ငံ ပြည်သူများ၏ အသံကို ထုတ်ဖော်ခဲ့သော နောင်တွင် ဆိုဗီယက်ခေါင်းဆောင် မီခေးလ် ဂိုဘာချော့၏ အကြံပေး၊ မိတ်ဆွေနှင့် သံတမန် ဖြစ်လာခဲ့သူ"ဟု ဖော်ပြခဲ့သည်။[မှတ်စု ၁][၈]


မှတ်စု[ပြင်ဆင်ရန်]

  1. "a Communist writer whose novels and plays before the collapse of the Soviet Union gave a voice to the people of the remote Soviet republic of Kyrgyz""later became a diplomat and a friend and adviser to the Soviet leader Mikhail Gorbachev."


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Kyrgyz writer, perestroika ally Aitmatov dies," Reuters UK, 10 June 2008
  2. 2nd Moscow International Film Festival (1961)MIFF။ 2013-01-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-04 တွင် ပြန်စစ်ပြီး။
  3. 7th Moscow International Film Festival (1971)MIFF။ ၂၀၁၈-၂-၃ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၈-၂-၃ တွင် ပြန်စစ်ပြီး။
  4. Berlinale: 1994 Juriesberlinale.de။ 31 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-06-09 တွင် ပြန်စစ်ပြီး။
  5. 24th Moscow International Film Festival (2002)MIFF။ 2013-03-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-03-30 တွင် ပြန်စစ်ပြီး။
  6. KYRGYZSTAN: CHINGIZ AITMATOV, A MODERN HERO, DIES။ EurasiaNet (2008-06-11)။ 31 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-07-26 တွင် ပြန်စစ်ပြီး။
  7. Chingiz Aitmatov's Lifelong Journey Toward Eternity။ Radio Free Europe, Radio Liberty (2008-12-12)။ 2009-07-26 တွင် ပြန်စစ်ပြီး။
  8. Chingiz Aitmatov, Who Wrote of Life in U.S.S.R., Is Dead at 79 by Bruce Weber in The New York Times, 15 June 2008