ခေါင်ရန်းငယ်

ဝီကီပီးဒီးယား မှ
Hibiscus syriacus
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Malvales
မျိုးရင်း: Malvaceae
မျိုးဇာတ်: Hibisceae
မျိုးစု: Hibiscus
မျိုးစိတ်:
H. syriacus
ဒွိနာမ
Hibiscus syriacus
Synonyms[၁]

ခေါင်ရန်းငယ် (Hibiscus syriacus) သည် ဟစ်ဘစ်စကက်စ် (Hibiscus)မျိုးစုရှိ မာလဗေးစီ (Malvaceae)မျိုးရင်းဝင် ပန်းပွင့်သောအပင်တစ်မျိုး ဖြစ်သည်။ ၎င်းသည် တရုတ်ပြည် တောင်ပိုင်း-အလယ်ပိုင်း (south-central) နှင့် အရှေ့တောင်ပိုင်းတွင် သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိသော်လည်း အာရှဒေသများစွာအပါအဝင် အခြားနေရာများစွာသို့ ယူဆောင်စိုက်ပျိုးကြသဖြင့် ကျယ်ကျယ်ပြန့်ပြန့်တွေ့နိုင်သည်။[၂] ၎င်းကို ဆီးရီးယားနိုင်ငံရှိ ဥယျာဉ်များတွင် တွေ့ရှိစုဆောင်းနိုင်ခဲ့သဖြင့် ဆီးရီးယားကာ့စ်("syriacus")ဟူသော ဝိသေသပုဒ်ကို မျိုးစိတ်အမည်တွင် ပေးခဲ့ခြင်း ဖြစ်သည်။[၃][၄][၅]

အရွက်များ

စိုက်ပျိုးပြုပြင်ထားသော အမျိုးအစားများ[ပြင်ဆင်ရန်]

ပန်းနှစ်ထပ်ပွင့်နေသော (double-flowered) Hibiscus syriacus 'Ardens'

ခေါင်ရန်းငယ်သည် ရွက်ကြွေပင် (Deciduous plant) ဖြစ်သော်လည်း နွေဦးကာလ အရောင်ပြောင်းခြင်း (Autumn leaf color) များ ဖြစ်လေ့မရှိပေ။ ကောင်းမွန်စွာ ဖြတ်ညှပ်ထားခြင်းများ မပြုလျှင် အကိုင်းများ မာမာတောင့်တောင့် ထိုးထိုးထောင်ထောင် ဖြစ်လာလေ့ရှိသော်လည်း၊ ၎င်းသည် ယနေ့ခေတ်တွင် လူကြိုက်များသော အိမ်ရာဥယာဉ်အလှဆင် ပန်းရုံ အပင်မျိုး ဖြစ်သည်။ အရွယ်ရောက်ပြီးသော အပင်များသည် နှင်းခဲဒဏ်၊ မိုးခေါင်ခြင်းဒဏ်၊ မြို့ပြညစ်ညမ်းမှုဒဏ် အပါအဝင် အခြေအနေ အမျိုးမျိုးကို သည်းခံရှင်သန်နိုင်သည်။ သို့သော်လည်း ၎င်းအပင် အကြိုက်ဆုံးအခြေအနေများမှာ နွေးထွေးပြီး အကာအကွယ် ပေးထားသောနေရာများဖြစ်ပြီး၊ ရေမဝပ်သော အက်ဆစ်ဓာတ် (acidic) လည်းမများ ထုံးဓာတ် (alkaline) လည်းမများသော မျှတသော မြေဆီလွှာ (neutral soil - pH ၆.၆-၇.၃)တို့အပြင် နေရောင် အပြည့်အဝ ရရှိခြင်းတို့ ဖြစ်သည်။[၆]

အောက်ပါ စိုက်ပျိုးပြုပြင်ထားသော ခေါင်ရန်းငယ်တို့သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ တော်ဝင်သစ်သီးဝလံပန်းမန်အသင်း (Royal Horticultural Society) ၏ ဥယျာဉ်ကောင်းဆု (Award of Garden Merit)ကို ရရှိသော အမျိုးအစားများ ဖြစ်ကြသည်။[၇]

  • Blue Chiffon=‘Notwood3’[၈] (အပြာ၊ semi-double)
  • 'Diana'[၉] (single၊ အဖြူ)
  • 'Hamabo'[၁၀] (ပန်းရောင်ဖျော့၊ အလယ်တွင်နီ)
  • Lavender Chiffon='Notwoodone'[၁၁] (ခရမ်းဖျော့ရောင်)
  • 'Meehanii'[၁၂] (ပန်းရောင်၊ ပြောက်ပြောက်ကျားကျား အရွက်များ)
  • 'Oiseau Bleu' ('Blue Bird')[၁၃] (အပြာ-ခရမ်း၊ အလယ်တွင် ကြက်သွေးရင့်ရောင်)
  • 'Red Heart'[၁၄] (အဖြူရောင်၊ အလယ်တွင်နီ)
  • White Chiffon=‘Notwoodtwo’[၁၅] (အဖြူရောင်၊ double)
  • 'William R. Smith'[၁၆] (အဖြူရောင်၊ single)
  • 'Woodbridge'[၁၇] (ပန်းရောင်ရင့်)
Hibiscus syriacus 'Oiseau Bleu'

အမျိုးသားပန်း[ပြင်ဆင်ရန်]

၎င်းကို ကိုရီးယားနှင်းဆီ (Korean rose) ဟုလည်း ခေါ်ပြီး၊ တောင်ကိုရီးယားနိုင်ငံ၏ အမျိုးသားပန်းလည်း ဖြစ်သည်။[၁၈] တောင်ကိုရီးယားနိုင်ငံတော်သီချင်းတွင် ကိုရီးယားကို ကဗျာဆန်ဆန် ဤပန်းနှင့် နှိုင်း၍ စပ်ဆိုထားသည်။[၁၉] တောင်ကိုရီးယားနိုင်ငံသားများက ဤပန်းကို ကိုရီးယားလူမျိုးနှင့် ယဉ်ကျေးမှု၏ ရိုးရာသင်္ကေတအဖြစ် ယူဆကြသည်။[၁၈]

တောင်ကိုရီးယားသမ္မတတံဆိပ်ဖြစ်သော တရုတ်ဖီးနစ်ငှက်နှစ်ကောင် ဝန်းရံနေသော 'ကိုရီးယားနှင်းဆီ'

ကိုးကား[ပြင်ဆင်ရန်]

  1. The Plant List: A Working List of All Plant Species။ 17 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 8, 2014 တွင် ပြန်စစ်ပြီး။
  2. Hibiscus syriacus L.Plants of the World Online။ Royal Botanic Gardens, Kew။ 2018-07-29 တွင် ပြန်စစ်ပြီး။
  3. Lawton, B.P. 2004. Hibiscus – hardy and tropical plants for the garden. Timber Press, Portland, OR
  4. Walker, J. 1999. Hibiscus. Cassel, London, England.
  5. Alice M. Coats, Garden Shrubs and their Histories (1964) 1992, s.v. "Hibiscus".
  6. Buchan၊ Ursula။ Hibiscus syriacus: how to grow။ The Telegraph။ 28 November 2018 တွင် ပြန်စစ်ပြီး။
  7. AGM Plants – Ornamental။ Royal Horticultural Society (July 2017)။ 3 March 2018 တွင် ပြန်စစ်ပြီး။
  8. RHS Plantfinder - Hibiscus syriacus Blue Chiffon=‘Notwood3’။ 28 November 2018 တွင် ပြန်စစ်ပြီး။
  9. RHS Plant Selector – Hibiscus syriacus 'Diana'။ 23 August 2020 တွင် ပြန်စစ်ပြီး။
  10. RHS Plant Selector – Hibiscus syriacus 'Hamabo'။ 23 August 2020 တွင် ပြန်စစ်ပြီး။
  11. RHS Plant Selector – Hibiscus syriacus Lavender Chiffon 'Notwoodone'။ 23 August 2020 တွင် ပြန်စစ်ပြီး။
  12. RHS Plant Selector – Hibiscus syriacus 'Meehanii'။ 23 August 2020 တွင် ပြန်စစ်ပြီး။
  13. RHS Plant Selector – Hibiscus syriacus 'Oiseau Bleu'။ 23 August 2020 တွင် ပြန်စစ်ပြီး။
  14. RHS Plant Selector – Hibiscus syriacus 'Red Heart'။ 23 August 2020 တွင် ပြန်စစ်ပြီး။
  15. RHS Plantfinder - Hibiscus syriacus White Chiffon = ‘Notwoodtwo’။ 28 November 2018 တွင် ပြန်စစ်ပြီး။
  16. RHS Plant Selector – Hibiscus syriacus 'William R. Smith'။ 23 August 2020 တွင် ပြန်စစ်ပြီး။
  17. RHS Plant Selector – Hibiscus syriacus 'Woodbridge'။ 23 August 2020 တွင် ပြန်စစ်ပြီး။
  18. ၁၈.၀ ၁၈.၁ Bernard Rowan။ The Korean rose။ 2020-10-01 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-10-01 တွင် ပြန်စစ်ပြီး။
  19. KBS 1 - Sign On - 2018 (HD) - YouTube