မာတိကာသို့ ခုန်သွားရန်

နှင်းခဲ

ဝီကီပီးဒီးယား မှ
မြက်ခင်းပြင်တစ်ခုအပေါ်၌ ရေခဲမှတ်ထက်နိမ့်သော အရိပ်ကျနေသောနေရာတွင် တွေ့ရသော ပုံဆောင်ခဲပုံရှိ နှင်းခဲပြင် (အပြာရောင်၊ ပုံညာဘက်အောက်ပိုင်း)၊ မကြာသေးမီက နေရောင်ထိတွေ့ခဲ့သဖြင့် နွေးနေသော်လည်း ရေခဲမှတ်ထက်နိမ့်နေသေးသော နှင်းခဲပြင်တစ်ကြောင်း (အဖြူရောင်၊ ပုံအလယ်ပိုင်း)၊ နေနှင့်ကြာကြာ ထိတွေ့ပြီး နှင်းခဲများအရည်ပျော် ကင်းစင်သွားပြီး မြက်ခင်းပြန်ပေါ်လာသောနေရာ (အစိမ်းရောင်၊ ပုံဘယ်ဘက်အပေါ်ပိုင်း)

နှင်းခဲ(frost)ဆိုသည်မှာ ရေခဲမှတ်ထက်မြင့်သော ပတ်ဝန်းကျင် ရေငွေ့မှ ရေခဲမှတ်ထက်နိမ့်သော မျက်နှာပြင်အမာနှင့် ထိတွေ့သောအခါ၌ ဖြစ်ပေါ်လာသော ရေခဲပြင်အပါးကို ခေါ်သည်။[][] ဤသို့ဖြစ်ပေါ်ရာတွင် အငွေ့ (Gas)အဆင့်ဖြစ်သော ရေငွေ့မှ အစိုင်အခဲ (Solid)အဆင့်ဖြစ်သော ရေခဲအဖြစ်သို့ ဓာတုအဆင့်ပြောင်းလဲခြင်း (Phase transition)ဖြစ်သွားခဲ့သည်။ သမပိုင်းဒေသများတွင် နှင်းခဲများကို မြေပြင်အနီးရှိ မျက်နှာပြင်များတွင် ကျိုးပျက်လွယ်သော အဖြူရောင်ပုံဆောင်ခဲများအဖြစ် အများအားဖြင့် တွေ့ရသည်။ ပိုအေးသောဒေသများတွင်မူ ပုံစံအမျိုးမျိုးကိုတွေ့ရှိနိုင်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Frost – Definition of frost by Merriam-Webster merriam-webster.com 2015-05-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. What causes frost? 2007-12-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-12-05 တွင် ပြန်စစ်ပြီး။
  3. John E. Oliver (1 January 2005)။ The Encyclopedia of World ClimatologySpringer Science & Business Media။ pp. 382–။ ISBN 978-1-4020-3264-6။ 8 May 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး