ခိုးဇန်းဂျိ
ခိုးဇန်းဂျိ Kōzan-ji 高山寺 | |
---|---|
Path to the Golden Hall | |
အချက်အလက်များ | |
တည်နေရာ | 8 Umegahata Toganō-chō, Ukyō-ku, Kyoto, Kyoto Prefecture |
ဘာသာရေး နှီးနွယ်မှု | Shingon Buddhism |
နတ်ဘုရား | Shaka Nyorai (Śākyamuni) |
နိုင်ငံ | Japan |
ဝက်ဘ်ဆိုဒ် | http://www.kosanji.com/ |
ဗိသုကာ | |
တည်ထောင်သူ | Emperor Kōnin |
ပြီးစီး | 774 |
ခိုးဇန်းဂျိ (高山寺)သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ အုခယောရပ်ကွက်တွင် တည်ရှိသည့် ရှင်းဂွန်းဗုဒ္ဓဘာသာကျောင်းတော် ဖြစ်သည်။ ဤကျောင်းတော်ကို "ခိုးဆန်းဂျိ" နှင့် "တိုဂနိုးဒဲရ" ဟုလည်း သိကြသည်။ ကျောင်းတော်ကို ရှင်းဂွန်းစာသင်သားရဟန်းတော် မယောအဲ (၁၁၇၃ - ၁၂၃၂) က တည်ထောင်ခဲ့သည်။ ဤကျောင်းတော်သည် များစွာသော နိုင်ငံတော်အဆင့်အမွေအနှစ်ပစ္စည်းများနှင့် ယဉ်ကျေးမှုပစ္စည်းများ ရှိသည့်အတွက် ထင်ရှားသည်။[၁] ၁၂ ရာစုနှင့် ၁၃ ရာစုကာလ မင်ပန်းချီများဖြစ်သည့် ချူးဂျူးဂျင်းဘုဆွတ်ဂိဂ ဟုခေါ်ဝေါ်သည့် ပန်းချီကားများသည် ခိုးဇန်းဂျိ၏ အရေးကြီးဆုံးသော ပစ္စည်းများ ဖြစ်ကြသည်။[၂] ၁၉၉၄ ခုနှစ်တွင် ကျောင်းတော်ကို ရှေးဟောင်းမြို့ဖြစ်သည့် ကျိုတို၏ သမိုင်းဝင်နေရာတစ်ခုအဖြစ် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်း ထည့်သွင်းခဲ့သည်။ ကျောင်းတော်တွင် ဘိယက်ခိုးရှင်း၊ ဇန်းမယောရှင်းနှင့် ခဆုဂမယောဂျင်းစသည်တို့ကိုလည်း ကျင်းပသည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကျောင်းတော်ပုံစံ
[ပြင်ဆင်ရန်]အမွေအနှစ်ပစ္စည်းများ
[ပြင်ဆင်ရန်]ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုဩဒိနိတ်: 35°03′37″N 135°40′42″E / 35.06028°N 135.67833°E
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Myōe"။ Encyclopedia of Japan။ Tokyo: Shogakukan။ 2012။ OCLC 56431036။ 2007-08-25 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 2012-06-03 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ "Kōzanji"။ Encyclopedia of Japan။ Tokyo: Shogakukan။ 2012။ OCLC 56431036။ 2007-08-25 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 2012-06-03 တွင် ပြန်စစ်ပြီး။