ခရော့တော့

ဝီကီပီးဒီးယား မှ
အဖြူရောင် အနားတွန့်ခရော့တော့ကို ဝတ်ဆင်ထားသော အမျိုးသမီး

ခရော့တော့ (ရှပ်တပိုင်းပြတ်၊ ဗိုက်သားဖော်ရှပ်၊ ရှပ်အောက်ပိုင်းဖြတ် ဟူ၍လည်း ခေါ်) (အင်္ဂလိပ်: Crop-top ) သည် ကိုယ်အထက်ပိုင်းဝတ် သို့ အပေါ်ဝတ်တမျိုးဖြစ်ပြီး ဗိုက်သားတခုလုံးကိုဖြစ်စေ၊ ချက်နှင့်ခါးအထက်ပိုင်းကိုဖြစ်စေ ဖော်ထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အမျိုးသမီး[ပြင်ဆင်ရန်]

၁၈၉၃ ချီကာဂိုကမ္ဘာ့ပြပွဲကြီးတွင် အီဂျစ်သားတို့၏ပြကွက်မှာ အတော်ပင် လူစိတ်ဝင်စားမှုရကာ ဗိုက်သားဖော်ခြင်းနှင့်ပတ်သက်၍ အတွေးအခေါ်များ ပြောင်းလဲလာသည်။ [၁] ၁၉၃၀-၄၀ ကာလများတွင် ဖက်ရှင်လောကတွင် ဤအဝတ်အစားများ အတော်လွှမ်းမိုးသော်လည်း ရေကူးဝတ်စုံအမျိုးအစားအောက်တွင်ပင် ထားကြသည်။ [၂] ၁၉၆၀-၇၀ ကာလများတွင် လိင်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတော်လှန်ရေး ဖြစ်လာပြီးနောက် ဘာဘရာဧဒင်နှင့် ဂျိန်းဘာကင်တို့သို့ နာမည်ကြီးသရုပ်ဆောင်များက လမ်းစထွင် ဝတ်ဆင်ခဲ့သည်။ [၃] အသွင်ကွဲများ၊ ရင်ဘတ်စည်းရှပ်သို့ ရင်ဘတ်ထုံးရှပ်များကို ၁၉၄၀ ဝန်းကျင် ဖက်ရှင်အဖြစ် မြင်ရသည်မှာ ၁၉၆၀ ကာလများအထိ ဖြစ်သည်။ ၁၉၈၀ နှစ်များတွင် ဖလက်ရှဒန့်ရုပ်ရှင် လူကြိုက်များသည်နှင့်အတူ ကိုယ်ကာလလေ့ကျင့်ရာတွင် ဝတ်လေ့ဝတ်ထရှိသော အင်္ကျီအဖြစ် တွေ့ရသည်။ ၁၉၈၃ ထွက် "လပ်ကီးစတား" အမည်ရှိ တေးဗီဒီယိုတွင် မက်ဒေါနားက ခရော့တော့ဝတ်ကာ သရုပ်ဆောင်သဖြင့် လူပြောသူပြောများခဲ့၏။ [၄] ၁၉၉၀ ဝန်းကျင်တွင် တပြန်ခေတ်စားသည်မှာ ယနေ့အထိပင်တည်း။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. "Fashion Archives: A Look at the History of the Crop Top". Startup Fashion. 7 November 2015.
  2. "We highlight the key moments for 1940s fashion". Marie Claire. 29 March 2017.
  3. "White shirt campaign". Cash & Rocket. 7 April 2016. Archived from the original on 7 October 2017. Retrieved 7 October 2017.
  4. Emily Shire (15 June 2015). "Do You Dare to Bare in a Crop Top?". The Daily Beast.
  5. Candice Shih (7 January 2010). "Crop tops are back?". The Orange County Register. Retrieved 10 March 2019.