ခရစ်စတိုဖာ တစ်မက်

ဝီကီပီးဒီးယား မှ
ခရစ်စတိုဖာ တစ်မက်
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား (1944-04-22) ဧပြီ ၂၂၊ ၁၉၄၄ (အသက် ၇၉)
ရာထူး တာဝန်
ဌာနTotnes, Devon, England
ဘာသာရေးရာ
ဝက်ဘ်ဆိုဒ်christophertitmuss.net

ခရစ်စတိုဖာ တစ်မက် (၁၉၄၄ ခုနှစ် ဧပြီလ ၂၂ ရက်ဖွား) သည် ဗြိတိန်နိုင်ငံသားတရားပြဆရာတစ်ဦး ဖြစ်သည်။ သူသည် ကိုယ်ကျင့်တရား၊ ဝိပဿနာတရားနှင့် ဉာဏ်အလင်းရရှိရန် စသည်တို့ကို သင်ကြားပြသသည်။ သူသည် ကမ္ဘာ့ရေးရာပြဿနာများ၊ ဗုဒ္ဓဓမ္မ၊ လူသားစိတ်ပညာနှင့် သတိတရား စသည်တို့နှင့် ပတ်သက်သည့် စာအုပ်ပေါင်း ၂၀ ကို ရေးသားခဲ့သည့် စာရေးဆရာလည်း ဖြစ်သည်။ သူသည် ၁၉၈၂ ခုနှစ်ကတည်းက အင်္ဂလန်နိုင်ငံ၊ Devon, Totnes တွင် နေထိုင်လျက်ရှိသည်။

အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

တစ်မက်ကို အင်္ဂလန်နိုင်ငံမြောက်ပိုင်းCounty Durham, Middleton-in-Teesdale, Bell Farm တွင် ၁၉၄၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ (ကမ္ဘာမြေနေ့) တွင် မွေးဖွားခဲ့သည်။ သူ၏ မိခင်သည် သူ့အား ရိုကန်ကတ်သလစ်ကျောင်းတွင် ပညာသင်ကြားစေခဲ့သည်။ သူသည် လန်လဒန်မြို့ တောင်ဘက် Anerley ရှိ စိန့်အန်သိုနီရိုမန်ကတ်သလစ်ကျောင်းသို့ တက်ရောက်ကာ ပညာသင်ယူခဲ့သည်။ ထို့အပြင် သူသည် Surrey, New Addington ရှိ Fairchilds Junior School တွင်လည်း ပညာသင်ကြားခဲ့သည်။

ထို့နောက်တွင် သူသည် John Fisher Roman Catholic Grammar School, Purley, Surrey ကျောင်းများတွင် နေ့သင်ကျောင်းသားအဖြစ် သင်ယူခဲ့သည်။ သူသည် ကောလိပ်/တက္ကသိုလ် စာမေးပွဲဖြေဆိုရန်အတွက် အသက်၁၅ နှစ်အရွယ်တွင် ကျောင်းတစ်နှစ် နားခဲ့သည်။ ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလတွင် သူသည် လန်ဒန်မြို့၊ ဖလိလမ်း (Fleet ) တွင် ရှိသည့် ရိုမန်ကတ်သလစ်အပတ်စဉ်သတင်းစာတစ်စောင်ဖြစ်သည့် The Universe ၏ သတင်းစာအခန်းတွင် ရုံးစာရေးစာပို့သမားအဖြစ် အလုပ်စလုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် သူသည် Irish Independent Newspaper ၏ လန်ဒန်ရုံးနှင့် ချိတ်ဆက်ကာ ကမ္ဘာတစ်ဝန်းသို့ ခရီးမထွက်သည့် ၁၉၆၇ ခုနှစ် ဧပြီလ မတိုင်မီအထိ သတင်းထောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။[၁]

နိုင်ငံပေါင်း ၂၀ ကျော်သို့ သုံးနှစ်ကြာ လည်ပတ်ပြီးနောက်တွင် သူသည် ၁၉၇၀ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ထေရဝါဒဗုဒ္ဓဘာသာရဟန်းတစ်ပါး ဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ခြောက်နှစ်ကြာ ရဟန်းဘဝဖြင့် သီတင်းသုံးနေထိုင်ခဲ့သည်။ ၁၉၇၆ ခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ၊ Wat Benchamabophit ကျောင်းတွင် လူဝတ်လဲခဲ့သည်။[၂]

၁၉၇၀ ခုနှစ်မှ ၁၇၇၃ ခုနှစ်ကြားကာလတွင် သူသည် ထိုင်းနိုင်ငံတောင်ပိုင်း Nakornsridhammaraj အနီးတွင် တည်ရှိသည့် Wat Thao Kot Monastery (နောက်ပိုင်းတွင် Wat Chai Na အဖြစ် အမည်ပြောင်းခဲ့) တွင် နေထိုင်ခဲ့သည်။ သူသည် သူ၏ ဝိပဿနာတရားပြဆရာဖြစ်သည့် Ajahn Dhammadharo ၏ သင်ကြားပြသပေးမှုအောက်တွင် တရားအားထုတ်လေ့ကျင့်ခဲ့သည်။

၁၉၇၃ ခုနှစ်တွင် တစ်မက်သည် Gulf of Siam, Koh Pha Ngan တွင် တည်ရှိသည့် Wat Khao Tam ကျောင်းရှိ ဂူတစ်ခုထဲတွင် ကိုးလကြာ သီတင်းသုံးခဲ့သည်။ Wat Suanmoke, Chai Ya ကျောင်းများတွင် သူသည် Ajahn Buddhadasa နှင့်အတူ အချိန်ကြာရှည်စွာ နေထိုင်ခဲ့သည်။ ၁၉၇၄ ခုနှစ် နှင့် ၁၉၇၆ ခုနှစ်ကြားတွင် သူသည် အိန္ဒိယနိုင်ငံမှ ဆရာများဖြစ်သည့် Ananda Maya Ma, Goenka, Kirpal Singh, Krishnamurti, Mother Teresa, Munindra, Sri Chinmayananda, Sri Dayananda, Sri Nisargadatta, Bhagwan Sri Rajneesh နှင့် အခြားဆရာများစွာတို့၏ သင်ကြားပို့ချချက်များကို နားထောင်ခဲ့သည်။[၃]

လူဝတ်လဲပြီးနောက်တွင် သူသည် ဩစတြေးလျ၊ နယူးဇီလန်၊ ထိုင်း၊ ဟောင်ကောင်၊ ကိုရီးယား၊ ဆန်ဖရန်စစ်ဆကို၊ နယူးယောက် စသည့် နိုင်ငံနေရာများသို့ လည်ပတ်ခဲ့ပြီးနောက်တွင် လန်ဒန်မြို့သို့ ပြန်လာခဲ့သည်။ ၁၉၇၇ ခုနှစ် မေလ အစောပိုင်းတွင် အင်္ဂလန်နိုင်ငံ, Surrey, Croydon ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး သူစတင်ထွက်ခွာခဲ့သည့် အချိန်မှ ၁၀ နှစ်နှင့် ၁၀ ရက်အကြာတွင်မှ အိမ်သို့တဖန် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ခရစ်စတိုဖာ တစ်မက်၊ ထိုင်းနိုင်ငံ၊ ၁၉၇၃ ခုနှစ်

သင်ကြားပြသခြင်း[ပြင်ဆင်ရန်]

စီမံကိန်းများ[ပြင်ဆင်ရန်]

ပြင်ပသို့ ရောက်ရှိမှု[ပြင်ဆင်ရန်]

Christopher Titmuss, teaching in Thai Monastery in Sarnath, India

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

တစ်မက်သည် ၁၉၈၃ ခုနှစ်ကတည်းကနေထိုင်ခဲ့သည့် Totnes တွင်ရှိသည့် သူ၏ တိုက်တန်းတစ်ခုတွင်ပင် နေထိုင်သည်။ Nshorna Satya ဟု အမည်ရသည့် သမီးတစ်ဦး ရှိသည်။ သူ့တွင် Anglo-Caribbean မြေးလေးဦးရှိသည်။ သူသည် Totnes ရှိကိစ္စရပ်များတွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ Totnes သည် အင်္ဂလန်ရှိ မြို့များတွင် စိတ်ပိုင်းဆိုင်ရာ, လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများတွင် အတိုးတက်ဆုံး မြို့တစ်မြို့အဖြစ် သတ်မှတ်ထားကြသည်။ တစ်မက်သည် ၁၉၇၀ ခုနှစ်ကတည်းက အသီးအရွက်သာ စားသုံးခဲ့ပြီး ၂၀၀၈ ခုနှစ်ကတည်းက တိရစ္ဆာန်ဖြစ် ပစ္စည်းများကို အသုံးမပြုသူ (Vegan) တစ်ဦး ဖြစ်ခဲ့သည်။ သူ့တွင် ကားပိုင်ဆိုင်မှု မရှိပေ။ သူသည် အီးယူ၏ ပြင်ပနိုင်ငံများသို့ သွားရောက်ရာတွင်သာ လေယာဉ်ဖြင့် သွားလေ့ရှိပြီး အားလပ်ရပ်များတွင်မူ မည်သည့်နေရာကိုမှ သွားရောက်လေ့ မရှိပေ။

စားသောက်ဖွယ်ရာများကို ဈေးငယ်များနှင့် ဆိုင်များတွင် ဝယ်သည်။ သူသည် စူပါမားကတ်ကြီးများတွင် ဈေးမဝယ်ပေ။ သူသည် စာရေးရန်အတွက် အိမ်မှ ငါးမိနစ်ခန့် လမ်းလျှောက်သွားရသည့် Totnes Reconomy Centre ရှိ ခုံစောင်းတစ်ခုတွင် စာရေးလေ့ရှိသည်။[၄] သူ၏ အိမ်တွင်လည်း ရုံးခန်းအဖြစ် အသုံးပြုရန် အခန်းတစ်ခန်း ရှိသည်။ သူ၏ အိမ်တွင် အကြောင်းအရာမျိုးစုံပါဝင်သည့် စာအုပ်ပေါင်း ၁၅၀၀ ကျော် ရှိသည်။ သူသည် လူမှုကွန်ယက်မီဒီယာများဖြစ်သည့် ဖေ့ဘွတ်၊ တွစ်တာ၊ လင့်အင် စသည်တို့ကို သူ၏ဘလော့ရှိ ပို့စ် (Post) များကို တင်ရန်အတွက် အသုံးပြုသည်။ တောင်စောင်းထိပ်တွင် လမ်းလျှေက်နိုင်ရန်နှင့် အေးဆေးငြိမ်သက်စွာ နေထိုင်ရန် သူသည် Devon အနီးရှိ မြို့တစ်ခုဖြစ်သည့် Cornwall သို့ တစ်နှစ်လျှင် သုံးကြိမ် လေးကြိမ်ခန့် အလည်အပတ်သွားရောက်လေ့ရှိသည်။

သူသည် တရားစခန်းများအတွက် အခကြေးငွေ ကောက်ခံမှု မရှိဘဲ တရားစခန်းပြီဆုံးပါက အလှူငွေ ကောက်ခံသည်။ ၁၉၇၀ ခုနှစ် သူရဟန်းဝတ်ခဲ့စဉ်ကတည်းက သူသည် အလှူငွေဖြင့်သာ အဓိကရပ်တည် နေထိုင်လျက်ရှိသည်။[၅]

ပြုစုခဲ့သည်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Queen၊ Christopher S (2012)။ Engaged Buddhism in the West။ Simon and Schuster။ ISBN 9780861718412
  2. Martin၊ Julia (1997)။ Ecological Responsibility: A Dialogue with Buddhism, A Collection of Essays and TalksISBN 81-7030-529-2
  3. Sucitto (2010)။ Rude Awakenings
  4. Reconomy Centre။ Totnes Reconomy Center
  5. Titmuss၊ Christopher။ Dana

ပြင်ပလင့်များ[ပြင်ဆင်ရန်]