ကမ္ဘာမြေနေ့

ဝီကီပီးဒီးယား မှ
John McConnell (peace activist) မှဖန်တီးသည့် ကမ္ဘာမြေအလံ

ကမ္ဘာမြေနေ့ကို နှစ်စဉ်နှစ်တိုင်း ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။ ထိုနေ့တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်ကာကွယ်ရေးဆိုင်ရာ အထောက်အပံဖြစ်စေမည့် သရုပ်ပြပွဲများဖြင့် ကျင်းပလေ့ရှိသည်။ ၁၉၇၀ ခုနှစ်တွင် ပထမဆုံးကျင်းပနိုင်ခဲ့ပြီး ယခုအခါ Earth Day Network မှ ဦးစီးဦးရွက်ပြု၍ နိုင်ငံပေါင်း ၁၉၂ နိုင်ငံတွင် ကျင်းပလျက်ရှိသည်။

၁၉၆၉ ခုနှစ် ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့သော ယူနက်စကို ကွန်ဖရင့်တွင် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ ဂျွန် မက်ကော်နယ်ဆိုသူက ကမ္ဘာကြီး၏ ကျေးဇူးတရားများအတွက် အထိမ်းအမှတ်နေ့တနေ့ ပြုလုပ်ရန် အဆိုတင်သွင်းခဲ့ရာ ကမ္ဘာမြောက်ဘက်ခြမ်း ဒေသရဲ့ နွေဦးကာလ ပထမနေ့ဖြစ်သော မတ် ၂၁ ၁၉၇၀ ခုနှစ်တွင် စတင်ကျင်းပနိုင်ခဲ့သည်။ သဘာဝ၏ သမမျှတသော အခြေအနေရှိသော ထိုနေ့ကို ဂျွန် မက်ကော်နယ် ရေးသားပြီး ကုလသမဂ္ဂမှ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးသန့်မှ လက်မှတ်ရေးထိုးထားသော ကြေညာချက်တွင် ခွင့်ပြုခဲ့သည်။ တစ်လအကြာ ၁၉၇၀ ခုနှစ်၊ဧပြီလ ၂၂ ရက်နေ့တွင် အမေရိကန်ဆိနိတ်တာ ဂေးလော့ဒ် နယ်ဆင် ဆိုသူမှ ကျင်းပသည့် ပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ကမ္ဘာမြေနေ့ကို ကျင်းပခဲ့သည်။ နောက်များမကြာမီတွင် သူ၏ လုပ်ငန်းများကို အသိအမှတ်ပြုသောအားဖြင့် နယ်ဆင်အား Presidential Medal of Freedom Award ချီးမြှင့်ခြင်း ခံခဲ့ရသည်။ အမေရိကန်နိုင်ငံတွင် ၂၂ ဧပြီနေ့ကို ကမ္ဘာမြေနေ့အဖြစ် အစဉ်တစိုက်ကျင်းပနေစဉ် အမျိုးသားညှိနှိုင်ရေးမှူးဖြစ်သူ ဒင်းနစ် ဟေးအီးစ် ဆိုသူက နိုင်ငံပေါင်း ၁၄၁ နိုင်ငံကို စုစည်းပြီး အပြည်ပြည်ဆိုင်ရာနေ့အဖြစ် ၁၉၉၀ ခုနှစ်တွင် ကျင်းပခဲ့သည်။ နိုင်ငံပေါင်း မြောက်မြားစွာဟာ ကမ္ဘာမြေရက်သတ္တပါတ်အဖြစ် ကျင်းပကြပြီး တပတ်လုံး သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးလုပ်ငန်းများကို အာရုံစူးစိုက် လုပ်ကိုင်ကြသည်။