ခင်သင်းဝေ
ခင်သင်းဝေ | |
|---|---|
| မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် | |
| တာဝန်သက်တမ်း ၈ ဖေဖော်ဝါရီ ၂၀၂၁ – ၉ စက်တင်ဘာ ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ |
|
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ဦးကြည်သိန်း |
| ဆက်ခံသူ | ဒေါ်လှမြင့် |
| မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၇ ဖေဖော်ဝါရီ ၂၀၂၁ | |
| ခန့်အပ်သူ | ဦးသိန်းစိန် |
| သမ္မတ |
|
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၆၀ မြန်မာနိုင်ငံ |
| လူမျိုး | မြန်မာ |
| ပညာရေး | ရန်ကုန်တက္ကသိုလ် |
| အလုပ်အကိုင် | တရားသူကြီး |
ဒေါ်ခင်သင်းဝေ(၁၉၆၀ ဖွား)သည် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် [၁] ၏ တတိယမြောက်တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]၁၉၈၂ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့သည်။
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]ဒေါ်ခင်သင်းဝေသည် ၁၉၈၄ခုနှစ်တွင် တရားရေးအရာရှိအဆင့် (၄)အဖြစ် တရားရေးဌာနတွင် စတင်ဝင်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးအဆင့်နှင့် ညီမျှသော တွဲဖက်တိုင်းတရားသူကြီးအဆင့်အထိ စုစုပေါင်း လုပ်သက် (၂၇)နှစ်ကျော် တရားရုံးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။တွဲဖက်တိုင်းတရားသူကြီးအဖြစ် ၂၀၀၇ခုနှစ်တွင် ခန့်အပ်ခံရသည်။[၂]
တရားလွှတ်တော်တရားသူကြီးဘဝ
[ပြင်ဆင်ရန်]မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရကာ[၃] ထိုတာဝန်ကို ၁၀နှစ်နီးပါး ထမ်းဆောင်သည်။[၄]၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်လာခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၉ ရက် တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သည် ၎င်းအား မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ်မှ အနားယူစေခဲ့ပြီး၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အဖြစ် ပြောင်းရွှေ့ခန့်ထားခဲ့သည်။[၅]
မိသားစုဘဝ
[ပြင်ဆင်ရန်]ဒေါ်ခင်သင်းဝေသည် အိမ်ထောင်မရှိသူ တစ်ဦးဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့်တရားသူကြီးများ။ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ၂၀၂၁ခုနှစ်၊တရားရုံးနှစ်စဉ်အစီရင်ခံစာ။ 22 July 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ။ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး။ 30 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများခန့်အပ်တာဝန်ပေး။ မြန်မာ့အလင်းသတင်းစာ(၂၀၁၁ခုနှစ်မတ်လ၃၁ရက်နေ့ထုတ်သတင်းစာ၊စာမျက်နှာ၁၁) (၃၁ မတ် ၂၀၁၁)။ 12 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် အမရပူရမြို့နယ်တရားရုံးသို့ ရှောင်တခင်ကြည့်ရှုစစ်ဆေး။ Myanmar Digital News (၇ ဇန်နဝါရီ ၂၀၂၁)။ 30 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၁၀ စက်တင်ဘာ ၂၀၂၅)။ ၉ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။