ကွန်းဒေါလင်းတ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Condors
Colca-condor-c03.jpg
ပီရူးနိုင်ငံတောင်ပိုင်း ကိုလ်ကာကင်ညွန်ပေါ်တွင် ပျံဝဲနေသော ကွန်းဒေါလင်းတ
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Ciconiiformes
မျိုးရင်း: Cathartidae
Genera

Vultur
Gymnogyps

ကွန်းဒေါလင်းတသည် ကမ္ဘာသစ်လင်းတမျိုးစိတ်နှစ်မျိုးကို ခေါ်သောအမည် ဖြစ်သည်။ ကွန်းဒေါ ဟူသောအမည်သည် ကွီချာလူမျိုးများ၏ ဘာသာစကားမှ ဆင်းသက်လာသည်။ ကမ္ဘာ့အနောက်ခြမ်းတွင် အရွယ်အစား အကြီးမားဆုံး ပျံသန်းနိုင်သောငှက်များ ဖြစ်သည်။

အန်းဒီးကွန်းဒေါလင်းတကို တောင်အမေရိကတိုက်ရှိ အန်းဒီးတောင်တန်းဒေသတွင် တွေ့ရသည်။ ကယ်လီဖိုးနီးယားကွန်းဒေါလင်းတကိုမူ မြောက်အမေရိကတိုက်ရှိ အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုနိုင်ငံများ၏ အနောက်ဘက် ကမ်းရိုးတန်းတောင်တန်းများတွင်သာ တွေ့ရသည်။