ကွန်တိုမျဉ်း
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
မြေပုံပေါ်တွင် အမြင့်တူသော ဒေသများကို မျဉ်းတစ်ဆက်တည်း ဆက်သွယ်ရေးဆွဲထားခြင်းဖြင့် ဒေသ၏ အနိမ့်အမြင့် မျက်နှာပြင် အနေအထားကို မှန်းဆသိရှိနိုင်ပေသည်။ ထိုအနိမ့်အမြင့်ပြမျဉ်းကို ကွန်တိုဟု ခေါ်သည်။ ကွန်တိုမျဉ်းများတွင် အမြင့်ပေကို ဖေါ်ပြထားလေ့ရှိသည်။ အမြင့်မျဉ်းစိပ်လျှင် မြေစောက်မှန်းသိသာ၍ အမြင့်မျဉ်းကျဲလျင် မြေဆင်ခြေလျော ကျသည်ကို သိသာသည်။ မျဉ်းရစ်ဝိုင်း၍သွားလျင် တောင်ပမာ မြင့်မောက်တက်နေသည်ကို သိသာသည်။ မျဉ်းတို့၏ သတ်မှတ်ချက်တွင် အနည်းဆုံးပေ ၅၀ မြင့်လျှင် မျဉ်းတစ်ရစ်ပြရာမှ မြေပုံချုံနှုန်းအလိုက် ပေ တစ်ထောင် နှစ်ထောင်တွင် တရစ်အားဖြင့်လည်း ဖော်ပြကြသည်။ [၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ လှသမိန် ၏ ဗဟုသုတစွယ်စုံ
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |