ကြွေကျောက်
ပုံပန်းသွင်ပြင်
ကြွေကျောက် | |
---|---|
Feldspar crystal (18×21×8.5 cm) from Jequitinhonha valley, Minas Gerais, southeastern Brazil | |
ယေဘုယျ | |
ကဏ္ဍ | Tectosilicate |
ဖော်မျူလာ (repeating unit) | KAlSi 3O 8 – NaAlSi 3O 8 – CaAl 2Si 2O 8 |
ပုံဆောင်ခဲ စနစ် | Triclinic or monoclinic |
ခွဲခြားသတ်မှတ်ခြင်း | |
အရောင် | pink, white, gray, brown, blue |
Cleavage | two or three |
Fracture | along cleavage planes |
Mohs scale hardness | 6.0–6.5 |
Luster | Vitreous |
Streak | white |
Diaphaneity | opaque |
Specific gravity | 2.55–2.76 |
သိပ်သည်းမှု | 2.56 |
Refractive index | 1.518–1.526 |
Birefringence | first order |
Pleochroism | none |
အခြားဂုဏ်သတ္တိများ | exsolution lamellae common |
ကိုးကား | [၁] |
ကြွေကျောက် (feldspar) သည် ကမ္ဘာ့နေရာ အတော်များများတွင် တွေ့ရှိရသည့် တွင်းထွက်အမျိုးအစား ဖြစ်သည်။ အလှဆင်ပစ္စည်းများအဖြစ် အသုံများသည်။
ဓာတုဖွဲ့စည်းမှု
[ပြင်ဆင်ရန်]ကြွေကျောက်သည် ပိုတက်စီယံ၊ ဆိုဒီယံ၊ ကယ်လ်စီယံ၊ ဗေရီယံ၊ အလူမီနီယံ များဖြင့် ပေါင်းစပ်ဖွဲ့သည့် ဆီလီကိတ်ဒြပ်ပေါင်းစုကြီး ဖြစ်သည်။ ပုံဆောင်စနစ်မှာ တစ်ရိုးစောင်းပုံဆောင်စနစ်ဖြစ်ပြီး သိပ်သည်းဆ ၂.၅၆ မှ ၂.၇ဝ ထိရှိတတ်သည်။ မာဆင့် ၆ ရှိကာ ရောင်လက်မှာ ဖန်ရောင်လက်မှ ပုလဲရောင်လက်ထိ ရှိတတ်သည်။
ကြွေကျောက်အမျိုးအစားများ
[ပြင်ဆင်ရန်]ကြွေကျောက်များသည် မတူညီသည့် ဓာတုဖွဲ့စည်းမှုရှိသည် အလျောက် အရောင်များလည်းကွဲပြားကြသည်။ ထင်ရှားသည့် ကြွေကျော် အမျိုးအစားများမှာ-
- ပန်းရောင်= ဩသိုကလေ့စ် (Orthoclase)
- အဖြူရောင်= ပလေဂျီယိုကလေ့စ် (Plagioclase)
- အစိမ်းဖျော့= မိုက်ခရိုကလိုင်း (Microcline)
- အဝါ= အိုလီဂိုကလေ့စ် (Oligoclase) သို့ Sun Stone
- အရောင်မဲ့= ကြောင်ကျောက် "Moon Stone"
တို့ဖြစ်ကြသည်။
မွှာပူးအသွင် ပုံမျိုးကို အတွေ့ရများပြီး ထင်ရှားသည့် ကွဲအင် နှစ်စုံရှိသည်။
ထွက်ရှိရာ ဒေသများ
[ပြင်ဆင်ရန်]မြန်မာ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မာဒါဂါစကား၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တန်ဇေးနီးယား
- ↑ Feldspar။ Gemology Online။ 8 November 2012 တွင် ပြန်စစ်ပြီး။
- ↑ Warr, L.N. (2021). "IMA–CNMNC approved mineral symbols". Mineralogical Magazine 85: 291–320.