ကြောင်ရှမ်းရှမ်း
ကြောင်ရှမ်းရှမ်း | |
---|---|
မွေးသက္ကရာဇ် | ၁၉၅၄ ဟန်ကျိုးမြို့၊ ဇီကျန်းပြည်နယ် ၊တရုတ်နိုင်ငံ |
နိုင်ငံသား | တရုတ် |
အလုပ်အကိုင် | နောင်ဖူးစပရင်း ၊ဝမ်တိုင်း |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၇၇ ဘီလျံ |
ကြောင်ရှမ်းရှမ်း ( ၁၉၅၆ ဖွား) သည် တရုတ်လူမျိုး ဘီလျံနာ စီးပွားရေးသမား တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ အကြီးဆုံး အဖျော်ယမကာ ကုမ္ပဏီတစ်ခု ဖြစ်သော နောင်ဖူးစပရင်းကို တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်း ဖြစ်သည်။[၁] သူသည် တရုတ်ဆေးဝါးကုမ္ပဏီကြီးဖြစ်သော ဝမ်တိုင်း ၏ပိုင်ရှင်လည်းဖြစ်သည်။ ၂၀၂၀ စက်တင်ဘာတွင် သူသည် တရုတ်ပြည်၏ အချမ်းသာဆုံး သူဌေး ဖြစ်သည်။ သူသည်အိန္ဒိယ၏ မာခက်ရှ် အမ်ဘာနီ ပြီးနောက် အာရှ၏အချမ်းသာဆုံးလူ ဖြစ်လာခဲ့သည်။ [၂] [၃]
ဘဝ အစပိုင်း
[ပြင်ဆင်ရန်]ကြောင် သည် အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းတွင် ကျောင်းမှ ထွက်ခဲ့ပြီး တရုတ်ယဉ်ကျေးမှုတော်လှန်ရေး၏ ပရမ်းပတာဖြစ်စဉ်များတွင် အာဏာပိုင်များမှ သူ၏မိဘများအား အခြားအရပ်သားများနှင့်အတူ နှိပ်ကွပ် ခံရချိန်တွင် ဖြစ်သည်။ သူသည်နောက်ပိုင်းတွင်ဆောက်လုပ်ရေးလုပ်သား၊ သတင်းထောက်နှင့် အဖျော်ယမကာရောင်းသူ အပါအဝင်အလုပ်များစွာတွင်လုပ်ကိုင်ခဲ့ပြီးနောက် သူ့ကိုယ်ပိုင်ကုမ္ပဏီကို စတင်ခဲ့သည်။
အလုပ်အကိုင်
[ပြင်ဆင်ရန်]၁၉၉၆ ခုနှစ်စက်တင်ဘာလတွင် သူသည် ရေသန့်ပုလင်း ထုတ်လုပ်သော နောင်ဖူးစပရင်း ကုမ္ပဏီ ကို တည်ထောင်ခဲ့ပြီးနောက် ၎င်းသည် နှစ်အလိုက် ပုံမှန် တိုးတက်လာခဲ့ပြီး တရုတ်နိုင်ငံ၏ထိပ်တန်း အဖျော်ယမကာကုမ္ပဏီ ဖြစ်လာသည်။ သူသည်ဆေးဝါးကုမ္ပဏီကြီးဖြစ်သော ဝမ်တိုင်း ၏ဥက္ကဋ္ဌလည်းဖြစ်သည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ↑ "Zhong Shanshan on Bloomberg"။
- ↑ Business၊ Michelle Toh, CNN။ China has a new richest man။
- ↑ Zhong Shanshan overtakes Mukesh Ambani to become Asia's richest person။