မာခက်ရှ် အမ်ဘန်နီ

ဝီကီပီးဒီးယား မှ
မာခက်ရှ် အမ်ဘန်နီ
မာခက်ရှ် အမ်ဘန်နီ
မွေးသက္ကရာဇ် ၁၉ ဧပြီလ ၁၉၅၇

ပညာရေး မွန်ဘိုင်းတက္ကသိုလ်
စတန်းဖို့ဒ် တက္ကသိုလ် ကျောင်းထွက်ခဲ့
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ (၂၀၁၀)
မွေးရပ်ဇာတိ အဒန်, အဒန်ကိုလိုနီ (ယခု ယီမင်)
ကြင်ဖော် နီတာ အမ်ဘန်နီ
သားသမီး အာခက်ရှ်အန်နန့်အစ်ရှာ

Mukesh Dhirubhai Ambani ( ၁၉၅၇ ဧပြီ ၁၉ တွင်မွေးဖွားသူ ) သည် အလွန် ချမ်းသာကြွယ်ဝ၍ ဩဇာလွှမ်းမိုးမှုရှိသော အိန္ဒိယ အမျိုးသားစီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ သူသည် ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိကပိုင်လုပ်ငန်းစုကြီးများ (Fortune 500 အုပ်စု) တွင် တစ်ခုအပါအဝင် ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက လုပ်ငန်းစုဖြစ်သော Reliance Industries ၏ ဥက္ကဋ္ဌနှင့် မန်နေးဂျင်းဒါရိုက်တာ ဖြစ်သည်။ သူ၏ တစ်ဦးတည်းပိုင် အစုရှယ်ယာမှာ Industries တစ်ခုလုံး၏ ၄၈ % ဖြစ်သည်။ ၂၀၁၀ ဇူလိုင်တွင် သူသည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ဖြင့် အာရှမှာ အချမ်းသာဆုံး နှင့် ကမ္ဘာ့စတုတ္ထမြောက် အချမ်းသာဆုံး နေရာတွင် ရပ်တည် နေသည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် အပြင်းအထန် ပြန်လည်ထူမတ်လာသော အစုရှယ်ယာ ဈေးကွက်နှင့် အိန္ဒိယ ရူပီးငွေ တန်ဖိုး သိသာထင်ရှားစွာ မြင့်တက်လာမှုတို့ကြောင့် Reliance Industries အုပ်စုကြီး၏ ဈေးကွက် အခွင့်အလမ်းများ မြင့်တက်လာပြီး၊ Mukesh အား အသားတင်ပိုင်ဆိုင်မှု ၆၃.၂ ဘီလီယံဖြင့် ဘီလ်ဂိတ် ၏ ပိုင်ဆိုင်မှု ၅၆ ဘီလီယံ ကို ဖြတ်ကျော်ပြီး ချက်ချင်းလက်ငင်းပင် ကမ္ဘာ့အချမ်းသာဆုံးနေရာ သို့ ရောက်ရှိစေခဲ့သည်။ Forbes မဂ္ဂဇင်း ၏ ခန့်မှန်းချက်များအရ ၂၀၁၄ တွင် Mukesh သည် ကမ္ဘာ့အချမ်းသာဆုံးနေရာကို ပြန်လည် ရယူနိုင်မည်ဟု မျှော်လင့်ရသည်။

မိသားစုနှင့် အစောပိုင်းဘဝ[ပြင်ဆင်ရန်]

Mukesh သည် Reliance Industries ကို ဆက်ခံသူ Dhirubhai Ambani ၏ အကြီးဆုံးသားဖြစ်ပြီး ညီဖြစ်သူ Anil နှင့် ညီမနှစ်ယောက်ရှိသည်။ Ambani မိသားစုသည် မွန်ဘိုင်း မြို့၊ Bhuleshwar ရှိ အိပ်ခန်း နှစ်ခန်းပါသော တိုက်ခန်းတွင် ၁၉၇၀ ခုနှစ်များအထိ နေထိုင်ခဲ့ကြသည်။ Dhirubhai Ambani သည် Colaba ရပ်ကွက်ရှိ Sea wind အမည်ရှိ ၁၄ ထပ်အဆောင်အအုံကို ဝယ်ယူခဲ့ပြီးနောက် Anil နှင့် သူ၏ မိသားစု၊ Mukesh နှင့် သူ၏ မိသားစု တို့မှာ တစ်ထပ်စီ သီးသန့်နေထိုင်ခဲ့ကြသည်။

Anil Ambani မှာလည်း သန်းကြွယ်သူဌေးတစ်ဦးဖြစ်ပြီး Reliance Anil Dhirubhai Ambani Group ဟူသော ပြိုင်ဘက် Company တစ်ခုကို ပိုင်ဆိုင်သည်။ ညီအစ်ကို နှစ်ယောက်သည် လုပ်ငန်းများနှင့် ပတ်သက်၍ အချင်းများခဲ့ရသည်များ ရှိကြသည်။

ပုဂ္ဂိုလ်ရေး အထ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

Mukesh သည် Nita Ambani နှင့် လက်ထပ်ခဲ့ပြီး၊ Akash, Anant နှင့် Isha အမည်ရှိ ကလေးသုံးယောက် ရခဲ့သည်။ သူသည် Mumbai Indians အမည်ရှိ အိန္ဒိယ ပရီမီးယား လိဂ် ဘောလုံး အသင်းအား ပိုင်ဆိုင်သည်။ သူတို့ မိသားစုသည် မွန်ဘိုင်း၌ Antilia အမည်ရှိ ၂၇ ထပ် ပါသော ကိုယ်ပိုင် အဆောက်အအုံတွင် နေထိုင်ကြသည်။ ထို အဆောက်အအုံအတွက် အမေရိကန် ဒေါ်လာ ၅၀၀ မှ ရ၀၀ မီလီယံ အထိ ကုန်ကျမည်ဟု ခန့်မှန်းကြသော်လည်း မြေဈေးတက်မှုကြောင့် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကျော် အထိ တန်ဖိုးတက်သွားခဲ့သည်။ အိန္ဒိယ သမိုင်းတစ်လျှောက်တွင် ဈေးအကြီးဆုံးအိမ်အဖြစ် ကြေညာခြင်း ခံရသည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

Mukesh သည် ၁၉၈၁ ခုနှစ်တွင် Reliance Industries သို့ စတင်ဝင်ရောက်ခဲ့သည်။ Reliance's ၏ ခေတ်နောက်ဆွဲ နေသော အထည်အလိပ်လုပ်ငန်းများအား polyester ချည်မျှင်များ နှင့် တွဲဖက် ၍လည်းကောင်း၊ တစ်ဆင့်တက်၍ ရေနံ ဓာတုထွက်ကုန်များ အပြင် လမ်းသစ်ဖောက်၍ ရေနံ ချက်လုပ်ခြင်း၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ များရှာဖွေဖော်ထုတ်ခြင်း စသည့် လုပ်ငန်းများကိုပါ ပေါင်းစည်း၍ ခရီးသစ် စတင်ခဲ့သည်။

Ambani သည် ကမ္ဘာ့အကြီးဆုံးနှင့်ဆက်သွယ်မှုနည်းပညာအစုံလင်ဆုံး ကုပ္မဏီကြီးများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး၊ ကမ္ဘာကြီးအား ဆက်သွယ်မှုနည်းပညာများနှင့် စတင်မိတ်ဆက် ပေးနိုင်ခဲ့သော Reliance Infocomm Limited ကို လည်းတည်ထောင်ခဲ့သည်။ (ယခုအခါ Reliance Communications Limited ဟု ပြောင်းလဲပြီး)

Ambani သည် ရေနံဓာတုပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ၊ ဆိပ်ကမ်းနှင့် အခြား အခြေခံ အဆောက်အအုံများ ပါဝင်သော ကမ္ဘာ့ အကြီးဆုံး အောက်ခြေ လူတန်းစားများ ဦးဆောင်သည့် ရေနံသန့်စင်စက်ရုံ ကို အန္ဒိယနိုင်ငံ Jamnagar မြို့တွင် ဦးဆောင် တည်ထောင် ပေးခဲ့ပြီး ထိုစက်ရုံမှ ယခုအချိန်တွင် တစ်နေ့လျှင် ရေနံ စည်ပေါင်း ၆၆၀,၀၀၀ (တစ်နှစ်လျှင် တန်ပေါင်း ၃၃ မီလီယံ) ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။

ရရှိခဲ့သော ဆုတံဆိပ်များ[ပြင်ဆင်ရန်]

  1. ဇန်နဝါရီ ၂၀၁၀ တွင် School of Engineering and Applied Science of the University of Pennsylvania ၏ ပါမောက္ခ မှ Mukesh အား ဂုဏ်ထူးဆောင် ဆုတံဆိပ် ချီးမြှင့်ခဲ့သည်။
  2. NDTV မှ ပြုလုပ်သော လူထု စစ်တမ်းများမှ ၂၀၀၇ ခုနှစ်၏ အအောင်မြင်ဆုံး လုပ်ငန်းရှင် အဖြစ်ရွေးချယ်ခံရသည်။ ၂၀၀၇ ခုနှစ်တွင် Washington ၌ United States-India Business Council (USIBC) မှ leadership award for "Global Vision" 2007 ကို ချီးမြှင့် ခဲ့သည်။
  3. ၂၀၀၄ တွင် Pricewaterhouse Coopers မှ ပြုလုပ်သော စစ်တမ်း များအရ ထူးခြားထင်ရှားသော အိန္ဒိယလူမျိုး CEO လေးဦးအနက် ဒုတိယမြောက်နှင့် ကမ္ဘာ့အလေးစားရဆုံး စီးပွားရေး ခေါင်းဆောင်များအနက် ၄၂ ယောက်မြောက် နေရာတို့ကို ရရှိခဲ့ပြီး၊ ၎င်းကို ၂၀၀၄ နိုဝင်ဘာ တွင် London ၌ ပုံနှိပ်ထုတ်ဝေသော Financial Times တွင် ဖော်ပြခံရသည်။
  4. ၂၀၀၄ အောက်တိုဘာတွင် Total Telecom မှ ၂၀၀၄ အတွက် ဆက်သွယ်ရေးနည်းပညာနယ်ပယ်တွင် ဩဇာလွှမ်းမိုးမှု အရှိဆုံးပုဂ္ဂိုလ် အတွက် ချီးမြှင့်သော World Communication Award ကို ရရှိသည်။
  5. စက်တင်ဘာ ၂၀၀၉ တွင် Voice and Data magazine မှ Telecom’ Man of the Year 2009’ အဖြစ် ရွေးချယ်ခံရသည်။
  6. အာရှတိုက်၏ စွမ်းဆောင်ရေ အမြင့်ဆုံး ၂၅ ယောက်တွင် နံပါတ် ၁၃ ချိတ်ခဲ့သည်။
  7. Gujarat Chief Minister Narendra Modi မှ "Chitralekha Person of the Year Award -- 2007" ကို ချီးမြှင့်ခဲ့သည်။
  8. Indian Institute of Management Bangalore(IIM-B) ၏ ဥက္ကဋ္ဌ ဟောင်းဖြစ်သည်။
  9. ငါးလုပ်ငန်းသံတမန် လည်း ဖြစ်သည်။
  10. the Institution of Chemical Engineers ၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင် ပုဂ္ဂိုလ်
  11. ၂၀၁၀ တွင် Forbes မဂ္ဂဇင်း၏ ယခုနှစ်အတွက် ကမ္ဘာတစ်လွှား စွမ်းဆောင်ရည် အရှိဆုံး ပုဂ္ဂိုလ်များ မည်သူမဆို ပေးအပ်သည့် ဂုဏ်ထူးဆောင် များ၏ စာရင်းအရ ၆၈ ယောက်တွင် အမည်စာရင်းပါဝင်ခဲ့။
  12. ကမ္ဘာလုံးဆိုင်ရာ think tank ကောင်စီ၏ နိုင်ငံတကာဆိုင်ရာ အကြံပေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။