ဖျောက်ဆိပ်ကြယ်စု

ဝီကီပီးဒီးယား မှ
(ကြယ်စဉ် ခုနှစ်ဖော် မှ ပြန်ညွှန်းထားသည်)
ခုနစ်စဉ်ကြယ် နှင့် မရောထွေးပါနှင့်။

ကိုဩဒိနိတ်: Sky map 03h 47m 24s, +24° 07′ 00″

Pleiades
Digitized Sky Survey မှ အရောင်ပါဝင်သော ဖျောက်ဆိပ်ကြယ်စု၏ပုံရိပ်
Credit: NASA/ESA/AURA/Caltech
လေ့လာရေး အချက်အလက် (J2000 epoch)
ကြယ်စုတန်းပြိဿ နက္ခတ်တာရာ
ညာဖက်တိမ်းစောင်းမှု3° 47′ 24″[၁]
နိမ့်ဆင်းမှု+24° 7′[၁]
အကွာအဝေး၄၄၄ ly on average (၁၃၆.၂±၁.၂ pc[၂][၃][၄][၅])
မြင်သာသော အရွယ်အစား (V)၁.၆[၆]
မြင်သာသော ဒိုင်မင်းရှင်း (V)110' (arcmin.)[၆]
ရုပ်ပိုင်းဂုဏ်သတ္တိ
အခြားအမည်များM45,[၁] ညီအစ်မ ခုနှစ်ဖော်ကြယ်[၁] Melotte 22[၁]
အခြားကြည့်ရန်: ကြယ်အစုအဝေးကြယ်အစုအဝေးများစာရင်း

ဖျောက်ဆိပ်ကြယ်စု (အင်္ဂလိပ်: Pleiades) (/ˈplədz/ သို့မဟုတ် /ˈplədz/) သို့မဟုတ် ကြတ္တိကာနက္ခတ် သို့မဟုတ် သူခိုးနက္ခတ် သို့မဟုတ်ညီအစ်မ ခုနှစ်ဖော်ကြယ် သည် ကြယ်အစုအဝေး (open star cluster) ဖြစ်ပြီး အလယ်အလတ်သက်တမ်း ရှိကြသော B-type ကြယ်များ ပါဝင်ကာ တောင်းရပ် ကြယ်စုတန်းတွင် တည်ရှိသည်။ ယင်းသည် ကမ္ဘာမြေနှင့် အနီးဆုံး ကြယ်အစုအဝေးဖြစ်ပြီး ညဘက်ကောင်းကင်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သည်။ ထိုကြယ်အစုအဝေးအား ကမ္ဘာတစ်ဝန်း မတူညီသည့် ဓလေ့ထုံးတမ်းစဉ်လာ နာမည်များ မှည့်ခေါ်ကြသည်။

ကြယ်စုအား အပြာရောင် ပူပြင်းသည့် အင်မတန်တောက်ပသောကြယ်များဖြင့် လွှမ်းမိုးထားကာ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ မီလီယံအကြာမှ ဖွဲ့တည်ခဲ့သည်။ တောက်ပသောကြယ်များကြားမှ မှေးမိန်သောဖုန်နယ်မြေသည် ကြယ်အစုအဝေးဖွဲ့တည်စဉ်က လက်ကျန်များဖြစ်သည်။ နက္ခတ္တပညာရှင်များ ခန့်မှန်းချက်အရ ဖျောက်ဆိပ်ကြယ်စုသည် နောင်နှစ်ပေါင်း ၂၅၀ မီလီယံကြာသည်အထိ တည်ရှိမည်ဖြစ်ပြီး ထိုအလွန်တွင်မူ အိမ်နီးနားချင်းများဖြင့် ဒြပ်ဆွဲအားသက်ရောက်ပြီး ပျံ့နှံ့သွားမည်ဖြစ်သည်။[၇]

မြန်မာ့ရိုးရာ ဓလေ့အရ မနက် နေမထွက်ခင် အရှေ့ကောင်းကင်တွင် ဖျောက်ဆိပ်ကြယ် ပေါ်သောအချိန်အခါသည် မိုးစတင်ရွာတော့ မည် ဟူသော အဓိပ္ပါယ်ရှိသည်ဖြစ်၍ ရှင်းလင်းထားပြီး လယ်ယာမြေ တို့တွင် မိုးဦးသီးနှံတို့ကို ချထားရတော့မည့် အချိန်ဖြစ်ကြောင်း သတိပေးနှိုးဆော်သော နိမိတ် ဖြစ်သည်။[၈]

အမည်နာမ ဇာတ်မြစ်[ပြင်ဆင်ရန်]

နက္ခတ်ဗေဒ အမည်အားဖြင့် ကြတ္တိကာနက္ခတ်ဟု ခေါ်သည်။ ထိုကြယ်အစုကိုပင် ရည်ညွှန်း၍ မြန်မာအမည် ဖျောက်ဆိပ်ကြယ် သို့မဟုတ် ကြတ္တိကာကြယ်ဟု အနည်းကိန်းဖြင့် ခေါ်ဆိုလေ့ရှိသည်။ "ကြတ္တိကာကြယ် ခုနှစ်သွယ် ကြက်ငယ်စုသလို" ဟုသော ဆိုရိုးရှိသည်။ "တစ်မိုးလုံး ဖျောက်ဆိပ်ချည်းပဲ" ဟူသော မြန်မာစကားပုံရှိသည်။ ကြယ်နက္ခတ်များအကြောင်း မသိသူအား ကြယ်များအကြောင်း မေးသောအခါ တွေ့မြင်ရာ ကြယ်များကို ဖျောက်ဆိပ်ကြယ် ဟုသာ ခေါ်ဆိုနေခြင်း ကိုဆိုလိုသည်။ ၎င်း စကားပုံကို ကြည့်ခြင်းအားဖြင့် ကြယ်များအကြောင်း မသိသူများပင်လျှင် ဖျောက်ဆိပ်ကြယ်ကိုတော့ ကြားဖူးကြကြောင်း သိရှိနိုင်သည်။

လေ့လာမှု ရာဇဝင်[ပြင်ဆင်ရန်]

ကြတ္တိကာနက္ခတ်သည် မြန်မာ့ရိုးရာနက္ခတ် ၂၇ လုံးတွင် တစ်လုံးအပါအဝင်ဖြစ်သည်။ ယင်းနက္ခတ်ကို မီးနတ်မင်း အစိုးရကြောင်း ဆို၏။ [၉]

အကွာအဝေး[ပြင်ဆင်ရန်]

ပါဝင်မှု[ပြင်ဆင်ရန်]

သက်တမ်းနှင့် အနာဂတ်ဟောတမ်း[ပြင်ဆင်ရန်]

အတောက်ပဆုံး ကြယ်များ[ပြင်ဆင်ရန်]

ဖြစ်နိုင်ခြေရှိသော ဂြိုဟ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ SIMBAD Astronomical DatabaseResults for M45။ 2007-04-20 တွင် ပြန်စစ်ပြီး။
  2. "Parallaxes and proper motions for 20 open clusters as based on the new Hipparcos catalogue" (2009). Astronomy and Astrophysics 497: 209–242. doi:10.1051/0004-6361/200811382. Bibcode2009A&A...497..209V. 
  3. Majaess၊ Daniel J.; Turner၊ David G.; Lane၊ David J.; Krajci၊ Tom (2011)။ "Deep Infrared ZAMS Fits to Benchmark Open Clusters Hosting delta Scuti Stars"။ arXiv:1102.1705 [astro-ph.GA]။
  4. Percival, S. M. (2005). "The distance to the Pleiades. Main sequence fitting in the near infrared". Astronomy and Astrophysics 429 (3): 887–894. doi:10.1051/0004-6361:20041694. Bibcode2005A&A...429..887P. 
  5. Zwahlen, N. (2004). "A purely geometric distance to the binary star Atlas, a member of the Pleiades". Astronomy and Astrophysics Letters 425 (3): L45. doi:10.1051/0004-6361:200400062. Bibcode2004A&A...425L..45Z. 
  6. ၆.၀ ၆.၁ Messier 45
  7. Gendler၊ Robert (2006)။ A Year in the Life of the Universe: A Seasonal Guide to Viewing the Cosmos။ Voyageur Press။ p. 54ISBN 1610603400
  8. [၁]
  9. မြန်မာ့စွယ်စုံကျမ်း

ပြင်ပလင့်များ[ပြင်ဆင်ရန်]