ကျွဲဆည်ကန်

ဝီကီပီးဒီးယား မှ

ကျွဲဆည်ကန်သည် မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ချမ်းမြသာစည် မန္တလေးလေယာဉ်ကွင်း၏ အနောက်ဘက်တွင် တည်ရှိသော ရပ်ကွက်တစ်ခု ဖြစ်သည်။ မန္တလေး တိုးချဲ့ရပ်ကွက်များ တည်ဆောက်ချိန်မှ စ၍ ကျွဲဆည်ကန်သည် လူသိများသည်။ မြေနေရာသစ်များ စတင်ဖော်ထုတ်ရာ အရပ်ဖြစ်သည်။ ယခုအခါ လုံးချင်းတိုက်ခြံများနှင့် အေးချမ်းတိတ်ဆိတ်သော ရပ်ကွက်ဖြစ်သည်။ ကျွဲဆည်ကန် ဟု ခေါ်ဝေါ်ခဲ့သော်လည်း သမိုင်းဇာစ်မြစ်က သိသူနည်းသည်ဟု ခန့်မှန်းရသည်။

ကျွဲဆည်ကန်သည်ကား ဘကြီးတော်၊ ဘိုးတော်တို့ လက်ထက် ကတည်းက ထင်ရှားသော နာမည်ဖြစ်သည်။ အမရပူရမင်းနေပြည်တော်၏ နန်းဦးဖြစ်ရာ ကျွဲဆည်ကန်သည် မင်္ဂလာ ရှိသော အရပ်ဖြစ်သည်။ မူရင်းမှာ (မလွန်မင်းသမီး ကျွဲဆည်ကန်ကွင်း) ဖြစ်သည်။ အမရပူရခေတ်မှစ၍ တည်ဆောက်လှူဒါန်းခဲ့သော နွားသောက်ကန်၊ ချိုးသောက်ကန်၊ သံဃာတော်များအတွက် သုနန္ဒာရေကန်၊ အရူးမကန်၊ သာလာယအုတ်ကန်၊ သမီးတော်ကန်၊ သားတော်ရကန်၊ ဆင်ဖြူကန်၊ ကျွဲဆည်ကန် စသည့် ဇရပ်၊ ရေတွင်းရေကန်၊ ကျောင်းကန်ဘုရားများမှာ အမရပူရမြို့တော် နန်းဦးအရပ်၌ ထင်ရှားစွာ ရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. နတ်မောက်ထွန်းရှိန် - မန္တလေး ရတနာပုံ ဘုရားစုံ၊ ၂၀၁၇၊ ဩဂုတ်လ၊ စာ-၈၆