ကျွတ် (တိရစ္ဆာန်)

ဝီကီပီးဒီးယား မှ
ကျွတ်
Temporal range: Silurian–recent
Sucking leech.jpg
Hirudo medicinalis sucking blood
Europäischer-Platt-Egel cropped.jpg
Helobdella sp.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Annelida
မျိုးပေါင်း: Clitellata
မျိုးပေါင်းသေး: Hirudinea
Lamarck, 1818

ကျွတ်၊ မျှော့ တို့သည် သွေးစုတ်တတ်သော ကျောရိုးမဲ့သတ္တဝါတစ်မျိုးဖြစ်သည်။ နွေအခါ၌ ခြောက်သွေ့၍ မြေထဲ၌ နေတတ်ပြီး နှင်းကျသောအခါ ရှင်သန်ကာ မြက်ပင်များ အကြား၌ သွားနေတတ်သည်။ လူ၏အနံ့ကို ခံကာ တွယ်၍ သွေးစုတ်တတ်သည်။ သွားရာ၌ ရှေ့တစ်နေရာကို ကုတ်တွယ်ပြီးနောက် နောက်ပိုင်းအဖျားကို ရှေ့နေရာသို့ ကွေးယူတွယ်ထားပြီး တဖန်ရှေ့သို့ လှမ်းတွယ်ခြင်းဖြင့် လျင်မြန်စွာ သွားနိုင်သည်။ ရေကူးသွားတတ်သော အကြီးစားမျိုးကို မြှော့ဟုခေါ်သည်။ မြှော့သည် လူနှင့် ကျွဲနွားများကိုပါတွယ်၍ သွေးစုတ်လေ့ရှိသည်။ သွေးဝသောအခါ ဖောင်းပွလာ၍ အလိုအလျောက် ကွာကြသွားတတ်သည်။ မြှော့ကြီးများမှာ လုံးပတ် ၁လက္မခွဲ အရှည် ခြောက်လက္မခန့် အထိရှိသည်။ ရှေးအခါက အနာရောဂါများတွင် သွေးစုတ်ရန် ဆရာဝန်များ သုံးစွဲကြသည်။ အပူပိုင်းဒေသနှင့် မြေထဲပင်လယ်နိုင်ငံများတွင် တွေ့ရသည်။ လူတို့ စားသုံးသော ပင်လယ်မြှော့မှာကား တစ်မျိုးတစ်စားဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကျွတ်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။