ကျော်၊ ဦး(ဝါးတန်း)

ဝီကီပီးဒီးယား မှ

ဝါးတန်း ဦးကျော်(၁၉၁၂-၁၉၈၄)[ပြင်ဆင်ရန်]

မန္တလေးမြို့ နိုင်ငံရေးနှင့် စီးပွားရေးလောကတွင် ထင်ရှားသော ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သည်။ ၁၉၁၂-ခုနှစ်တွင် အဖ ဦးစာ၊ အမိ ဒေါ်အေးရင်တို့က မန္တလေး၌ မွေးဖွားခဲ့သည်။ မိဘများရှိစဉ်ကတည်းကပင် စစ်ကိုင်းတောင်ရိုး၊ တောင်ဝိုင်းကြီးတောရ မဟာဂန္ဓာရုံကျောင်းတိုက် စတုပစ္စယာ ကျောင်းဒကာအဖြစ် ရွှေကျင်သာသနာ ဝိနည်းစာပြန်ပွဲများ ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့သည်။ ၁၉၅၁-ခုတွင် မန္တလေး အနောက်မြောက်မြို့နယ်၊ ဖဆပလ(သန့်ရှင်း) အမတ်အဖြစ် နှစ်ကြိမ် ရွေးခံခဲ့ရသည်။ ၁၉၆၁-ခုတွင် ပိဋကတ်တော် ပြန့်ပွားရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး အိမ်တော်ရာဘုရား မြောက်မုခ်၊ မန္တလေးတောင် ရေစစ်ကန် (၂၁)လုံး၊ မဟာမုနိ မြောက်ဆောင်းတန်း စသော ကုသိုလ်ကောင်းမှုများ (၄၀)ကျော် ပြုလုပ်ခဲ့သည်။ ဇနီးသည်မှာ ဒေါ်သန်းရင် ဖြစ်ပြီး တစ်ဦးတည်းသော သမီးမှာ စိန်စိန်ရင် ဖြစ်သည်။ ၁၉၈၄-ခုနှစ်၊ ဧပြီလ (၄)ရက်နေ့တွင် မန္တလေး၌ ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. နေထွတ်၏ မန္တလေး အဘိဓာန်