ကျော်ဝင်း (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
ကျော်ဝင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ကျော်ဝင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ကျော်ဝင်း
အမည်ရင်းကျော်ဝင်း
မွေးဖွား၁၉၅၂ ဧပြီလ ၂ဝ ရက်နေ့
စစ်ကိုင်းတိုင်း၊ မုံရွာမြို့
ကလောင်အမည်ဝင်းနောင်၊ လင်းထက်ဇော်၊ စိုးရိမ်၊ မိုးကောင်း
အလုပ်အကိုင်နိုင်ငံရေးသမား၊ စာရေးဆရာ၊ ဂျာနယ်လစ်
လူမျိုးဗမာ
နိုင်ငံသား မြန်မာ
မိဘဦးဘစိန် + ဒေါ်အုံးစိန်
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ဦးကျော်ဝင်း (၂၀ ဧပြီ ၁၉၅၂ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာ၊ နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။

အတ္ထုပ္ပတ္တိ အကျဉ်း[ပြင်ဆင်ရန်]

စစ်ကိုင်းတိုင်းမုံရွာမြို့တွင် အဖ ဦးဘစိန်၊ အမိ ဒေါ်အုံးစိန် တို့က ၁၉၅၂ ဧပြီလ ၂ဝ ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၇ ဦး အနက် အငယ်ဆုံးသား ဖြစ်သည်။

မုံရွာမြို့ မြောက်ရပ်ကြီး မူလတန်းကျောင်းတွင် ပညာစသင်သင်ကြားခဲ့ကာ အလယ်တန်းနှင့် အထက်တန်းပညာကို အထက (၁) တွင် သင်ကြားခဲ့သည်။ အထက်တန်းအောင်ပြီးနောက် ၁၉၆၈ - ၆၉ တွင် မန္တလေး ဆေးတက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့သည်။ ဆေးတက္ကသိုလ်ကျောင်းသားဘဝ ပညာတပိုင်းတစဖြင့် တောခိုသွားခဲ့ပြီး၊ နောက်ပိုင်းတွင် မန္တလေး တက္ကသိုလ် စာပေးစာယူသင်တန်း ပြန်တက်ခဲ့ပြီး ၁၉၈၇ တွင် ဓာတုဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ ရခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ဒေါ်ကြူကြူမြင့်နှင့် အိမ်ထောင်ပြုခဲ့ပြီး၊ သားသမီး ၃ ဦး ထွန်းကားခဲ့သည်။


မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၁၉၇၅ - ၇၆) တွင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ကျောင်းသားဘဝ ၁၉၇ဝ ကတည်းက ကျူရှင်ဆရာအဖြစ်လည်း သင်ကြားပြသခဲ့သည်။ ယင်းနောက် မုံရွာမြို့တွင် ဝင်းသိပ္ပံချွန် ကျူရှင်ကို သူငယ်ချင်းများနှင့် တည်ထောင်ကာ ကျူရှင်ဆရာအဖြစ် အသက်မွေးခဲ့သည်။

နိုင်ငံရေး ဆောင်ရွက်ခြင်း[ပြင်ဆင်ရန်]

ဆေးတက္ကသိုလ် ကျောင်းသား ဘဝ ကတည်းက ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး၊ ဆေးကျောင်းတက်နေစဉ် ဗကပနှင့် သွားရောက် ပူးပေါင်းခဲ့ပြီး၊ စစ်ဆင်ရေး စည်းရုံးရေး တာဝန်တွေ ထမ်းဆောင် နေစဉ် ရှမ်းပြည်နယ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ စစ်တပ်၏ လက်ရ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ ထောင်ကျခဲ့သည်။ ထောင်မှ လွတ်မြောက်လာပြီး မုံရွာတွင် ကျူရှင်ဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ရှစ် လေးလုံး လူထု အရေးတော်ပုံ အပြီးတွင် "အမြဲစိမ်းလူငယ်များအဖွဲ့ (Every Green Young Men Association)" ကို တည်ထောင်ခဲ့သည်။ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရက ပထမဆုံး ဖျက်သိမ်းခဲ့သော ၃ ပါတီထဲတွင် "အမြဲစိမ်းလူငယ်များအဖွဲ့" လည်း ပါဝင် သွားခဲ့သည်။ အခြား ပါတီ နှစ်ခုမှာ အမျိုးသား နိုင်ငံရေး တပ်ပေါင်းစု (မနတ)၊ မန္တလေးနဲ့ ပြည်သူ့ တိုးတက်ရေး ပါတီ၊ ရန်ကုန်တို့ ဖြစ်သည်။ ဆရာ ကျော်ဝင်း ကိုလည်း ဗကပ အထက် ဗမာပြည် ယူဂျီ တာဝန်ခံတစ်ဦး အဖြစ် နဝတက ဖမ်းဆီး စွပ်စွဲကာ ထောင်ချခဲ့သည်။

စာပေလောကသို့ ရောက်ရှိခြင်း[ပြင်ဆင်ရန်]

ထောင်မှ လွတ်ပြီးနောက် ၁၉၉၄ ဇူလိုင်တွင် "စိန်ခေါ်နေသော ဖွံ့ဖြိုးရေး" ဆောင်းပါးနှင့် စာပေ လောက ထဲကို ဝင်ရောက် ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် ရန်ကုန်ကို ပြောင်းပြီး စာပေ လုပ်ငန်းတွင် စောက်ချ လုပ်ကိုင်ခဲ့သည်။ အမည်ရင်း "ကျော်ဝင်း" အပြင် "ဝင်းနောင်"၊ "လင်းထက်ဇော်"၊ "စိုးရိမ်"၊ "မိုးကောင်း" စတဲ့ ကလောင် အမည်ခွဲများနှင့် မဂ္ဂဇင်း၊ ဂျာနယ် တွေမှာ လူမှုရေး ဆောင်းပါး၊ နိုင်ငံတကာ ရေးရာ ဆောင်းပါး၊ ဘာသာပြန် ဆောင်းပါးများ ရေးသား လျက်ရှိသည်။ ၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၇ ခုနှစ် အကုန် အထိ စာအုပ်ပေါင်း ၆၃ အုပ် ရေးသား ထွက်ရှိခဲ့ပြီး၊ "ဦးနှောက် မုန်တိုင်းဆင်ခြင်း" စာအုပ်ဖြင့် ၂ဝဝ၄ ခုနှစ်၊ ဆရာဝန် တင်ရွှေဆု ရခဲ့သလို၊ ကမ္ဘာပြားပြီ (ဘာသာပြန် ၃ တွဲ) ဖြင့် ၂ဝဝ၆ ခုနှစ်၊ အမျိုးသား စာပေ ဘာသာပြန် (သုတ) ဆုကို ရခဲ့သည်။

စံပယ်ဖြူ မဂ္ဂဇင်း အယ်ဒီတာချုပ်၊ ခေတ်ဆန်း ဂျာနယ်နှင့် မိုး ဂျာနယ် တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် သူ၏ ထောက်လှမ်းရေး အဖွဲ့ကို ဖမ်းဆီး ဖျက်သိမ်းပြီး နောက်ပိုင်းတွင် မဂ္ဂဇင်း တစ်စောင် ထုတ်ဝေခွင့် လိုင်စင် အသစ်ရသဖြင့်၊ ၂ဝဝ၆ ဇွန်လတွင် စတင်ထုတ်ဝေသော The Waves မဂ္ဂဇင်း ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။

ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  • ကမ္ဘာကြီးရဲ့ မနက်ဖြန် (ပညာရွှေတောင် စာအုပ်တိုက်၊ ၂ဝဝ၂၊ စက်တင်ဘာ)
  • ကမ္ဘာပြားပြီ ပထမတွဲ (သီလဝ စာပေ၊ ၂ဝဝ၆၊ ဇူလိုင်)
  • ကမ္ဘာပြားပြီ ဒုတိယတွဲ (ရွှေရည် မြင့်မြတ် စာပေ၊ ၂ဝဝ၆၊ အောက်တိုဘာ)
  • ကမ္ဘာပြားပြီ တတိယတွဲ (ရွှေရည် မြင့်မြတ် စာပေ၊ ၂ဝဝ၆၊ ဒီဇင်ဘာ)
  • ကမ္ဘာလုံး စီးပွားရေး အဝေးမြင် (အမြင်သစ် စာပေ၊ ၂ဝဝ၁၊ ဒီဇင်ဘာ)
  • ကမ္ဘာ့ အစီအစဉ်သစ် ရှာတော်ပုံ (Plastic Rainbow Book Publication၊ ၂ဝဝ၅ ဩဂုတ်)
  • ကောင်းကင်တွင် စင်တင်မည် ဒရမ်မာသစ် (စကြဝဠာ စာပေ၊ ၂ဝဝ၄၊ ဇူလိုင်)
  • ဂလိုဘယ် အမြင် ဂလိုဘယ် လိုက်ဇေးရှင်း (ကေဇော် စာအုပ်တိုက်၊ ၂ဝဝ၄)
  • ဂျပန်အိပ်မက်
  • စိန်ခေါ်ကြသူများ (လူငယ်၊ ပညာ၊ ခေတ်ရေစီး) (တကောင်း စာအုပ်တိုက်၊ ၂ဝဝ၄၊ ဇန်နဝါရီ)
  • စစ်အေးလွန်သော် (ကေဇော် စာအုပ်တိုက်၊ ၂ဝဝ၆၊ မေ)
  • ဆိုက်ဘာဓလေ့ အကောက်အယူများ (စိတ်ကူးချိုချို စာအုပ်တိုက်၊ ၂ဝဝ၆၊ နိုဝင်ဘာ)
  • ဆင်းရဲခြင်း လွတ်ကင်းအောင် (Plastic Rainbow Book Publication)
  • ဆယ်စု ရာစု ထောင်စုများ (၂ဝဝ၁)
  • ဈေးကွက်ဖွင့် အမေး အဖြေ (မျိုးဆက်သစ် စာပေ၊ ၂ဝဝ၆၊ ဇွန်)
  • တော်ဖလာနှင် စကားစမြည် (နန်းဒေဝီ စာပေ၊)
  • ဒါဝင် မိတ်ဆက် (မုံရွေး စာအုပ်တိုက်၊ ၂ဝဝ၂)
  • ဒုတိယ အတွေး (ကျော်မွှေး စာပေ၊ ၂ဝဝ၇၊ ဖေဖော်ဝါရီ)
  • နိုင်ငံ၏ စီးပွားရေး (မုံရွေး စာအုပ်တိုက်၊ ၁၉၉၉၊ ဒီဇင်ဘာ) (ဆရာ ကျော်ဝင်းရဲ့ ပထမဆုံး ပုံနှိပ် စာအုပ်ဖြစ်)
  • နိုင်ငံ တည်ဆောက်ရေး (၂၁ ရာစု၊ အုပ်ချုပ်ရေးနှင့် ကမ္ဘာ့ အစီအစဉ်) (မျိုးဆက်သစ် စာပေ၊ ၂ဝဝ၅၊ ဇွန်)
  • နှင်းခဲပျော်ချိန် (မုံရွှေး စာအုပ်တုက်၊ ၂ဝဝ၇၊ ဇန်နဝါရီ)
  • နှစ်ဆယ့် တရာစု ဒစ်ပလိုမေစီ (နိုင်ငံတကာ ဆက်ဆံရေး ပညာ မိတ်ဆက်) (မုံရွေး စာအုပ်တိုက်၊ ၂ဝဝ၃ ဇူလိုင်)
  • နှစ်ဆယ့် တရာစု သားရွှေဥ (မှီးငြမ်း ဘာသာပြန်)
  • ပလာတိုရဲ့ မြင်းနှစ်ကောင် (The Couple စာအုပ်တိုက်၊ ၂ဝဝ၅၊ စက်တင်ဘာ)
  • ပညာရှင်များရဲ့ နှစ်ဆယ့်တစ် ရာစု (မျိုးဆက်သစ် စာပေ၊ ၂ဝဝ၃)
  • ပင့်ကူအိမ် လူ့အဖွဲ့အစည်း (Plastic Rainbow Book Publication၊ ၂ဝဝ၃၊ မတ်)
  • ယဉ်ကျေးမှုများ တိုးတိုက်မိခြင်းနှင့် မဟာ ပြိုကွဲမှုကြီး (UNITY စာအုပ်တိုက်၊ ၂ဝဝ၂၊ ဒီဇင်ဘာ)
  • ရာဇဝင် တွင်ရစ်မယ့် စကားဝိုင်းများ (Plastic Rainbow Book Publication၊ ၂ဝဝ၄၊ ဇူလိုင်)
  • လူများ၊ ဖြစ်ရပ်များနှင့် တူရှုချက်များ (နိုင်ငံတကာ အိုင်ဒီယာ မိတ်ဆက်) (သီဟရတနာ စာပေ၊ ၂ဝဝ၃၊ အောက်တိုဘာ)
  • လူများ၊ အိုင်ဒီယာများ၊ နိုင်ငံများနှင့် ခေတ်ရေစီး (ဖူးပွင့်ဝေဝေ စာအုပ်တိုက်၊ ၂ဝဝ၆၊ ဧပြီ)
  • သူတို့ အမြင် သူတို့ အပြော (ပန်းသက်တံ စာပေ၊ ၂ဝဝ၄၊ ဒီဇင်ဘာ)
  • သူတို့ အက်ဆေး (အမေရိကန် အင်္ဂလိပ်စာ မိတ်ဆက်) (ကွန်သာယာ၊ ၂ဝဝ၃၊ မတ်)
  • အတောင်ပါသော စကားလုံးများ (Plastic Rainbow Book Publication၊ ၂ဝဝ၃၊ မေ)
  • အာရှ စီးပွားရေး အနှစ် လေးဆယ်
  • ဦးနှောက် မုန်တိုင်း ဆင်ခြင်း (ပင်နီ စာအုပ်တိုက်၊ ၂ဝဝ၄၊ ဇန်နဝါရီ)
  • အက်ဆေးဆရာရဲ့ ဖြတ်သန်းခြင်း (နိုင်ငံတကာ အက်ဆေးများ) (UNITY စာပေ၊ ၂ဝဝ၅၊ နိုဝင်ဘာ)
  • နောက်လာမယ့်လူ့အဖွဲ့အစည်း(အခွင့်အလမ်းစာအုပ်တိုက်၊ ၂၀၀၉)

ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု - ပထမပိုင်း (တကောင်းစာအုပ်တိုက်၊ ၂၀၁၇ ဩဂုတ်လ)

  • ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု - ဒုတိယပိုင်း (တကောင်းစာအုပ်တိုက်၊ ၂၀၁၈ မေလ)
  • ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု- တတိယပိုင်း (တကောင်းစာအုပ်တိုက်၊ ၂၀၁၉ ဇူလိုင်လ)

[၁]

  • သမိုင်းထဲက ပုဂံ ပုဂံထဲက သမိုင်း (၂၀၁၁) [၂]

ရည်ညွှန်း[ပြင်ဆင်ရန်]

  1. ၂ဝဝ၇ စက်ဘာလထုတ် The Waves မဂ္ဂဇင်း 7/07 မှာ ပါရှိတဲ့ ဖေဆန်းရဲ့ "ဆရာ ကျော်ဝင်း သုတေသီလား၊ ဂျာနယ်လစ်လား"
  2. ကျော်ဝင်း (ဖေဖော်ဝါရီလ၊ ၂၀၁၁)။ သမိုင်းထဲက ပုဂံ ပုဂံထဲက သမိုင်း။ ပထမအကြိမ်။ အမှတ် - ၇၊ ၇ - လွှာ၊ ၁၅ လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။: တကောင်းစာအုပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
  1. ကျော်ဝင်း အင်တာဗျူး - ရဲမိုးနှင့် အောင်ဇော်မြင့်
  2. ဒုတိယ အတွေး - ကျော်ဝင်း၊ ကျော်မွှေး စာပေ၊ ၂ဝဝ၇၊ ဖေဖော်ဝါရီ။