ကျော်ငြိမ်း၊ ဦး(ပန်းပု)

ဝီကီပီးဒီးယား မှ

ဦးကျော်ငြိမ်း(ပန်းပု)၁၉၁၃-၁၉၉၈[ပြင်ဆင်ရန်]

မန္တလေးမြို့မှ ထင်ရှားသော ပန်းချီပန်းပု ပညာရှင်ကြီးဖြစ်သည်။ ၁၉၁၃-ခုနှစ်၊ ဒီဇင်ဘာလတွင် အဖဦးဒေါန၊ အမိ ဒေါ်မိန်းကလေးတို့က မန္တလေး၊ တမ္ပဝတီ ထီးတန်းရပ်၌ မွေးဖွားခဲ့သည်။ ၁၂-နှစ်အရွယ်တွင် တောင်ရွာသစ် ဦးလှမောင်ထံ၌ ရုပ်လုံးပညာ၊ ၁၅-နှစ်အရွယ်တွင် ဆရာဦးစောမောင်ထံ ပန်းချီပညာများ စတင်သင်ယူခဲ့သည်။ ၁၆-နှစ်အရွယ်တွင် တမ္ပဝတီ ဆရာချစ်ထံ၌ ကနုတ်ပန်းချီ၊ ဒီဇိုင်းပညာ သင်ကြားခဲ့သည်။ ထို့နောက် အဘိုးလေးတော်စပ်သည့် တံခွန်တိုင် ဦးလှမောင်ထံ၌ အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၄၅-ခုနှစ်၊ ရန်ကုန်၌ရှိသော ဗိသုကာ ဆရာဆိုင် ညီအစ်ကိုများဖြစ်သည့် ဦးသက်တင်၊ ဦးဘသင်တို့ ထံ၌ ၁၉၄၇-ခုနှစ်ထိ အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၄၇-ခုနှစ် အိမ်ထောင်ကျအပြီးတွင် ကိုယ်ပိုင် ဗိသုကာ လုပ်ငန်းကို မန္တလေး၌ စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၆၂-ခုနှစ်၊ မန္တလေး ပန်တျာကျောင်း၌ ပန်းပုနည်းပြအဖြစ် တာဝန်ထမ်းတောင်ခဲ့ပြီး ၁၉၆၄-၁၉၆၅ တွင် ပီကင်းဗဟို အနုပညာသိပ္ပံ၌ တစ်နှစ်ပညာ ဆည်းပူးခဲ့သည်။ ၁၉၇၇-ခုနှစ်တွင် ပန်တျာကျောင်းမှ အနားယူခဲ့သည်။ ၁၉၆၇-ခုနှစ်တွင် ကနေဒါနိုင်ငံ မွန်ထရီရယ်ပြပွဲ မြန်မာပြခန်းဆောင်၊ ၁၉၇၀-ခုနှစ်တွင် ဂျပန်အိုဆာကာ ပြပွဲ မြန်မာပြခန်းဆောင်၊ ပုဂံ သီရိပစ္စယာဟိုတယ် ထမင်းစားဆောင်၊ မန္တလေး မန်းသူရိန်ခန်းမ၊ ပန်တျာကျောင်းရှေ့ရှိ စိန်ဗေဒါကြေးရုပ်တုတို့မှာ ထင်ရှားသော လက်ရာများ ဖြစ်သည်။ ဇနီးမှာ ဒေါ်ဦးဇွန်းဖြစ်၍ သားတစ်ယောက်ရှိရာ ဦးဝင်းမောင်(တမ္ပဝတီ) ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. နေထွတ်၏ မန္တလေး အဘိဓာန်