ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ
ပုံပန်းသွင်ပြင်
ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ[၁] (အင်္ဂလိပ်: Diaoyutai State Guesthouse;ရိုးရှင်းတရုတ်: 钓鱼台国宾馆; ရိုးရာတရုတ်: 釣魚台國賓館; ပင်ယင်: Diàoyútái Guóbīnguǎn)သည် ပေကျင်းမြို့ရှိ သမိုင်းဝင် ဟိုတယ်နှင့် ဧည့်ဂေဟာဖြစ်သည်။ အဆောက်အဦးများ၊အိမ်တော်များနှင့် ဥယျာဉ်များစွာ ပါဝင်သည်။ဤဧည့်ဂေဟာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ၁၀နှစ်ပြည့်အဖြစ် ၁၉၅၉ခုနှစ်တွင် ပေကျင်းမြို့တွင် တည်ဆောက်ခဲ့သော အထိမ်းအမှတ်၁၀ခုအနက် တစ်ခုဖြစ်သည်။
ဤဧည့်ဂေဟာကို နိုင်ငံတကာမှ အဆင့်မြင့်ဧည့်သည်တော်များ၊ တရုတ်နိုင်ငံတွင်းမှ ပြည်နယ်အစိုးရအရာရှိများအတွက် အသုံးပြုသည်။ဂေဟာ၏အမည် ကျောက်ယုထိုင်မှာ ငါးမျှားရာနေရာဖြစ်ပြီး ဧကရာဇ်ဇောင်ဇန်း နှစ်သက်ခဲ့သည့် ငါးမျှားရာနေရာဖြစ်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ရောက်ရှိ"၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ၁၈ ဩဂုတ် ၂၀၁၆။ 17 August 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 17 August 2019။ "မြန်မာပြန်ထားသည့် ဧည့်ဂေဟာ၏အမည်ကို တွေ့နိုင်သည်။"
ပြင်ပလင့်ခ်
[ပြင်ဆင်ရန်]- တရားဝင်ဝက်ဘ်ဆိုက် Archived 22 October 2019 at the Wayback Machine.