ကျောက်ခေတ်ဟောင်း မြန်မာနိုင်ငံ

ဝီကီပီးဒီးယား မှ
သမိုင်းမတင်မီခေတ်
သံခေတ်
  ကြေးဝါခေတ်နှောင်း  
  ​ကြေးဝါခေတ်လယ်
  ကြေးဝါခေတ်ဦး
ကြေးဝါခေတ်
    ကြေးနီခေတ်    
  ကျောက်ခေတ်သစ်
ကျောက်ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်နှောင်း  
    ကျောက်ခေတ်ဟောင်း ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်ဦး
  ကျောက်ခေတ်ဟောင်း
ကျောက်ခေတ်
ကျောက်ခေတ်ဟောင်း

ကျောက်လွှာ တွေရဲ့ သမိုင်းကို ကျွမ်းကျင်တဲ့ ကျောက်ဆရာ တွေက ဒီကမ္ဘာကြီး ဟာ အရင် အနှစ် ကုဋေ ၆၀၀ဝ က စပြီး ပေါ်လာ တယ်လို့ ဆိုပါတယ်။ သစ်ပင်နဲ့ လူ၊ သတ္တဝါ စတဲ့ 'သက်နေ' တွေ၊ အရင် အနှစ် ကုဋေ ၅၀ဝ က စပြီး ပေါ်ပေါက် ခဲ့ပါတယ်။ အခု 'မြန်မာ' လို့ ခေါ်နေ ကြတဲ့ မြေနေရာ ကတော့ 'သက်နေ' မပေါ်ခင် ကဘဲ ရှိပြီး ဖြစ်ပါတယ်။ အလွယ် ပြောရရင် အခု မြစ်ကြီးနား ကနေ ကယား ပြည်နယ် အထိပဲ ကုန်းတန်း ရှိပါ သေးတယ်။ အခု ဧရာဝတီ မြစ်ဝှမ်း ပေါ်၊ မပေါ် အသေအချာ မပြောတတ်ပါ။ မိုးရေ တိုက်စားတယ်၊ အနယ် ထိုင်တယ် ဆိုတာတွေ ရှိမယ်။ ပြီးတော့ မီးတောင် ပေါက်ပြီး ငလျင် အကြီးအကျယ် လှုပ်လို့ မြေအနေအထား ပြောင်းမယ်၊ ဆိုလို တာက အရင်က ပင်လယ်ပြင်မှာ ကျွန်းပေါ်၊ ကျွန်းပေါ်မှာ တောင်ပေါက်၊ တောင်ကြားမှာ ချောင်းစီး ဆိုတာ မျိုးတွေ ဖြစ်မယ်။ ခေတ်အခါ ကတော့ အရင် အနှစ် ကုဋေ ရ၀ဝ က ၈၀ဝ အတွင်း ဖြစ်ပွား ခဲ့တာ ဖြစ်တယ်။


အရင်အနှစ် ကုဋေ ၅၀ဝက ကုန်းမြေ ဖြစ်ထွန်း ပြီးသား နေရာတွေ ရေနစ် ပြန်တယ်။ ကျွန်းငယ် ကလေးတွေပဲ ကျန်ခဲ့တယ်။ ဒီ ကျွန်းငယ်တွေ ထဲမှာ အကြီးဆုံး ကျွန်းက အခု ပတ္တမြားမြေ ဖြစ်တယ်။ နောက် ကျွန်းငယ်ကလေး သုံးခုက လားရှိုး၊ လွိုင်လင်နဲ့ လွိုင်ပန် နေရာတွေ ဖြစ်တယ်။ တောင်ဘက်မှာ လောက်ဆောက် နေရာလည်း ကျွန်းတခု ဖြစ်ပါတယ်။ အခု မိုးဗြဲနဲ့ မိုးနဲ အရပ်တွေ ထဲမှာလည်း ကျွန်းတကျွန်း ရှိတယ်။ အခု ကယား ပြည်နယ် ပုံချောင်း အရပ်လည်း ကျွန်းပဲ။ ကျွန်းငယ်ကလေး တွေကို အခု ရမည်းသင်းနဲ့ ပျဉ်းမနား တဝိုက် မှာလည်း တွေ့မှာ ဖြစ်ပါတယ်။ မြောက်ပိုင်းမှာ ဧရာဝတီ မြစ်ကျဉ်း နေရာလည်း ကျွန်းငယ် ကလေးတွေ ဖြစ်ပါတယ်။


ကျွန်းငယ်တွေ ပတ်လည်ရှိ ပင်လယ် ရေတိမ်မှာ ကျောရိုးမဲ့ သတ္တဝါ တွေကို စတင် တွေ့ရှိ လာပါတယ်။ ဒီပင်လယ် ရေတိမ်တွေဟာ ရှေးနှစ်ပေါင်း ကုဋေ ကုဋာ ကပဲ တည်ရှိပြီး၊ အရင် အနှစ် ကုဋေ ၄၀၅ ရောက်ခါမှ ရှမ်းပြည်နယ် ပေါ်ထွန်း လာခဲ့တယ်။ တောင်တန်းကြီး တွေလည်း ပေါ်လာ ပါပြီ။ အရင် အနှစ် ကုဋေ ၄၀ဝ ကို ရောက်တော့ မြေပြင်တွေ ရေမှာ နစ်ပြန်လို့ ပင်လယ်ကြီးတွေ ဖြစ်လာ ပြန်တယ်။ ဒါပေမဲ့ ကျွန်းကြီးတွေ ကျန်ရစ် ခဲ့တယ်။ ရာသီ ဥတုက ခုထက် ပူလို့ သန္တာ ကျောက်တန်းတွေ ပေါ်ပေါက် လာတယ်။ ယခင် အနှစ် ကုဋေ ၂၅ဝ က သိပ်ပြင်းထန်တဲ့ မြေငလျင် တွေကြောင့်၊ မြန်မာ မြေပြင်ဟာ တကြိမ် ပြန်ပြီး ပေါ်ထွန်း ပါတယ်။ ရှမ်းကုန်း မြေမြင့်မှာ တောင်ရိုးတွေ၊ တောင်ထိပ်တွေ၊ မြစ်ဝှမ်း ကလေးတွေကို အခု အနေအထား အတိုင်း စတင် တွေ့ရှိ ရပါတယ်။ မြေဩဇာ ညံ့လို့ ထူထပ်တဲ့ သစ်တောတွေ မရှိသေးပါ။ အပင်ငယ်တွေ ထင်းရှူးပင် တွေနဲ့ ကိုင်းတော တွေသာ များပါတယ်။


အရင် အနှစ် ကုဋေ ၂၃ဝ က ကုဋေ ၇ဝ အတွင်းမှာ တောင်ကြီးတွေ ပေါ်လောက်အောင် ပြင်းထန်တဲ့ မြေငလျင် တွေကြောင့် ရှမ်းပြည်နယ်ရှိ ထုံးခြောက် တောင်တွေ အများကြီး တွန့်ခေါက် သွားရတယ်။ ဒီလို ပြင်းထန်တဲ့ လှုပ်ရှားမှု တွေကြောင့်၊ တွားသွား သတ္တဝါ ကြီးတွေ သေကြေ ပျက်စီး ပျောက်ကွယ် သွားတယ်။ အရင် အနှစ် ကုဋေ ၁၆ဝ က စပြီး တနင်္သာရီ ကမ်းမြောင် ဒေသ ထင်ထင်ရှားရှား ပေါ်ပေါက် လာတယ်။ အရင် အနှစ် ကုဋ ၆ဝ က စပြီး ရခိုင် ရိုးမလည်း ထင်ထင်ရှားရှား ပေါ်လာတယ်။ မီးတောင် ပေါက်ကွဲ တာကြောင့် ဝန်းသိုနဲ့ မုံရွာ တဝိုက် မှာလည်း ကျွန်းဆက်တွေ ပေါ်ခဲ့တယ်။ အရင် နှစ်ပေါင်း ကုဋေ ၄ဝ က စပြီး နုန်းမြေ အနည်ထိုင်လို့ မင်းကွန်း၊ မန္တလေး ဒေသ ပေါ်လာတယ်။ နောက်ဆုံး ငလျင် အကြီးအကျယ် လှုပ်တာက အရင် အနှစ် ၁ဝ ကုဋေကြ ဖြစ်ပါတယ်။ ဒီငလျင်ကြီး တွေကြောင့် ပင်လယ် ကမ်းရိုးတန်းလည်း တောင်ဘက်ကို တဖြည်းဖြည်း ကျယ်လာတယ်။ မြန်မာ အလယ်ပိုင်းဟာ မြေပြန့် ဖြစ်ပါတယ်။ မြစ်ကြီး တွေက သယ်ယူ ပို့ချပေးလို့ မြစ်ဝှမ်း တလျှောက်ရှိ ကျောက်တုံးတွေ၊ သဲတွေ၊ ညွှန်တွေဟာ တောင်ဘက် ပင်လယ်အော် တွေကို ရောက်လာ ပါတယ်။


မုံရွာရဲ့ အနောက်ဘက်၊ ရွှေဘိုရဲ့ အရှေ့ဘက် ဒေသ တွေမှာ မီးတောင်တွေ ပေါက်ကွဲလို့ တောင်ရိုးငယ် ကလေးတွေ ပေါ်လာ ပါတယ်။ ပုပ္ပားတောင်လည်း ဒီအချိန်ကပဲ ပေါ်တယ်လို့ ထင်ပါတယ်။ နို့တိုက် သတ္တဝါကြီး တွေရဲ့ ရုပ်ကျွင်း တွေကို မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ တွေ့နိုင် ပါတယ်။ အရင် အနှစ် ၁ ကုဋေ လောက်က သတ္တဝါ တွေမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ် လာတယ်။ ဒီပြောင်းလဲတွေ အများကြီး ဖြစ်ပေါ် လာတယ်။ ဒီပြောင်းလဲ ပုံကို လိပ်၊ မိကျောင်း၊ ကျွဲနဲ့ ဆင် သတ္တဝါ တွေမှာ ပိုပြီး ထင်ထင်ရှားရှား တွေ့နိုင်တယ်။ နောက်အခါမှာ နွား၊ မြင်း၊ တောင်ဆိတ်၊ ဒရယ်တွေ မှာလည်း အများကြီး ပြောင်းလဲတာ တွေ့ပါတယ်။ အရင် အနှစ် ၁ ကုဋေက အနှစ် ၅ သိန်း အတွင်းမှာ ဧရာဝတီ မြစ်ဝှမ်းဟာ မိုးစွေကာလ မိုးပါး ကာလကို လိုက်ပြီး မြစ်ကမ်းဟာ အဆင့် ငါးဆင့်ထိ ဖြစ်ပေါ် ခဲ့ပါတယ်။ မိုးရေ အနည်းအများ ရှိတယ် ဆိုတာက မိုးစွေတဲ့ခေတ်၊ မိုးပါးတဲ့ခေတ် ငါးကြိမ်စီ ပေါ်ခဲ့လို့ ဖြစ်တယ်။ အခု မြန်မာ နိုင်ငံမှာ တွေ့ရှိရတဲ့ ရာသီ ဥတုဟာ မိုးပါးခေတ် ရာသီ ဥတု ဖြစ်ပါတယ်။ အရင် အနှစ် ၁ သောင်း ၁ ထောင်က ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။


ကမ္ဘာ မြေပြင်မှာ လူသတ္တဝါ စတင် ပေါ်ပေါက်တဲ့ အခါ ကပဲ၊ လူလည်း တခြား သတ္တဝါ တွေလိုပဲ အချိန်ရှိ သရွေ့ ကိုယ်စားဖို့ အစာကို ကိုယ့်ဘာသာ ရှာစား နေရတယ်။ အဲဒီခေတ် ကာလကို အကြို သမိုင်းခေတ်လို့ ခေါ်ပါတယ်။ လူတွေက သဘာဝ အတိုင်း အလိုလို လောင်နေတဲ့ မီးကို ယူငင် သုံးစွဲ တတ်လာတယ်။ နောက်တော့ ကိုယ်တိုင် မီးမွေး တတ်တယ်။ လူရဲ့ ဘဝနဲ့ တိရစ္ဆာန် ရိုင်းရဲ့ ဘဝမှာ အဲဒါက လွဲရင် ဘာမျှ သိပ်ပြီး မကွာခြားပါ။ အဲဒီက တဆင့် တက်ပြီး လူတွေက ကျောက်တုံးကို လိုသလို ပုံစံ ကျအောင် ဖဲ့ပြီး လက်နက် အဖြစ် အသုံး ချလာတယ်။ လူတွေကို လက်နက် လုပ်တတ်တဲ့ သတ္တဝါ တွေလို့ ခေါ်နိုင် ပါတယ်။


ရှိသမျှ တိရစ္ဆာန်တွေ ထဲမှာ လူပဲ လက်နက် လုပ်တတ် ပါတယ်။ လုပ်သမျှ လက်နက်တွေ ကလည်း ကျောက်တုံး တွေသာ ဖြစ်တယ်။ ဒါကြောင့် လူ့သမိုင်း အစကို မှတ်သား ရတာ လွယ်အောင် ကျောက်ခေတ်လို့ နာမည် ပေးထားတယ်။ ကျောက်ခေတ် မှာလည်း လက်နက် အညံ့က အကောင်း ဖြစ်အောင် တိုးတက် လာလို့ ခေတ်သုံးခေတ် ရှိတယ်လို့ မှတ်ပါ။ အရင် အနှစ် ၁ ကုဋေက အရင် အနှစ် ၁ သောင်း ၂ ထောင် အထိကို ကျောက်ခေတ် ဟောင်းလို့ ခေါ်တယ်။ စောစောက လက်နက်ကြမ်းပဲ ဖြစ်တယ်။ နောက် နည်းနည်း ကောင်းလာတယ်။ အရင် အနှစ် ၁ သောင်း ၂ ထောင်က အရင် အနှစ် ၉ ထောင်ကို ကျောက်ခေတ် လယ်လို့ ခေါ်ပါတယ်။ အချော ကိုင်တတ်လို့ လက်နက် ကောင်းတွေ ပေါ်လာတယ်။ အရင် အနှစ် ၉ ထောင်က အရင် အနှစ် ၅ ထောင် ၅ ရာကို ကျောက်ခေတ် သစ်လို့ ခေါ်ပါတယ်။


လူသတ္တဝါရဲ့ အစကို အခြေခံလို့ ရတဲ့ သတ္တဝါကို ပရိုင်းမိတ်လို့ ခေါ်တယ်။ နောင်အခါ လူဖြစ်မယ့် အစ သတ္တဝါရဲ့ ကျောက်ဖြစ် ရုပ်ကျွင်းကို ပုံတောင် ပုံညာမှာ တွေ့ပါတယ်။ အရင် အနှစ် ၄ ကုဋေက တိရစ္ဆာန် ဆိုတော့ လူနဲ့ နီးစပ်တာ အံသွားမှာ အစာ ချေဖို့ ဘုလေးခု အစား ငါးခု၊ ဒါပဲ ရှိတယ်။ အကောင်ရဲ့ အရွယ်က မျောက်လွှဲကျော် လောက်ပဲ ရှိမယ်။ အဲဒီက စတဲ့ လူဆင့်ကဲ ဖြစ်စဉ်ကို အခု ဒီမှာ ရှင်းပြဖို့ နေရာ မရှိပါ။ လူ စပေါ်တာက အရင် အနှစ် ၁ သန်းက ပဲလို့ လွယ်လွယ် မှတ်ပါ။ လူဟာ သတ္တဝါတွေ ထဲမှာ အားအနည်းဆုံး၊ ဒါကြောင့် လက်နက်ကို သုံးရတယ်။ တိရစ္ဆာန် မှာလည်း လက်နက် သုံးတဲ့ သဘော ရှိတယ်။ လူက လက်နက် လုပ်တတ်တယ်။ လက်နက်ကို ကောင်းကောင်း သုံးတတ်လို့ လိုချင်တဲ့ ပစ္စည်းကို ထုတ်လုပ် နိုင်တယ်။ ကြီးသူက ငယ်သူကို ပညာ ပေးနိုင်တယ်။ လူဓလေ့ ထုံးစံ ပေါင်းသင်း ဆက်ဆံရေး စည်းကမ်း တွေကို သတ်မှတ်တယ်။ နောင်အခါ လူ ဖြစ်မယ့် တိရစ္ဆာန် တွေဟာ ခြေစုံရပ်ပြီး လူ လမ်းလျှောက် သလို လျှောက်နိုင်ပေမဲ့ ဦးနှောက်က သေးငယ် သေးတယ်။ အဲဒါကြောင့် တွေးခေါ် မှတ်သားဖို့ မလွယ်ဘူး။ ပြောဆို သင်ကြား ဖို့လည်း မဖြစ် နိုင်ဘူး။ နောင်အခါ ဦးနှောက် ကြီးထွား လာတော့မှ လူစစ်စစ် ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲ လာတာကို ဆင့်ကဲ ပြောင်းလဲခြင်းလို့ ခေါ်တယ်။ လူဖြစ်အောင် ပေါ်လာရတဲ့ ဆင့်ကဲ ပြောင်းလဲခြင်းကို အာဖရိကမှာ သက်သေ အထောက်အထား အများဆုံး ရှာဖွေ တွေ့ပါတယ်။ ဒါပေမဲ့ ဒီ အဖြစ်အပျက်ဟာ 'ဟိုက အစ' လို့ ပြောဖို့ထက် နေရာတွေ အများကြီးမှာ ဒါမျိုး တွေ့နေတာ ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။


ကျောက်ခေတ်ဟောင်း ကာလကို အစောပိုင်း၊ အလယ်ပိုင်းနဲ့ အနှောင်းပိုင်းလို့ သုံးပိုင်း ခွဲပါတယ်။ အစောပိုင်းမှာ အရင် အနှစ် ၁ ကုဋေက၊ အရင် အနှစ် ၁ သိန်း ၅ သောင်း အထိ ကြာတယ်။ အလယ်ပိုင်းက အရင် အနှစ် ၁ သိန်း ၅ သောင်းက၊ အရင် အနှစ် ၃ သောင်း ၅ ထောင်ထိ ကြာတယ်။ အနှောင်း ကာလ ကတော့ အရင် အနှစ် ၃ သောင်း ၅ ထောင်က၊ အရင် အနှစ် ၁ သောင်းထိ ကြာပါတယ်။ အဲဒီ ကာလ သုံးမျိုးမှာ မတ်တတ် လျှေက်လူ၊ ခေတ်ဦး လူနှင့် ခေတ်လူ ဆိုပြီး လူကို စွဲပြီး မှတ်သားလေ့ ရှိပါတယ်။ မတ်တတ်စ ပြီးလျှောက်တဲ့ လူတွေကို (Homo erectus) မတ်ရပ်လူ၊ ခေတ်ဦး လူတွေကို (Homo sapiens) လူလိမ္မာ၊ ခေတ်လူ တွေကို (Homo sapiens sapiens) လူကျော်လို့ ခေါ်ပါတယ်။


Homo က 'လူ' လို့ အဓိပ္ပာယ် ရပြီး Sapiens 'ဉာဏ်ရှိတယ်' လို့ အဓိပ္ပာယ် ရတယ်။ ဒါကြောင့် အလွယ်တကူ ပြောနိုင် ခေါ်နိုင်အောင် Homo sapiens ကို ဉာဏ်လူ၊ Homo sapiens sapiens ကို 'ဉာဏ်ကြီးရှင်' လို့ပဲ ခေါ်ချင် ပါတယ်။[၁]

ဆက်စပ်လေ့လာဖွယ်ဆောင်းပါး[ပြင်ဆင်ရန်]

ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၀၄ ခု၊ ဇူလိုင်လမှာ ပထမ အကြိမ် မုံရွေး စာအုပ်တိုက် အမှတ်စဉ် (၁၃၄) အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဒေါက်တာ သန်းထွန်းရဲ့ 'မြန်မာ့ သမိုင်းပုံ' Myanmar History Told in Pictures စာအုပ်မှ "ကျောက်ခေတ်ဟောင်း" အခန်း