ကြေးနီခေတ်
Jump to navigation
Jump to search
'ကြေးနီခေတ် (Chalcolithic Age) ကို ယဉ်ကျေးမှု သမိုင်းစဉ်တွင် ခရစ်မပေါ်မီ နှစ်ပေါင်း ၄၅၀၀ မှ ၃၀၀၀ အတွင်းဟု ပိုင်းခြားသတ်မှတ်သည်။ ကြေးနီကို လက်နက် ကိရိယာအဖြစ် အစပြု၍ ပြုလုပ်သုံးစွဲခဲ့ကြသော ခေတ်ဖြစ်လေသည်။ ထိုခေတ်တွင် အရှေ့အလယ်ပိုင်းနိုင်ငံများ စည်ပင်၍ အများနှင့်ဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ကြသည်။ အိုးခွက်များကို အလှအပချယ်သည်။ ခရစ်မပေါ်မီ နှစ် ၃၅၀၀ တွင် အရေးအသားပေါ်လာ၍ မှန်ကန်ခြင်း၊ စင်ကြယ်ခြင်းဟူသော သဘောတရားများကို ဆွေးနွေးလာခဲ့ကြသည်။ အသီးအနှံနှင့် ကောက်ပဲတို့ကို ပဓာန စားသောက်ကြသည်။ [၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ လှသမိန် ၏ ဗဟုသုတစွယ်စုံ