ကျူရီအောစီတီး အင်္ဂါဂြိုဟ် လေ့လာရေးယာဉ်

ဝီကီပီးဒီးယား မှ
နာဆာတွင် တွေ့ရသည့် ကျူရီအောစီတီး

ကျူရီအောစီတီး အင်္ဂါဂြိုဟ် လေ့လာရေးယာဉ် သည် အမေရိကန် ပြည်ထောင်စုမှ အင်္ဂါဂြိုဟ်ပေါ်သို့ လွှတ်တင်ထားသည့် ပုံမှန်ကားတစ်စင်းအရွယ်ရှိ စူးစမ်းလေ့လာရေးယာဉ်ဖြစ်သည်။ ယင်းလေ့လာရေးယာဉ်သည် နျူကလီယာစွမ်းအင်ဖြင့် လည်ပတ်သည့် ရွေ့လျားနိုင်သော အသေးစား ဓာတ်ခွဲခန်း တစ်ခုလည်း ဖြစ်သည်။ နာဆာ အာကာသနှင့် လေကြောင်း ဦးစီးဌာန၏ အင်္ဂါဂြိုဟ် သိပ္ပံဓာတ်ခွဲခန်း (Mars Science Laboratory, MSL) အစီအစဉ်တွင် ပါဝင်သည်။ MSL ၏ အဓိက ရည်မှန်းချက်မှာ အင်္ဂါဂြိုဟ်၏ ရာသီဥတုနှင့် ပထဝီ အနေအထားကို လေ့လာရန်နှင့် အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိမရှိ အပါအဝင် တချိန်တခါက သက်ရှိများ နေထိုင်ခဲ့ခြင်း ရှိမရှိ အထောက်အထားများကို စူစမ်းရှာဖွေရန် ဖြစ်သည်။ ကျူရီအောစီတီးကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လွှတ်တင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် အင်္ဂါဂြိုဟ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]