မာတိကာသို့ ခုန်သွားရန်

ကျိုတိုသတင်းအချက်အလက်နည်းပညာကောလိပ်

ဝီကီပီးဒီးယား မှ
ကျိုတိုသတင်းအချက်အလက်နည်းပညာကောလိပ်
The Kyoto College of Graduate Studies for Informatics
京都情報大学院大学
အမျိုးအစားPrivate internet technology professional school
တည်ထောင်2004
ဥက္ကဋ္ဌShinji Tomita[၁]
တည်နေရာKyoto-shi, Kyoto-fu, Japan
နှီးနွယ်အဖွဲ့အစည်းများKyoto-fu Joho Sangyo Kyokai 京都府情報産業協会 [၁], Japan (Nippon) Association for Information Sciences (NAIS) [၂]
ဝဘ်ဆိုဒ်http://www.kcg.edu/[၃]

ကျိုတိုသတင်းအချက်အလက်နည်းပညာကောလိပ် (KCGI)[၂] သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် နည်းပညာကောလိပ်တစ်ခု ဖြစ်သည်။ ဤကောလိပ်တွင် အသုံးချနည်းပညာမဟာဘွဲ့ (M. S. IT) ကို ပေးအပ်သည်။ ကျောင်းသည် ဝဘ်အခြေခံစီးပွားရေးနည်းပညာနှင့် ဝဘ်စနစ်များတီထွင်ဖန်တီးခြင်းများကို သင်ကြားပြသပေးလျက်ရှိသည်။

တည်နေရာ[ပြင်ဆင်ရန်]

ကောလိပ်၏ ပင်မကျောင်းသည် ကျိုတိုဘူတာအနီးရှိ ကျိုတိုကွန်ပျူတာအကယ်ဒမီ ဖြစ်သည်။ ကွန်ပျူတာဂရပ်ဖစ်ဌာနသည် ခမိုဂဝကျောင်းဝန်းတွင် တည်ရှိပြီး ကွန်ပျူတာသတင်းအချက်အလက်ဌာနသည် ရခုဟိုခုကျောင်းဝန်းတွင် တည်ရှိသည်။ KCGI သည် ကျိုတိုမြို့၊ ဆခယောရပ်ကွက်ရှိ ဟယခုမန်းဘန်းအဆောက်အဦတွင် တည်ရှိသည်။ KCG group တွင်လည်း ကျိုတိုဂျပန်ဘာသာစကားလေ့ကျင့်ရေးစင်တာ (KJLTC) တည်ရှိသည်။

KCG သည် နယူးယောက်မြို့နှင့် ဘေဂျင်းမြို့တွင်လည်း ကျောင်းများ တည်ရှိသည်။ ၂၀၀၂ ခုနှစ်တွင် တရုတ်နိုင်ငံ ပါလီမန်စာကြည့်တိုက်တွင် ရုံခန်းဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံရှိ အိုင်တီဆိုင်ရာပညာရေးများကို ထောက်ပံ့ရန်နှင့် တရုတ်နိုင်ငံရှိ တက္ကသိုလ်များအား ပညာရေးဆိုင်ရာအခြေခံစနစ်များ ထောက်ပံ့ပေးရန် ဆောင်ရွက်လျက်ရှိသည်။ ၂၀၀၀ ခုနှစ်တွင် KCG သည် နယူးယောက်မြို့ရှိ World Trade Center တွင် ရုံးခန်းဖွင့်လှစ်ခဲ့သည်။ စက်တင်ဘာလ ၁၁ ရက်နေ့ တိုက်ခိုက်ခံရပြီးနောက်တွင် ရုံးခန်းကို Rockefeller Center သို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကျိုတိုသတင်းအချက်အလက်နည်းပညာကောလိပ် (KCGI) ကို ၂၀၀၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ကျိုတိုကွန်ပျူတာအကယ်ဒမီ (KCG)၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိသည့် ကျောင်းဖြစ်သည်။ (KCG) ကို ၁၉၆၃ ခုနှစ်တွင် ခဆုခိုနှင့် ရှိဂဲအိုဟဆဲဂဝတို့က တည်ထောင်ခဲ့သည်။

KCG ၏ အဓိကအရေးအပါဆုံးပုဂ္ဂိုလ်မှာ ယခုဆိုဟဆဲဂဝ ဖြစ်သည်။ သူမသည် ကျိုတိုတက္ကသိုလ်မှ ရူပနက္ခတ္တဗေဒဘာသာရပ်ဖြစ် ဒေါက်တာဘွဲ့ကို ရရှိခဲ့သည့် ပထမဆုံးသောအမျိုးသမီးလည်း ဖြစ်သည်။ ယဆုခိုဟဆဲဂဝနှင့် ရှိဂဲအိုဟဆဲဂဝ (၁၉၈၆ တွင် သေဆုံး) တို့သည် IBM 709/7090 ကို လေ့လာရေးအစုအဖွဲ့တစ်ခုကို တည်ထောင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကျိုတိုတက္ကသိုလ်တွင် ငယ်ရွယ်သည့်ကျောင်းသားကျောင်းသူအဖွဲ့ဝင်များဖြစ်သည့် ဘွဲ့ရကျောင်းသားများနှင့် သုတေသနပြုသူများကို သင်ကြားပြသပေးခဲ့သည်။ ၎င်းတို့၏ လုပ်ဆောင်မှုများကို "Fortran Research Seminar" ဟု ခေါ်ဆိုခဲ့ကြပြီး ကွန်ပျူတာပရိုဂရမ်းမင်းဘာသာရပ်တစ်ခုဖြစ်သည့် Fortran ၏ အသုံးချမှုများအကြောင်းကို သင်ပေးခဲ့သည်။ နောက်ပိုင်းတွင် ထိုလုပ်ဆောင်မှုများကို "Kyoto Software Research Seminar" ဟု အမည်ပြောင်းလဲခဲ့ပြန်သည်။ ၁၉၆၉ ခုနှစ်တွင် “ကျိုတိုကွန်ပျူတာအကယ်ဒမီ” (KCG) ဟူသည့် အမည်သို့ ပြောင်းလဲခဲ့သည်။

Kyoto Software Research Seminar တွင် ပြင်ပမှ လာရောက်တက်ရောက်ကြသည့် အဖွဲ့ဝင်အရေအတွက်သည် များပြားလာခဲ့သည်။ ၁၉၆၀ ခုနှစ်များနောက်ပိုင်းတွင် ဂျပန်နိုင်ငံတွင် ထုတ်လုပ်သည့်ကျွန်ပျူတာအရေအတွက်သည်လည်း များပြားလာခဲ့သည်။ "HITAC-10" ကဲ့သို့သော ကွန်ပျူတာများ ဖြစ်သည်။ ၎င်းကွန်ပျူတာများကို အသုံးပြုကာ ပရိုဂရမ်းမင်းသင်တန်းများကို လုပ်ဆောင်လာနိုင်ခဲ့ကာ ကျောင်းသားအရေအတွက်လည်း တိုးပွားလာခဲ့သည်။ နောက်ပိုင်းတွင် KCG သည် medium-scale ကွန်ပျူတာဖြစ်သည့် တိုရှီဘာ၏ TOSBAC3400 ကျွန်ပျူတာ၊ IBM ၏ main frame ကွန်ပျူတာများဖြစ်သည့် IBM 370, 4341, 3031 နှင့် large-scale ကွန်ပျူတာများဖြစ်သည့် UNIVAC 1100 နှင့် 1106 တို့ကို အသုံးပြုလာနိုင်ခဲ့သည်။

၁၉၈၃ ခုနှစ်တွင် တစ်ကိုယ်ရေသုံးကွန်ပျူတာများ အသုံးပြလာနိုင်သည့်အခါတွင် ကျောင်းသားများကို အခမဲ့ငှားရမ်းသည့်အစီအစဉ်ကို စတင်ခဲ့သည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

  • KCGI College website in Japanese.
  • KCGI College website in English

ကိုဩဒိနိတ်: 35°1′50.4″N 135°46′45.8″E / 35.030667°N 135.779389°E / 35.030667; 135.779389

ကိုးကား[ပြင်ဆင်ရန်]

  1. Prof. Tomita becomes the 4th President of KCGI။ The Kyoto College of Graduate Studies for Informatics (24 March 2023)။ 2023-10-07 တွင် ပြန်စစ်ပြီး။
  2. (in ဂျပန်) 京都情報大学院大学 | トップ