မာတိကာသို့ ခုန်သွားရန်

ကျိုတိုဘူတာ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 34°59′08″N 135°45′31″E / 34.98556°N 135.75861°E / 34.98556; 135.75861

ကျိုတိုဘူတာ

京都駅
Kyōto Station Building (Karasuma side)
Japanese name
Hiraganaきょうとえき
Kyūjitai京都驛
Shinjitai京都駅
ယေဘုယျ အချက်အလက်
တည်နေရာShimogyo-ku, Kyōto City
Kyōto Prefecture
Japan
စီမံခန့်ခွဲသူ
ဆက်သွယ်ထားမှုများBus interchange Bus terminal
အခြား အချက်အလက်များ
ဘူတာရုံ ကုဒ်K11, B01
Traffic
ခရီးသည် (FY2015[])255 million
တည်နေရာ
ကျိုတိုဘူတာ သည် ကျိုတိုမြို့ တွင် တည်ရှိသည်
ကျိုတိုဘူတာ
ကျိုတိုဘူတာ
ကျိုတိုမြို့အတွင်း တည်နေရာ
ကျိုတိုဘူတာ သည် Kyoto Prefecture တွင် တည်ရှိသည်
ကျိုတိုဘူတာ
ကျိုတိုဘူတာ
ကျိုတိုဘူတာ (Kyoto Prefecture)
ကျိုတိုဘူတာ သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ကျိုတိုဘူတာ
ကျိုတိုဘူတာ
ကျိုတိုဘူတာ (ဂျပန်နိုင်ငံ)


ကျိုတိုဘူတာ သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် အဓိကကျသည့် ဘူတာတစ်ခုဖြစ်သည်။ ဤဘူတာအဆောက်အဦသည် ဂျပန်နိုင်ငံရှိ ဘူတာများထဲတွင် နဂိုယဘူတာပြီးလျှင် ဒုတိယမြောက်အကြီးဆုံး ဘူတာအဆောက်အဦတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ ရုပ်ရင်ရုံများ၊ အစိုးရဝန်ဆောင်မှုရုံးများ စသည်တို့ပါဝင်သည့် အဆောက်အဦများထဲတွင် နိုင်ငံ၏ အကြီးဆုံး ဖြစ်သည်။ အဆောက်အဦသည် ၁၅ ထပ်အဆောက်အဦ ဖြစ်သည်။ ဤဘူတာတွင် ကျိုတိုမြို့လေကြောင်းဂိတ်တစ်ခုလည်း ၂၀၀၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်အနေ့အထိ တည်ရှိခဲ့ဖူးသည်။

ရထားလိုင်းများ

[ပြင်ဆင်ရန်]
Railroad map around Kyoto station

ကျိုတိုဘူတာတွင် အောက်ပါရထားလိုင်းများ ပြေးဆွဲလျက်ရှိသည်။

  • JR Central
    • တိုးခိုင်းဒိုးရှင်ခန်ဆန်
  • JR West
    • ဘိဝခိုလိုင်း (တိုးခိုင်းဒိုးလမ်းကြောင်း)
    • JR ကျိုတိုလိုင်း (တိုးခိုင်းဒိုးလမ်းကြောင်း)
    • ဆဂနိုလိုင်း (ဆန်းအင်းလမ်းကြောင်း)
    • နာရလိုင်း
  • ခင်တဲဆွတ်ရထားလမ်းကြောင်း
    • ကျိုတို/ ခရှိဟရလိုင်း
    • ကျိုတိုလိုင်း
  • ကျိုတိုမြို့ပတ်လမ်းကြောင်း
    • ခရဆုမလိုင်း

အထက်ပါရထားလိုင်းများအပြင် အောက်ပါရထားလိုင်းများသည်လည်း ကျိုတိုဘူတာကို ဖြတ်သန်းကာ ပြေးဆွဲလျက်ရှိသည်။

  • JR West
    • ခိုဆဲအိလိုင်း
    • ခုဆဆွတ်လိုင်း

JR West/ JR Central

[ပြင်ဆင်ရန်]

ခင်တဲဆွတ် (Kintetsu)

[ပြင်ဆင်ရန်]

ကျိုတိုမြို့ပတ် မြေအောက်ရထား

[ပြင်ဆင်ရန်]

ဘူတာပုံစံ

[ပြင်ဆင်ရန်]

မြေအောက်ရထားလမ်းကြောင်းတွင် လမ်းကြောင်းနှစ်ခုပါဝင်ပြီး အလယ်တွင် ပလက်ဖောင်းတစ်ခုပါဝင်သည့်ပုံစံ ဖြစ်သည်။

1 Karasuma Line for Takeda, Shin-Tanabe and Nara
2 for Shijō, Karasuma Oike, Kokusaikaikan

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
ပထမကျိုတိုဘူတာ
ဒုတိယကျိုတိုဘူတာ
တတိယကျိုတိုဘူတာ

၁၈၇၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် မီးရထားဆိုင်ရာအစိုးရအဖွဲ့သည် ခိုးဘေးမြို့မှ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် ကျိုတိုဘူတာသည် တည်ဆောက်နေဆဲဖြစ်သည်။ ဘူတာမဖွင့်လှစ်မီအထိ အိုးမိယဒိုအိုရိ (အိုးမိယလမ်း) ဘူတာကို ယာယီဘူတာအနေဖြင့် အသုံးပြုထားသည်။ ပထမဆုံးသော ကျိုတိုဘူတာကို ၁၈၇၇ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[]

လက်ရှိကျိုတိုဘူတာကို ၁၉၉၇ ခုနှစ်တွင် ကျိုတိုမြို့ ၁၂၀၀ နှစ်ပတ်လည်အမှတ်တရအနေဖြင့် ဖွင့်လှစ်ခဲ့သည်။ ဤဘူတာသည် အမြင့် ၇၀ မီတာရှိပြီး အရှေ့မှ အနောက်သို့ ၄၇၀ မီတာ ရှိသည်။ စုစုပေါင်းကြမ်းခင်းဧရိယာသည် ၂၃၈,၀၀၀ စတုရန်းကီလိုမီတာရှိသည်။ ဗိသုကာပိုင်းဆိုင်ရာအနေဖြင့် ဤဘူတာတွင် ၂၀ ရာစု၏ လက်ရာများကို မြင်တွေ့နိုင်သည်။ ဗိသုကာပညာရှင်တစ်ဦးဖြစ်သည့် ဟိရိုရှိဟရသည် ဒီဇိုင်းရေးဆွဲခဲ့သည်။

ကျိုတိုသည် ယဉ်ကျေးမှုဆိုင်ရာအဆောက်အဦများ ပေါများသည့်အတွက် ဂျပန်နိုင်ငံရှိ ခေတ်မီမှုအနည်းဆုံးသောမြို့များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဤဘူတာကို ၁၉၉၀ နှစ်လယ်လက်ရာများအတိုင်း ဆောက်လုပ်ရန်အတွက်လည်း တုန့်ဆိုင်းမှုများရှိခဲ့သည်။

ခရီးသည်အချက်အလက်

[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်တွင် JR West ကို အသုံးပြုသူ နေ့စဉ် ခရီးသည်အရေအတွက် ၂၀၀,၄၂၆ ဦး (တက်ရောက်စီးနင်းသည့် ခရီးသည်များ) အထိ အသုံးပြုခဲ့ကြသည်။[] JR West လမ်းကြောင်း၏ ဘူတာများထဲတွင် အိုဆာကာဘူတာပြီးလျှင် ဒုတိယမြောက်အလုပ်အများဆုံးဘူတာလည်း ဖြစ်သည်။[]

စီမံခန့်ခွဲမှုအချက်အလက်များအရ နှစ်ပတ်လည်စီးနင်းကြသည့် ခရီးသည်အရေအတွက်[]
ခုနှစ်JR West
(Boarding)
JR Central
(Boarding)
Kintetsu
(Total)
မြေအောက်ရထား
(Total)
19082,255,334
200060,120,00012,101,00043,666,00038,422,000
200564,388,00011,286,00039,607,00038,582,000
201067,056,00011,580,00037,818,00038,605,000
201573,216,00013,566,00037,224,00044,459,000

ပတ်ဝန်းကျင်နေရာများ

[ပြင်ဆင်ရန်]

ဘတ်စကားဂိတ်များ

[ပြင်ဆင်ရန်]

မီဒီယာတွင် ပါဝင်မှုများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 第8章 都市施設 [Chapter 8: Urban facilities]京都市統計書 [Statistics of Kyoto City] (ဂျပန်ဘာသာစကားဖြင့်)။ City of Kyoto။
  2. Ishino၊ Tetsu; et al., eds. (၁၉၉၈)။ 停車場変遷大事典 国鉄・JR編 [Station Transition Directory – JNR/JR] (ဂျပန်ဘာသာစကားဖြင့်)။ II။ Tokyo: JTB Corporation။ p. 34။ ISBN 4-533-02980-9
  3. You must specify title = and url = when using {{cite web}}. (in ja)။ West Japan Railway Company (2017)။ 18 December 2017 တွင် ပြန်စစ်ပြီး။
  4. You must specify title = and url = when using {{cite web}}. (in ja)။ Kyoto City Assembly (25 October 2017)။ 18 December 2017 တွင် ပြန်စစ်ပြီး။