မာတိကာသို့ ခုန်သွားရန်

ကျိုတိုကွန်ပျူတာအကယ်ဒမီ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 34°59′6.1″N 135°45′9.2″E / 34.985028°N 135.752556°E / 34.985028; 135.752556

ကျိုတိုကွန်ပျူတာအကယ်ဒမီ
京都コンピュータ学院
အမျိုးအစားPrivate
တည်ထောင်1969
ဥက္ကဋ္ဌMme. Yasuko Hasegawa
တည်နေရာKyoto, Kyoto, Japan
နှီးနွယ်အဖွဲ့အစည်းများKyoto-fu Joho Sangyo Kyokai 京都府情報産業協会 [၁]
ဝဘ်ဆိုဒ်http://www.kcg.ac.jp/[၂]

ကျိုတိုကွန်ပျူတာအကယ်ဒမီ သည် ဂျပန်နိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိကကွန်ပျူတာပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၎င်းကို ၁၉၆၃ ခုနှစ်တွင် ယဆုခိုနှင့် ရှိဂဲအိုတို့က တည်ထောင်ခဲ့သည်။ KCG သည် KCG Group (KCG အုပ်စု) ၏ အဓိကပညာရေးဆိုင်ရာအဖွဲ့အစည်းလည်း ဖြစ်သည်။ KCG ၏ အဲခိ-မအဲကျောင်းဝန်းသည် အဓိကကျောင်းဝန်းဖြစ်ပြီး ကျိုတိုဘူတာ၏ အနီးအနားအချက်အချာနေရာတွင် တည်ရှိသည်။ KCG တွင် ကွန်ပျူတာဂရပ်ဖစ်အနုပညာဆိုင်ရာသင်ကြားပေးသည့် ခမိုဂဝကျောင်းဝန်းနှင့် ကွန်ပျူတာသတင်းအချက်အလက်ဆိုင်ရာသင်ကြားပေးသည့် ရခုဟိုခုကျောင်းဝန်းတို့လည်း ရှိသည်။ KCG group တွင် ကျိုတိုသတင်းအချက်အလက်သင်ကြားရေးကောလိပ် (KCGI), ကျိုတိုဂျပန်ဘာသာစကားသင်ကြားရေးစင်တာ (KJLTC), KCG Career, Inc. နှင့် KCG Co., Ltd တို့ ပါဝင်သည်။ ရာစုဝက်ကျော်နီးနီးကာလအတွင်း KCG ကို တက်ရောက်ခဲ့သည့် ကျောင်းသားဟောင်းအရေအတွက်သည် ၃၇၀၀၀ အထိ တိုးတက်များပြားလာခဲ့သည်။ ထိုကျောင်းသားဟောင်းများသည်လည်း ယခုအခါတွင် ဂျပန်နိုင်ငံ၏ သတင်းအချက်အလက်နည်းပညာနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေကြသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Alumni Organization of Kyoto Computer Gakuin။ 2007-08-15 တွင် ပြန်စစ်ပြီး။