ကျင်းယုံ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
The Honourable
Dr. Louis Cha
查良鏞博士
GBM, OBE
Jin Yong, July 2007.jpg
မွေးဖွား (1924-02-06) ၆ ဖေဖော်ဝါရီ၊ ၁၉၂၄ (အသက် ၉၄)
ဟိုင်ညင်းမြို့၊ ကျို့ကျောင်းပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
အလုပ်အကိုင် ဝတ္ထုစာရေးဆရာ၊ စာတမ်းရှင်
စာပေအမျိုးအစား တရုတ်သိုင်း
သားသမီး ၄ (၃ ဦး သက်ရှိထင်ရှား)
ဝက်ဘ်ဆိုဒ်
jinyong.com

ကျင်းယုံ(အင်္ဂလိပ်: Jin Yong, တရုတ်ဘာသာဖြင့်-查良鏞博士) သည် တရုတ်စာရေးဆရာ တစ်ဦးဖြစ်ပြီး အမည်ရင်းမှာ လူးဝစ်စ်ချာ ဖြစ်သည်။ GMB နှင့် OBE စသည့် ဘွဲ့အမည်များကို ရရှိခဲ့သူဖြစ်ပြီး ၁၉၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် မွေးဖွားသည်။ ၁၉၅၉ ခုနှစ်တွင် စတင်သော ဟောင်ကောင်နေ့စဉ် သတင်းစာ မင်ပေါင်း ကို တည်ထောင်သူများတွင် တစ်ဦး အပါအဝင်ဖြစ်ကာ သတင်းစာ၏ ပထမဆုံး အယ်ဒီတာချုပ်ဖြစ်သည်။

ကျင်းယုံရေးသားသော ဝူရှား အမျိုးအစား တရုတ်သိုင်းဝတ္ထုများကို တရုတ်စကားပြော ဒေသများဖြစ်သော တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အရှေ့တောင် အာရှ နှင့် အမေရိကန်ပြည်ထောင်စု တို့တွင် ဖတ်ရှုသူ အများအပြား ရှိသည်။ ၁၉၅၅ မှ ၁၉၇၂ ခုနှစ် အတွင်း ရေးသားသော ဝတ္ထုများကြောင့် သူ့အား အကောင်းဆုံး တရုတ်သိုင်းဝတ္ထုရေး စာရေးဆရာ တစ်ယောက် အဖြစ် နာမည်ကျော်ကြားခဲ့သည်။ သူ့၏စာအုပ်များကို အင်္ဂလိပ်၊ ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ မလေးရှားနှင့် အင်ဒိုနီးရှား စသည့်ဘာသာစကားများဖြင့် အမြောက်အများ ပြန်ဆိုခဲ့ကြသည်။ သူသည် ယခုလက်ရှိတွင် သက်ရှိထင်ရှား ရှိနေသော တရုတ်စာရေးဆရာများတွင် အရောင်းရဆုံး စာရေးဆရာ တစ်ဦးဖြစ်ပြီး စာအုပ်ပေါင်း သန်း ၁၀၀ ကျော်ကို ရောင်းချပြီး ဖြစ်သည်။

ကျင်းယုံ၏ ထင်ရှားသော ဝတ္ထုများတွင် သူရဲကောင်းတို့၏ ဒဏ္ဍာရီ ( မိုးကျော်သူ မြန်မာပြန် သိုင်းလောကမှ သူရဲကောင်းများ)၊ တိမ်လွှာဓား နှင့်နဂါးနိုင်ဓား (တက္ကသိုလ် နေလင်းအောင် မြန်မာပြန် နဂါးနိုင်ဓား) နှင့် သိုင်းလောက အညှိုးခံ မိုးပျံမြေခွေး တို့ ပါဝင်သည်။