ကော်ရယ် စပရင်း

ဝီကီပီးဒီးယား မှ
မြို့တော်ခန်းမ

ကော်ရယ် စပရင်း (အင်္ဂလိပ်: Coral Springs | မြန်မာ: သန္တာစမ်း) သည် အမေရိကန်နိုင်ငံဖလော်ရီဒါ ပြည်နယ်၊ ဘရိုဝါ့ အပိုင်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ဖော့ လောဒါဒေး (Fort Lauderdale) မှ မိုင် ၂၀ ခန့် အကွာတွင် ရှိသည်။ ၂၀၁၀ ခု၊ သန်းခေါင်စာရင်းအရ လူဦးရေ ၁၂၁,၀၉၆ ယောက် ရှိသည်။ မိုင်ယာမီမြို့ပြဧရိယာ၏ အဓိကမြို့ တစ်ခုဖြစ်သည်။

၁၉၆၃ ခု၊ ဇူလိုင်လ ၁၀ ရက်တွင် ကော်ရယ်ရစ် မြေယာလုပ်ငန်း (Coral Ridge Properties) က အုတ်မြစ်ချ မြို့သစ်တည်သည်။ ၁၉၆၆ ခုတွင် ဝက်စတင်းဟောက် (Westinghouse) ကုမ္ပဏီက လက်လွှဲယူလိုက်သည်။ မြို့အမည်ကို ကုမ္ပဏီက ရွေးခဲ့ခြင်းဖြစ်ပြီး မကြာမကြာပင် တည်လိုက်ပျက်လိုက် ဖြစ်ရသည်။ အမည်တွင် စမ်း ပါသည်ကလွဲ၍ သဘာဝစမ်းဟူ၍ မရှိပေ။

၁၉၇၀ မှသည် ၁၉၉၀ အတွင်း လူဦးရေ တစစ တိုးလာရာ ဆယ်စုနှစ်တစ်စုလျှင် လူ ၃၅,၀၀၀ ခန့် တိုးခဲ့သည်။ မြို့၏ အဆင့်အတန်းကို ထိန်းသိမ်းရန် စံတင်လောက်သော စည်းကမ်းချက်များ ရှိပြီး နွေးထွေးသော ပတ်ဝန်းကျင်နှင့် နည်းပါးသော ပြစ်မှုနှုန်းတို့က သဘောတွေ့စရာ ဖြစ်သည်။