ကောလင်း ပေါင်ဝဲလ်
ကောလင်း ပေါင်ဝဲလ် | |
|---|---|
၂၀၀၁ ခုနှစ် တရားဝင် ဓာတ်ပုံ | |
| အမေရိကန်ပြည်ထောင်စု ၆၅ဦးမြောက် နိုင်ငံခြားရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၂၀ ဇန်နဝါရီ ၂၀၀၁ – ၂၆ ဇန်နဝါရီ ၂၀၀၅ | |
| သမ္မတ | ဂျော့ချ် ဘူရှ် |
| ယခင်လူ | မက်ဒလင်း အော်ဘရိုက် |
| ဆက်ခံသူ | ခွန်ဒါလီဇာရိုက်စ် |
| ၁၂ဦးမြောက် ပူးပေါင်းစစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၁ အောက်တိုဘာ ၁၉၈၉ – ၃၀ စက်တင်ဘာ ၁၉၉၃ | |
| သမ္မတ | |
| ယခင်လူ | ဝီလီယမ် ဂျေ ခရိုး |
| ဆက်ခံသူ | ဂျွန် ရှာလီကာရှဗလီ |
| အမေရိကန်ပြည်ထောင်စု၏ ၁၆ဦးမြောက် နိုင်ငံတော်လုံခြုံရေး အကြံပေး | |
| တာဝန်သက်တမ်း ၂၃ နိုဝင်ဘာ ၁၉၈၇ – ဇန်နဝါရီ ၁၉၈၉ | |
| သမ္မတ | ရော်နယ် ရေဂင် |
| ယခင်လူ | ဖရန့် ကာလူချီ |
| ဆက်ခံသူ | ဘရင့်တ် စကိုက်ကရော့ဖ် |
| အမေရိကန်ပြည်ထောင်စု၏ ဒုတိယအမျိုးသားလုံခြုံရေးအကြံပေး | |
| တာဝန်သက်တမ်း ဒီဇင်ဘာ ၁၉၈၆ – ၂၃ နိုဝင်ဘာ ၁၉၈၇ | |
| သမ္မတ | ရော်နယ် ရေဂင် |
| ယခင်လူ | ပီတာ ရော့ဒ်မန် |
| ဆက်ခံသူ | ဂျွန် နီဂရိုပိုန်တေ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ကောလင်း လူသာ ပေါင်ဝဲလ် ဧပြီ ၅၊ ၁၉၃၇ နယူးယောက်မြို့ အမေရိကန်ပြည်ထောင်စု |
| ကွယ်လွန် | အောက်တိုဘာ ၁၈၊ ၂၀၂၁ (အသက် ၈၄) ဘက်ဆီဒါမြို့၊ မေရီးလန်ပြည်နယ် အမေရိကန်ပြည်ထောင်စု |
| နိုင်ငံရေးပါတီ | ရီပတ်ဘလီကန်ပါတီ (၁၉၉၅–၂၀၂၁) |
| ကြင်ဖော် | အယ်လ်မား ပေါင်ဝဲလ် |
| သားသမီး | ၃ ဦး |
| ပညာရေး |
|
| လက်မှတ် | |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | အမေရိကန်ပြည်ထောင်စု ကြည်းတပ်မတော် |
| အမှုထမ်းကာလ | ၁၉၅၈–၁၉၉၃ |
| ရာထူး | ဗိုလ်ချုပ်ကြီး |
| တိုက်ပွဲ/စစ်ပွဲများ |
|
ကောလင်း ပေါင်ဝဲလ် (အင်္ဂလိပ်: Colin Powell; ၅ ဧပြီ ၁၉၃၇- ၁၈ အောက်တိုဘာ ၂၀၂၁)သည် အမေရိကန် ထိပ်တန်း စစ်တပ်အရာရှိကြီးအဖြစ်မှ ရီပတ်ဘလီကန်ပါတီဝင်အဖြစ်ဖြင့် နိုင်ငံရေးလောကထဲ ဝင်ရောက်လာသူဖြစ်သည်။[၁] သမ္မတ ဂျော့ဂျ် ဘွတ်ရှ် လက်ထက် ၂၀၀၁ ခုနှစ်တွင် ပထမဆုံး အမေရိကန်- အာဖရိကန်နွယ်ဖွား အမျိုးသား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။၁၉၈၇ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ၁၅ ဦးမြောက် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ပူးတွဲစစ်ဦးစီးချုပ်များ၏ ၁၂ ဦးမြောက် ဥက္ကဋ္ဌလည်း ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ကောလင်း လူသာ ပေါင်ဝဲလ် သည် ၁၉၃၇ ခုနှစ် ဧပြီ ၅ ရက်နေ့တွင် နယူးယောက်မြို့တော်၊အထက် မန်ဟတ်တန်ရှိ ဟာလမ်၌ မွေးဖွားခဲ့သည်။မိဘများမှာ ဂျမေကာနိုင်ငံ မှ အမေရိကန်နိုင်ငံ သို့ ရွှေ့ပြောင်းဝင်ရောက်လာသူများ ဖြစ်ကြသည်။မိဘနှစ်ဦးစလုံးသည် အာဖရိက၊ အိုင်ယာလန်နှင့် စကော့တလန် လူမျိုးရောနှောမှု ပါသော မိသားစုဖြစ်သည်။
ဖခင် လူသာ သည် သယ်ယူပို့ဆောင်ရေး အရာရှိ အဖြစ် အလုပ်လုပ်ခဲ့ပြီး၊ မိခင် မော့ဒ် သည် အထည်ချုပ်အလုပ်သမ အဖြစ် အလုပ်လုပ်ခဲ့သည်။ပေါင်ဝဲလ်သည် ၁၉၅၄ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ပေါင်ဝဲလ်သည် ၁၉၅၈ ခုနှစ် တွင် အမေရိကန် စစ်တပ် သို့ စတင်ဝင်ရောက်အမှုထမ်းသည်။ဗီယက်နမ်စစ်ပွဲ တွင် ဒဏ်ရာရခဲ့သည့် စစ်မှုထမ်းတစ်ဦး ဖြစ်သည်။စစ်တပ်ထဲ နှစ်၃၀ကျော်ကြာ ရာထူးအဆင့်ဆင့်ဖြင့် ဖြတ်သန်းပြီးနောက် ၁၉၈၉ ခုနှစ် တွင် အမေရိကန်စစ်တပ်တွင် အမြင့်ဆုံးစစ်ရာထူးဖြစ်သည့် ပူးပေါင်းစစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ထိုမတိုင်မီ ၁၉၈၇ ခုနှစ် တွင် သူသည် အမေရိကန်ပြည်ထောင်စု၏ ၁၆ဦးမြောက် နိုင်ငံတော်လုံခြုံရေး အကြံပေး အဖြစ် ခန့်အပ်ခံခဲ့ရသည်။၂ နှစ်နီးပါးအကြာ ထိုတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ပူးပေါင်းစစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ပူးပေါင်းစစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဋ္ဌ တာဝန်တွင် ၁၉၈၉ခုနှစ်မှ ၁၉၉၃ ခုနှစ် အထိ ထမ်းဆောင်ခဲ့ပြီး၊ သမ္မတ ဂျော့ချ် ဘူရှ် နှင့် ဘီလ် ကလင်တန် တို့၏ သမ္မတ နှစ်ဆက်အထိ ဖြစ်သည်။
ပင်လယ်ကွေ့စစ်ပွဲသည် ၎င်းပူးပေါင်းစစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ချိန် အောင်မြင်ပြီး ထင်ရှားခဲ့သည့် စစ်ပွဲဖြစ်ခဲ့သည်။
၎င်း၏ စစ်မှုထမ်းကာလမှာ အောက်ပါအတိုင်းဖြစ်သည်။
နိုင်ငံရေးဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]၁၉၉၃ခုနှစ် တွင် စစ်ဘက်အရာရှိကြီးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။ထို့နောက် ၁၉၉၅ခုနှစ် တွင် ရီပတ်ဘလီကန်ပါတီဝင်အဖြစ်ဖြင့် နိုင်ငံရေးသမား ဖြစ်လာသည်။ ပါဝဲလ်သည် စစ်တပ် နှင့် နိုင်ငံရေးလောကတို့တွင် လူမျိုးရေးဆိုင်ရာ အတားအဆီးများကို ကျော်လွှားနိုင်ခဲ့သူဖြစ်သည်။
သမ္မတ ဂျော့ဂျ် ဘွတ်ရှ် လက်ထက် ၂၀၀၁ ခုနှစ်တွင် သူသည် ပထမဆုံး အမေရိကန်- အာဖရိကန်နွယ်ဖွား အမျိုးသား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခံရသည်။
ကောလင်း လူသာ ပေါင်ဝဲလ် သည် ပထမဆုံး အမေရိကန်-အာဖရိကန်နွယ်ဖွား အမျိုးသားအနေဖြင့် သမ္မတဂျော့ဂျ် ဘွတ်ရှ် ၏ အစိုးရတွင် အရေးပါသော နေရာတစ်ခု ရရှိခဲ့ပြီး၊ ၂၀၀၃ ခုနှစ် အမေရိကန်–အီရတ် စစ်ပွဲ ၌ အဓိကအရေးပါသူများစာရင်းထဲ ပါဝင်ခဲ့သည်။
အမေရိကန်–အီရတ် စစ်ပွဲ (၂၀၀၃) (2003 invasion of Iraq) သည် သမ္မတ ဂျော့ဂျ် ဘွတ်ရှ် အစိုးရ အောက်တွင် စစ်တပ် ဖြင့် ကျူးကျော်ခဲ့သော စစ်ပွဲဖြစ်သည်။ထိုစစ်ပွဲတွင် သမ္မတ ဆာဒမ် ဟူစိန်အစိုးရ ပြုတ်ကျသွားပြီး၊ဆာဒမ် ဟူစိန် လည်း နောက်ဆုံး၌ အီရတ်တရားရေးဌာန၏ သေဒဏ်စီရင်ခြင်းကို ခံခဲ့ရသည်။
၂၀၀၈ ခုနှစ်တွင် အလယ်အလတ် သဘောထားရှိသူ ရီပတ်ဘလီကန်ပါတီဝင် တစ်ဦးဖြစ်သည့် ပေါင်ဝဲလ်သည် မိခင်ပါတီမှ ခွဲထွက်ပြီး ဘာရက်ခ် အိုဘားမားကို ထောက်ခံအားပေးသူ အဖြစ် ပြောင်းလဲခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ကောလင်း ပေါင်ဝဲလ် သည် ကိုဗစ်ရောဂါဆိုင်ရာ ပြဿနာများဖြင့် ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ်အရွယ် ရှိခဲ့သည်။[၂]
သမ္မတ ဂျိုးဘိုင်ဒင် သည် ကောလင်း ပေါင်ဝဲလ်ကို တိုင်းပြည်အကျိုးကို အမြဲတမ်းရှေ့တန်းတင်သူဖြစ်သည်ဟု ချီးကျူးဂုဏ်ပြုခဲ့သည်။[၃]
“ပါဝဲလ်ဟာ စစ်ပွဲတွေကို အောင်နိုင်ခဲ့သူ ဖြစ်တာကြောင့် တိုင်းပြည်ငြိမ်းချမ်းသာယာမှုနဲ့ ကြွယ်ဝချမ်းသာမှုကို ထိန်းသိမ်းနိုင်ဖို့ စစ်အင်အားတစ်ခုတည်းနဲ့ မလုံလောက်နိုင်ဘူးဆိုတဲ့ အချက်ကို တခြားသူတွေထက်ပိုပြီး နားလည်သိရှိသူ ဖြစ်ပါတယ်။ သူကသမ္မတ အဆက်ဆက်ကို အကြံဉာဏ်တွေပေးခဲ့ပြီး ကျွန်တော်တို့နိုင်ငံရဲ့ မူဝါဒတွေကို ပုံဖော်ပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့တိုင်းပြည်ကို အင်အားတောင့်တင်း ခိုင်မာစေမယ့် ဒီမိုကရေစီ စံတန်ဖိုးတွေအတွက် မားမားမတ်မတ် ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်တယ်”
ကိုးကား
[ပြင်ဆင်ရန်]- ↑ Macias၊ Amanda (October 19, 2021)။ Colin Powell, trailblazing soldier and statesman who made case for Iraq invasion, dies of Covid at 84။ CNBC။ October 29, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 29, 2021 တွင် ပြန်စစ်ပြီး။
- ↑ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်း ပါဝဲလ် ကိုဗစ်နဲ့ ကွယ်လွန်။ BBC (၁၈ အောက်တိုဘာ ၂၀၂၁)။ ၁၉ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ အမေရိကန်၏ ပထမဆုံးလူမည်း နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ကောလင်းပါဝဲလ် အသက် ၈၄ နှစ် အရွယ်တွင် ကွယ်လွန်။ Eleven Media Group (၁၉ အောက်တိုဘာ ၂၀၂၁)။ ၁၉ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။