ကောင်းမှုပင်

ဝီကီပီးဒီးယား မှ
(ကောင်းမှု မှ ပြန်ညွှန်းထားသည်)

ကောင်းမှုပင်
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
A. scaphula
ဒွိနာမ
Anisoptera scaphula
(Roxb.) Pierre

ကောင်းမှုပင် (Anisoptera scaphula) သည် သစ်ပင်ကြီးမျိုးဖြစ်၍ ဘင်္ဂလားဒေ့ရှ်မလေးရှားမြန်မာထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် တွေ့ရှိရသည်။[၁] မြန်မာနိုင်ငံတွင် ရခိုင်တိုင်းတောင်ပိုင်း၊ ပဲခူးရိုးမနှင့် တနင်္သာရီတိုင်းရှိ အမြဲစိမ်း တောများ၌ ပေါက်သည်။ အမြင့်ပေ ၁၅ဝ ခန့်နှင့် လုံးပတ် ၁ဝ ပေမှ ၁၅ ပေခန့်အထိ ရှိတတ်သည်။ ပဲခူးရိုးမကဲ့သို့သော အချို့အရပ်ဒေသများ၌ သင်္ကတူ (သင်္ကန်းတူ)ပင်ကို ကောင်းမှုပင်ဟူ၍ မှားယွင်းခေါ်လေ့ရှိကြသည်။ ထားဝယ်နယ်တွင် ကဘန်ကောင်းမှုပင်ဟုခေါ်သော ကောင်းမှုပင်တစ်မျိုး ရှိသေးသည်။

ကောင်းမှုသားသည် ပေါ့၍ခိုင်ခံ့သော်လည်း တာရှည်မခံချေ။ သို့ဖြစ်၍ လက်ဖက်ခြောက်ကဲ့သို့ စားသုံးစရာပစ္စည်းများ ထည့်ရန် ပေါ့ပါးသော သေတ္တာများနှင့် ရိုးရိုးအိမ်အသုံးအဆောင်များ လုပ်ရန်လောက်သာ သင့်လျော်သည်။ သို့သော် မြန်မာနိုင်ငံ၌ လှေစပ်ရန်အတွက်လည်း ကောင်းမှုသားကို အသုံးများခဲ့ပေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Anisoptera scaphulaIUCN Red List of Threatened Species. Version 2013.2နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (1998)။ 8 February 2014 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)