ကီလိုနိုဗာ
ပုံပန်းသွင်ပြင်
ကီလိုနိုဗာ (မက်ခရို နိုဗာ) သည် နယူထရွန်ကြယ် ၂ စင်း သို့မဟုတ် နယူထရွန်ကြယ်တစ်စင်းနှင့် တွင်းနက်တစ်ခုတို့ ပေါင်းစပ်မိသော ဒွိကြယ်စနစ်တစ်ခုတွင် ဖြစ်ပွားလေ့ရှိသည်။ ကီလိုနိုဗာများသည် ရေဒီယိုသတ္တိကြွပြိုကွဲမှုကြောင့် လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းနှင့် တိုတောင်းသောဂါမာရောင်ခြည်တန်းများကို ထုတ်လွှတ်သည်ဟု တွေးထားကြသည်။[၁]
ကီလိုနိုဗာဆိုသည့်အခေါ်ကို Metzger ဆိုသူက ၂၀၁၀ ခုနှစ်တွင် မိတ်ဆက်ခဲ့သည်။ ကီလိုနိုဗာများ ဖြစ်ပေါ်သောအခါ ယေဘုယျ နိုဗာများထက် အဆပေါင်း ၁၀၀၀ အထိ တောက်ပကြသည်။ သို့သော် ယင်းတို့သည် ဆူပါနိုဗာများ၏ တောက်ပမှု ၁၀ ပုံ ၁ ပုံမှ ၁၀၀ ပုံ ၁ ပုံအထိသာ ရှိကြသည်။[၂] ပထမဆုံး ကီလိုနိုဗာကို တိုတောင်းသော ဂါမာရောင်ခြည်ထုတ်လွှတ်မှု SGRB 130603B ဖြစ်စဉ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဟာဘယ် အာကာသ တယ်လီစကုပ်က ယင်းဖြစ်စဉ်အား လေ့လာစောင့်ကြည့်ခဲ့သည်။[၁]
ဆက်စပ်ကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ "A 'kilonova' associated with the short-duration γ-ray burst GRB 130603B" (2013). Nature 500 (7464): 547–549. doi: . PMID 23912055. Bibcode: 2013Natur.500..547T.
- ↑ Hubble captures infrared glow of a kilonova blast။ spacetelescope.org (5 August 2013)။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 February 2018 တွင် ပြန်စစ်ပြီး။
ဤ နက္ခတ္တဗေဒနှင့်ဆက်နွယ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |