ကိုယ်ဝန်ဖျက်ချခြင်း

ဝီကီပီးဒီးယား မှ

ကိုယ်ဝန်ဖျက်ခြင်းဆိုသည်မှာ သားလောင်း သို့မဟုတ် သန္ဓေသားအား သားအိမ်ပြင်ပ၌ မရှင်သန်မီ ဖယ်ရှားပစ်ခြင်း ဖြစ်သည်။ ပရောဂမပါသော ကိုယ်ဝန်ပျက်ကြခြင်းကို သားပျက်သားလျောခြင်းဟု အသိများသည်။ တမင်ရည်ရွယ် ဖျက်ချခြင်းကို ဆေးပေးဖျက်ချခြင်း သို့တည်းမဟုတ် တမင်ပျက်ကျစေခြင်း ဟု သုံးစွဲသည်။ ကိုယ်ဝန်ဖျက်ချခြင်း စကားလုံးသက်သက်ကို ကိုယ်ဝန်ပျက်စေခြင်းအတွက် ရည်ညွှန်းသုံးစွဲသည်။[၁][၂] သန္ဓေသားက သားအိမ်ပြင်ပ၌ ရှင်သန်နိုင်သည့် အလားအလာရှိပြီးမှ ဖျက်ချသည့် အလားတူလုပ်ရပ်ကို ကိုယ်ဝန်နောက်ဆုံးပတ်မှ ဖျက်ချခြင်း သို့မဟုတ် "ကိုယ်ဝန်ရင့်မှ ဖျက်ချခြင်း" ဟု ခေါ်ဆိုသည်။[၃]

သင့်လျော်မှန်ကန်စွာဆောင်ရွက်ပါက ကိုယ်ဝန်ဖျက်ချခြင်းသည် ဆေးပညာ၏ အန္တရာယ်အကင်းဆုံး လုပ်ငန်းစဉ်များ အနက် တစ်ခုဖြစ်သော်လည်း[၄][၅] အန္တရာယ်မကင်းသော ကိုယ်ဝန်ဖျက်ချခြင်းသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲ ကမ္ဘာရှိ မိခင်သေဆုံးမှု၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်စေသည်။[၆] အန္တရာယ်ကင်းသည့် ကိုယ်ဝန်ဖျက်ချခြင်းကို တရားဥပဒေနှင့် ညီစေပြီး လက်လှမ်းမီစေပါက မိခင်သေဆုံးမှုကို လျော့ကျစေမည်။[၇][၈] အမေရိကန်ပြည်ထောင်စု၌ အသက်အန္တရာယ် အလားအလာ ၁၄ ဆ ပိုမြင့်သော မီးဖွားခြင်းထက် အန္တရာယ်ကင်းသည်။[၉] ခေတ်ပေါ်နည်းလမ်းများက ဆေးပေးခြင်း သို့မဟုတ် ခွဲစိတ်ခြင်းဖြင့် ကိုယ်ဝန်ဖျက်ပေးသည်။[၁၀] ကိုယ်ဝန် ပထမ နှင့် ဒုတိယပတ်အတွက် မစ်ဖ်ပရစ်စတုန်း နှင့် ပရိုစတက်ဂလန်ဒင်း ဆေးအတွဲသည် ခွဲစိတ်မှုကဲ့သို့ ထိရောက်ပြီး အန္တရာယ်ကင်းသည်။[၁၀][၁၁] အသုံးများသော ခွဲစိတ်မှုနည်းပညာတွင် သားအိမ်အဝချဲ့ပြီး စုပ်ထုတ်စက်ကို အသုံးပြုသည်။[၁၂] တားဆေး သို့မဟုတ် သားအိမ်တွင်းထည့် ပစ္စည်းကဲ့သို့ ကိုယ်ဝန်တားနည်းများကို ဖျက်ချပြီးသည်နှင့် ချက်ချင်းအသုံးပြုနိုင်သည်။[၁၁] ဆန္ဒရှိသော အမျိုးသမီးများ အတွက် တရားဝင် အန္တရာယ်ကင်းသော ဆေးပေးဖျက်ချပါက ကာလကြာရှည် စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ဘေးဖြစ်စေမှု မတိုးစေပါ။[၁၃] ဆန့်ကျင်ဘက်အားဖြင့် အန္တရာယ်မကင်းသော ကိုယ်ဝန်ဖျက်ချခြင်း (မတတ်ကျွမ်းသူများ ၊ ဘေးဖြစ်စေမည့် အသုံးအဆောင်များ သို့မဟုတ် မသန့်ရှင်းသော နေရာများ) ကြောင့် နှစ်စဉ်သေဆုံးမှု ၄၇၀၀၀ နှင့် ဆေးရုံတက် ကုသရမှုပေါင်း ၅ သန်း ခန့်ရှိသည်။[၁၃][၁၄] အန္တရာယ်ကင်းပြီး တရားဥပဒေနှင့်ညီသည့် ကိုယ်ဝန်ဖျက်ချခြင်းကို အမျိုးသမီးတိုင်း လက်လှမ်းမီစေရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားသည်။[၁၅]

ကမ္ဘာတဝှမ်း၌ တစ်နှစ်လျှင် ကိုယ်ဝန်ဖျက်ချမှု ၅၆ သန်းခန့်ရှိပြီး[၁၆] ၄၅ ရာခိုင်နှုန်းမှာ အန္တရာယ်မကင်းပေ။[၁၇] ၂၀၀၃  နှင့် ၂၀၀၈ ခုနှစ်အကြား ကိုယ်ဝန်ဖျက်ချမှုနှုန်း အပြောင်းအလဲ မဖြစ်စလောက်သာရှိသော်လည်း[၁၈] ယင်းမတိုင်ခင် ဆယ်စုနှစ် ၂ ခုအတွင်းက မိသားစုစီမံကိန်း နှင့် သားဆက်ခြားနည်း လက်လှမ်းမီမှု မြင့်တက်ခြင်းကြောင့် လျော့ကျခဲ့သည်။[၁၉] ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့အမျိုးသမီးဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် အကြောင်းပြချက်ပေးရခြင်းကဲ့သို့ ကန့်သတ်ချက်များမရှိဘဲ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရသည်။[၂၀] ကိုယ်ဝန်ဖျက်ချခွင့်ပြုသော နိုင်ငံများတွင် ကိုယ်ဝန်သက်မည်မျှထိ ဖျက်ချခွင့်မှာ ကွဲပြားသည်။[၂၀]

သမိုင်းတလျောက် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယဆေးပင်များ၊ ချွန်ထက်သောကိရိယာများ၊ အားသုံးနှိပ်နယ်ခြင်း နှင့် အခြားရိုးရာနည်းများဖြင့် ဆောင်ရွက်ခဲ့ကြသည်။[၂၁] ကိုယ်ဝန်ဖျက်ခွင့်ဥပဒေများ နှင့် ကိုယ်ဝန်ဖျက်ခြင်းအပေါ် ရိုးရာ သို့မဟုတ် ဘာသာရေးအမြင်များမှာ ကမ္ဘာ့နေရာအနှံ့အပြားတွင် ကွဲပြားသည်။ အချို့နေရာများတွင် အဓမ္မပြုကျင့် ခံရခြင်း၊ သန္ဓေသားပြဿနာ၊ ဆင်းရဲမွဲတေမှု၊ အမျိုးသမီးကျန်းမာရေးအန္တရာယ် သို့မဟုတ်  သွေးသားရင်း လိင်ဆက်ဆံခြင်း ကဲ့သို့သော ကိစ္စရပ်များတွင်သာ ကိုယ်ဝန်ဖျက်ချခြင်းမှာ ဥပဒေနှင့် လွတ်ကင်းသည်။[၂၂] ကိုယ်ဝန်ဖျက်ချခြင်းနှင့်စပ်လျဉ်း၍ စိတ်ဓာတ်၊ ကိုယ်ကျင့်တရား နှင့် ဥပဒေဆိုင်ရာ ပြဿနာများအပေါ် ဆွေးနွေးငြင်းခုံမှုများ ရှိသည်။[၂၃][၂၄] ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်သူများက သန္ဓေသားလောင်းသည် အသက်ရှင်သန်ပိုင်ခွင့် ရှိသော လူသားဖြစ်သည်ဟု ငြင်းခုံပြီး ကိုယ်ဝန်ဖျက်ချခြင်းကို လူသတ်ခြင်းနှင့် နှိုင်းယှဉ်ပြောဆိုသည်။[၂၅][၂၆] ထောက်ခံသူများ က ကိုယ်ပိုင်ခန္ဓာနှင့်ပတ်သက်၍ အမျိုးသမီးများ၏ ဆုံးဖြတ်ပိုင်ခွင့် တစိတ်တပိုင်းအဖြစ် ရှုမြင်သည်။[၂၇] တရားဥပဒေနှင့် ညီပြီး လက်လှမ်းမီနိုင်သော ကိုယ်ဝန်ဖျက်ချခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖြစ် အခြားသူများက လိုလားသည်။[၂၈]


ကိုးကား[ပြင်ဆင်ရန်]

  1. Home : Oxford English Dictionary
  2. Abortion (noun)။ Oxford Living Dictionaries။ 28 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 June 2018 တွင် ပြန်စစ်ပြီး။ “[mass noun] The deliberate termination of a human pregnancy, most often performed during the first 28 weeks of pregnancy”
  3. "Abortion jabberwocky: the need for better terminology" (2010). Contraception 81 (2): 93–96. doi:10.1016/j.contraception.2009.09.005. PMID 20103443. 
  4. "Unsafe abortion: The preventable pandemic" (2006). The Lancet 368 (9550): 1908–19. doi:10.1016/S0140-6736(06)69481-6. PMID 17126724. 
  5. "Mortality of induced abortion, other outpatient surgical procedures and common activities in the United States" (November 2014). Contraception 90 (5): 476–79. doi:10.1016/j.contraception.2014.07.012. PMID 25152259. 
  6. Preventing unsafe abortion။ 2019-08-06 တွင် ပြန်စစ်ပြီး။
  7. Faúndes, Anibal (2015-10-01). "Evidence supporting broader access to safe legal abortion". International Journal of Gynecology & Obstetrics 131: S56–S59. doi:10.1016/j.ijgo.2015.03.018. ISSN 0020-7292. 
  8. Latt, Su Mon (2019-01-05). "Abortion laws reform may reduce maternal mortality: an ecological study in 162 countries". BMC Women's Health 19 (1): 1. doi:10.1186/s12905-018-0705-y. ISSN 1472-6874. PMID 30611257. PMC:6321671. 
  9. "The Comparative Safety of Legal Induced Abortion and Childbirth in the United States" (2012). Obstetrics & Gynecology 119 (2, Part 1): 215–19. doi:10.1097/AOG.0b013e31823fe923. PMID 22270271. 
  10. ၁၀.၀ ၁၀.၁ "Medical methods for first trimester abortion" (9 November 2011). The Cochrane Database of Systematic Reviews (11): CD002855. doi:10.1002/14651858.CD002855.pub4. PMID 22071804. 
  11. ၁၁.၀ ၁၁.၁ "A review of evidence for safe abortion care" (September 2013). Contraception 88 (3): 350–63. doi:10.1016/j.contraception.2012.10.027. PMID 23261233. 
  12. Abortion – Women's Health Issues။ 13 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 July 2018 တွင် ပြန်စစ်ပြီး။
  13. ၁၃.၀ ၁၃.၁ "Abortion" (2014). BMJ 348. doi:10.1136/bmj.f7553. 
  14. "Unsafe abortion: global and regional incidence, trends, consequences, and challenges" (December 2009). Journal of Obstetrics and Gynaecology Canada 31 (12): 1149–58. doi:10.1016/s1701-2163(16)34376-6. PMID 20085681.  Archived 16 July 2011 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 16 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2019 တွင် ပြန်စစ်ပြီး။
  15. World Health Organization (2012)။ Safe abortion: technical and policy guidance for health systems (PDF) (2nd ed.)။ Geneva: World Health Organization။ p. 8။ ISBN 978-92-4-154843-4။ 16 ဇန်နဝါရီ 2015 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ Unknown parameter |deadurl= ignored (|url-status= suggested) (အကူအညီ)
  16. "Abortion incidence between 1990 and 2014: global, regional, and subregional levels and trends" (May 2016). The Lancet 388 (10041): 258–67. doi:10.1016/S0140-6736(16)30380-4. PMID 27179755. 
  17. Worldwide, an estimated 25 million unsafe abortions occur each year (28 September 2017)။ 29 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2017 တွင် ပြန်စစ်ပြီး။
  18. "Induced abortion: Incidence and trends worldwide from 1995 to 2008" (2012). The Lancet 379 (9816): 625–32. doi:10.1016/S0140-6736(11)61786-8. PMID 22264435. “Because few of the abortion estimates were based on studies of random samples of women, and because we did not use a model-based approach to estimate abortion incidence, it was not possible to compute confidence intervals based on standard errors around the estimates. Drawing on the information available on the accuracy and precision of abortion estimates that were used to develop the subregional, regional, and worldwide rates, we computed intervals of certainty around these rates (webappendix). We computed wider intervals for unsafe abortion rates than for safe abortion rates. The basis for these intervals included published and unpublished assessments of abortion reporting in countries with liberal laws, recently published studies of national unsafe abortion, and high and low estimates of the numbers of unsafe abortion developed by WHO.” 
  19. "Legal abortion worldwide: incidence and recent trends" (September 2007). International Family Planning Perspectives 33 (3): 106–16. doi:10.1363/ifpp.33.106.07. PMID 17938093.  Archived 19 August 2009 at the Wayback Machine.
  20. ၂၀.၀ ၂၀.၁ "Critical gaps in universal access to reproductive health: Contraception and prevention of unsafe abortion" (July 2010). International Journal of Gynecology & Obstetrics 110: S13–16. doi:10.1016/j.ijgo.2010.04.003. PMID 20451196. 
  21. Paul၊ M; Lichtenberg၊ ES; Borgatta၊ L; Grimes၊ DA; Stubblefield၊ PG; Creinin၊ MD; Joffe၊ Carole (2009)။ "1. Abortion and medicine: A sociopolitical history" (PDF)Management of Unintended and Abnormal Pregnancy (1st ed.)။ Oxford: John Wiley & Sons။ ISBN 978-1-4443-1293-5OL 15895486W။ 19 January 2012 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ Unknown parameter |deadurl= ignored (|url-status= suggested) (အကူအညီ)
  22. "Developments in Laws on Induced Abortion: 1998–2007" (2008). International Family Planning Perspectives 34 (3): 110–20. doi:10.1363/ifpp.34.110.08. PMID 18957353. 
  23. Paola၊ Adolf; Walker၊ Robert; LaCivita၊ Lois (2010)။ Nixon၊ Frederick (ed.)။ Medical ethics and humanities။ Sudbury, MA: Jones and Bartlett Publishers။ p. 249။ ISBN 978-0-7637-6063-2OL 13764930W။ 6 စက်တင်ဘာ 2017 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ Unknown parameter |deadurl= ignored (|url-status= suggested) (အကူအညီ)
  24. Johnstone၊ Megan-Jane (2009)။ Bioethics a nursing perspective (5th ed.)။ Sydney, NSW: Churchill Livingstone/Elsevier။ p. 228။ ISBN 978-0-7295-7873-8။ 6 စက်တင်ဘာ 2017 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ Although abortion has been legal in many countries for several decades now, its moral permissibilities continues to be the subject of heated public debate. Unknown parameter |deadurl= ignored (|url-status= suggested) (အကူအညီ)
  25. Pastor Mark Driscoll။ "What do 55 million people have in common?"၊ Fox News၊ 18 October 2013။ 2 July 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 31 August 2014။ 
  26. Hansen၊ Dale။ "Abortion: Murder, or Medical Procedure?"၊ The Huffington Post၊ 18 March 2014။ 2 July 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 14 July 2014။ 
  27. Sifris၊ Ronli Noa (2013)။ Reproductive freedom, torture and international human rights: challenging the masculinisation of torture။ Hoboken, NJ: Taylor & Francis။ p. 3။ ISBN 978-1-135-11522-7OCLC 869373168။ 15 အောက်တိုဘာ 2015 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ Unknown parameter |deadurl= ignored (|url-status= suggested) (အကူအညီ)
  28. Swett၊ C. (2007)။ Unsafe abortion : global and regional estimates of the incidence of unsafe abortion and associated mortality in 2003 (5th ed.)။ World Health Organization။ ISBN 978-92-4-159612-1။ 7 April 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး24 March 2018 တွင် ပြန်စစ်ပြီး Unknown parameter |dead-url= ignored (|url-status= suggested) (အကူအညီ)