ကိုယ့်ကို ကိုယ်ဖော် မသူတော် ခုနှစ်ပါး

ဝီကီပီးဒီးယား မှ

ကိုယ့်ကို ကိုယ်ဖော် မသူတော် ခုနှစ်ပါး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

တောက်တဲ့ဇီးကွက်ရွှေပြည်စိုးယောက်ဖခွေးခေါ်ဥဩတစ်တီတူးဘုတ် ဟူသော တိရစ္ဆာန် ခုနှစ်ကောင်သည် မိမိအမည်ကို ထုတ်ဖော်သဖြင့် မသူတော်စာရင်းဝင်များ ဖြစ်ကြသကဲ့သို့ မိမိဂုဏ်ကို မိမိကိုယ်တိုင် ဖွင့်ဟကြွားဝါသူသည်လည်း မသူတော်စာရင်းဝင်ပင် ဖြစ်သည်။

ဆိုရိုးအဖြစ်အသုံးရှိကြောင်းဖော်ပြချက်[ပြင်ဆင်ရန်]

ကိုယ့်ကို ကိုယ်ဖော် မသူတော် ဆိုရိုးစကားလည်းရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ခုနှစ်ပါး ဆိုသလို ကိုယ့်ဂုဏ်ပုဒ်ကို ကိုယ်က ထုတ်ပြီး ဖော်ပြလို့ ကြွားဝါတယ်ဆိုတော့ ဘယ်မှာ သင့်မလဲ။" [၁၂၉၅] သူရိယ၊ ၄။ ၆၇။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၀